ကိုယ်ပိုင်အေဂျင်စီထောင်လိုက်တဲ့ မင်းသား Ahn Hyo Seop

Posted on

မေလ(၂)ရက်နေ့မှာရရှိတဲ့သတင်းတွေအရ မင်းသား Ahn Hyo Seop နဲ့ သူ့ရဲ့မန်နေဂျာ Kim Min Ji တို့ကတော့ The Present Company ဆိုတဲ့ ကိုယ်ပိုင်အေဂျင်စီကို တည်ထောင်လိုက်တာဖြစ်ပါတယ်။ Ahn Hyo Seop ကတော့ လက်ရှိအချိန်မှာ ပရိသတ်တွေကြားရေပန်းစားနေတဲ့မင်းသားတစ်လက်ဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲနာမည်ကျော်မင်းသားတစ်လက်ပါ။


သူတို့နှစ်ဦးတည်ထောင်ထားတဲ့ The Present Company ကတော့ ကျွန်ုပ်တို့ဘဝမှာလက်ဆောင်ရထားတဲ့အရာတစ်ခုလို လက်ရှိအချိန်ကိုရှင်သန်ဖို့ ဆိုတဲ့ အဓိပ္ပာယ်မျိုးရှိပါတယ်။ သူတို့ကတော့ လူတွေနဲ့အတူ ပျော်ရွှင်မှု နဲ့စိတ်အားထက်သန်မှုတွေကို ရရှိဖို့ရည်ရွယ်ပါတယ်လို့ ဆိုပါတယ်။ မင်းသား Ahn Hyo Seop ကတော့အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်အေဂျင်စီကိုပါတည်ထောင်လိုက်တဲ့ မင်းသားတစ်လက်ပါပဲ။


Ahn Hyo Seop ကတော့ SBS မှာပြသခဲ့တဲ့ ‘A Business Proposal’ ဇာတ်လမ်းတွဲမှာ Kang Tae Mu ဇာတ်ရုပ်နဲ့ နဲ့လည်း ပရိသတ်တွေကြားကျော်ကြားမှုရရှိထားပါသေးတယ်။ လက်ရှိမှာတော့ ကမ်းလှမ်းမှုများစွာကို သုံးသပ်နေတာလည်း ဖြစ်ပါတယ်။ Congradulations ပါ စီအီးအို Ahn Hyo Seop ရေ။
Zawgyi ဖြင့်ဖတ်ရန်




 

.