ဇာတ်ကောင်တစ်ခုတည်းကိုကွဲပြားစွာပုံဖော်သရုပ်ဆောင်သွားမယ့် နာမည်ကျော်မင်းသမီးနှစ်ဦး

Posted on

သရုပ်ဆောင်ပိုင်းမှာပီပြင်လှတဲ့ နာမည်ကျော်မင်းသမီး Nana နဲ့ Go Hyun Jung တို့ကိုတော့ ဇာတ်လမ်းတွဲတစ်ခုမှာတွေ့ရတော့မှာပါ။ သူတို့ကတော့ Netflix စီးရီးတစ်ခုဖြစ်တဲ့ ‘Mask Girl’ မှာ ပါဝင်သရုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။


ဒီဇာတ်လမ်းတွဲကတော့ ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်ကို စိတ်မလုံခြုံမှုကို ခံစားနေရတဲ့ သာမန်ရုံးဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ Kim Mo Mi ရဲ့အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။ သူကတော့ ရုပ်ရည်ကိုမျက်နှာဖုံးနဲ့ဖုံးကွယ်ထားကာ အွန်လိုင်းကနေဖျော်ဖြေထုတ်လွှင့်သူတစ်ယောက်လုပ်နေတာဖြစ်ပြီး မမျှော်လင့်ထားတဲ့ကိစ္စမှာပါဝင်လာသူတစ်ယောက်ပါ။ နာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Go Hyun Jung နဲ့ Nana တို့ကတော့ Kim Mo Mi ဆိုတဲ့ဇာတ်ရုပ်တစ်ခုကိုပဲ ပါဝင်သရုပ်ဆောင်ထားကြတာပါ။


Nana ကတော့ မမျှော်လင့်ထားတဲ့ကိစ္စရပ်မှာပါဝင်ပြီးနောက် Kim Mi Mo အဖြစ်သရုပ်ဆောင်ထားပြီး Go Hyun Jung ကတော့ အချိန်တွေကုန်ဆုံးလာပြီးနောက် မျှော်လင့်ထားတဲ့ရည်မှန်းချက်တွေဖြစ်လာဖို့ ဘာမဆိုလုပ်ဆောင်မယ့် Kim Mi Mo အဖြစ်နဲ့ပါဝင်ထားပါတယ်။ ကွဲပြားခြားနားတဲ့ Kim Mi Mo အဖြစ် မင်းသမီးနှစ်ယောက်ကဘယ်လိုတွေသရုပ်ဆောင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဇာတ်လမ်းဇာတ်အိမ်ဆန်းတဲ့ဒီဇာတ်လမ်းကတော့ ပရိသတ်တွေကိုဖမ်းစားဦးမှာ အသေအချာပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

ဇာတ္ေကာင္တစ္ခုတည္းကိုကြဲျပားစြာပုံေဖာ္သ႐ုပ္ေဆာင္သြားမယ့္ နာမည္ေက်ာ္မင္းသမီးႏွစ္ဦး
သ႐ုပ္ေဆာင္ပိုင္းမွာပီျပင္လွတဲ့ နာမည္ေက်ာ္မင္းသမီး Nana နဲ႔ Go Hyun Jung တို႔ကိုေတာ့ ဇာတ္လမ္းတြဲတစ္ခုမွာေတြ႕ရေတာ့မွာပါ။ သူတို႔ကေတာ့ Netflix စီးရီးတစ္ခုျဖစ္တဲ့ ‘Mask Girl’ မွာ ပါဝင္သ႐ုပ္ေဆာင္ေတာ့မွာ ျဖစ္ပါတယ္။


ဒီဇာတ္လမ္းတြဲကေတာ့ ကိုယ့္ရဲ႕႐ုပ္ရည္သြင္ျပင္ကို စိတ္မလုံၿခဳံမႈကို ခံစားေနရတဲ့ သာမန္႐ုံးဝန္ထမ္းတစ္ေယာက္ျဖစ္တဲ့ Kim Mo Mi ရဲ႕အေၾကာင္းကို ႐ိုက္ကူးပုံေဖာ္ထားတာပါ။ သူကေတာ့ ႐ုပ္ရည္ကိုမ်က္ႏွာဖုံးနဲ႔ဖုံးကြယ္ထားကာ အြန္လိုင္းကေနေဖ်ာ္ေျဖထုတ္လႊင့္သူတစ္ေယာက္လုပ္ေနတာျဖစ္ၿပီး မေမွ်ာ္လင့္ထားတဲ့ကိစၥမွာပါဝင္လာသူတစ္ေယာက္ပါ။ နာမည္ႀကီးမင္းသမီးေတြျဖစ္တဲ့ Go Hyun Jung နဲ႔ Nana တို႔ကေတာ့ Kim Mo Mi ဆိုတဲ့ဇာတ္႐ုပ္တစ္ခုကိုပဲ ပါဝင္သ႐ုပ္ေဆာင္ထားၾကတာပါ။
Nana ကေတာ့ မေမွ်ာ္လင့္ထားတဲ့ကိစၥရပ္မွာပါဝင္ၿပီးေနာက္ Kim Mi Mo အျဖစ္သ႐ုပ္ေဆာင္ထားၿပီး Go Hyun Jung ကေတာ့ အခ်ိန္ေတြကုန္ဆုံးလာၿပီးေနာက္ ေမွ်ာ္လင့္ထားတဲ့ရည္မွန္းခ်က္ေတြျဖစ္လာဖို႔ ဘာမဆိုလုပ္ေဆာင္မယ့္ Kim Mi Mo အျဖစ္နဲ႔ပါဝင္ထားပါတယ္။ ကြဲျပားျခားနားတဲ့ Kim Mi Mo အျဖစ္ မင္းသမီးႏွစ္ေယာက္ကဘယ္လိုေတြသ႐ုပ္ေဆာင္မလဲဆိုတာ စိတ္ဝင္စားစရာပါပဲ။ ဇာတ္လမ္းဇာတ္အိမ္ဆန္းတဲ့ဒီဇာတ္လမ္းကေတာ့ ပရိသတ္ေတြကိုဖမ္းစားဦးမွာ အေသအခ်ာပါပဲေနာ္။