Hyun Bin နဲ့တွေ့ဆုံပြီးနောက် လုံးဝပြောင်းလဲသွားခဲ့တဲ့ Son Ye Jin

Posted on

မကြာသေးခင်ကတော့ နာမည်ကျော်မင်းသမီး Son Ye Jin ဖြေဆိုခဲ့တဲ့အင်တာဗျူးအဟောင်းတွေပြန်လည်ထွက်ရှိလာခဲ့ပါတယ်။ သူကတော့ အင်တာဗျူးတွေမှာရိုးသားစွာဖြေခဲ့ပေမဲ့ မင်းသား Hyun Binနဲ့တွေ့ချိန်မှာတော့ သူရဲ့လုပ်ဆောင်မှုတွေကအဖြေတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။


Son Ye Jinကတော့ တွဲဖက်သရုပ်ဆောင်တွေနဲ့ပတ်သက်ပြီး ဇာတ်လမ်းရိုက်ကူးနေချိန်မှာနီးနီးကပ်ကပ်ရှိနေပေမဲ့ ရိုက်ကူးရေးတွေပြီးသွားတဲ့အခါ မတွေ့ဖြစ်တော့ဘူးလို့ အင်တာဗျူးမှာဖြေခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း Hyun Bin နဲ့ Crash Landing On You ရိုက်ကူးရေးတွေပြီးသွားတဲ့အခါမှာတော့ အမေရိကားမှာဈေးဝယ်ထွက်နေတဲ့ပုံရိပ်တွေ ထွက်ရှိခဲ့ပါတယ်။


ဒါ့အပြင် တွဲဖက်သရုပ်ဆောင်နဲ့တွဲဖို့ကခက်ခဲပါတယ်။ စုံတွဲတော်တော်များများ ဒိတ်ခဲ့ကြပြီးပြတ်သွားတာတွေ မြင်တွေ့ခဲ့ရဖူးတယ်။ ဆယ်လီတွေဒိတ်ကြတာကကောင်းတဲ့အချက်တွေရှိပါတယ်။ ကျွန်မပုံစံနဲ့တော့ မကိုက်ညီဘူးလို့ ဖြေခဲ့ဖူးပါတယ်။ ဒီလိုပြောခဲ့တဲ့ Son Ye Jinကတော့ Hyun Binနဲ့ဒိတ်ခဲ့ရုံတင်မကဘဲ လက်ထပ်ခဲ့တာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်



