တောမီးလောင်မှုအတွက်လှူဒါန်းခဲ့တဲ့အကြောင်း နောက်ကျပြီးမှသတင်းထုတ်ပြန်ခဲ့တဲ့ Kim Tae Hee

Posted on

တောမီးလောင်မှုအတွက် ပရိသတ်တွေကြားနာမည်ကြီးတဲ့ထိပ်တန်းမင်းသမီးချော Kim Tae Hee ရဲ့လှူဒါန်းမှုသတင်းကတော့ ထွက်လာခဲ့ပါတယ်။ Kim Tae Hee ကတော့ နာမည်ကျော်တဲ့ထိပ်တန်းမင်းသမီးဖြစ်သလောက် လူတွေရဲ့အာရုံစိုက်မှုကရှောင်ပြီး သိုသိပ်စွာနေထိုင်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် လေးစားခံရသူပါ။


ဆယ်လီများစွာလှုဒါန်းခဲ့တဲ့ဒီတောမီးလောင်မှုကတော့ ဖြစ်ပွားပြီးချိန်မှာ လှူဒါန်းမှုသတင်းတွေများစွာတက်လာခဲ့ပါတယ်။ Kim Tae Hee ကတော့ တောမီးလောင်မှုအတွက် ကိုရီးယားဝမ် သန်း(၂၀၀) (ကန်ဒေါ်လာ ၁၅၈၅၈၀)ခန့်ကို ပြန်လည်တည်ထောင်ရေးနဲ့ကာကွယ်ဖို့အတွက်လှူဒါန်းခဲ့ပြီး သတင်းက မေလ(၂)ရက်နေ့မှာထွက်ရှိလာပါတယ်။ မင်းသမီးကတော့ လှူဒါန်းမှုသတင်းကိုချက်ချင်းမဖော်ပြခဲ့ဘဲ တိတ်တိတ်လေးလှူဒါန်းခဲ့တာပါ။


Kim Tae Hee ကတော့ တောမီးလောင်မှုပြီးချိန်အစကတည်းကလှုဒါန်းခဲ့ပေမယ့် ဆယ်လီတွေနဲ့သတင်းကိုအာရုံစိုက်မှာစိုးတာကြောင့် လှူဒါန်းမှုသတင်းကို နောက်ကျမှသတင်းထုတ်ဖော်ရန်တောင်းဆိုထားတာပါ။ Kim Tae Hee ကတော့ မီးစတင်လောင်ချိန်မှာလုပ်ဆောင်မှုတွေကအရေးကြီးတာကြောင့် ကာကွယ်ရေးအတွက် အရေးပေါ် မီးသတ်ဆေးဘူးများ တပ်ဆင်ပေးရန် တောင်းဆိုခဲ့တာပါ။
Zawgyi ဖြင့်ဖတ်ရန်

တိတ်တိတ်လေးလှူတာ…

