အချစ်ဒရမ်မာဇာတ်လမ်းတွဲမှာပါဝင်မယ်လို့အတည်ပြုလိုက်တဲ့ Park Min Young၊ Go Kyung Pyo နဲ့ Kim Jae Young

Posted on

မင်းသမီးချော Park Min Young ကတော့ ရိုမန့်ဇာတ်လမ်းတွေနဲ့ နာမည်ကျော်တဲ့သူတစ်ယောက်ဖြစ်ပြီး အခုလည်း ဇာတ်လမ်းတွဲအသစ်ကိုလက်ခံလိုက်ပါတယ်။ Park Min Young ၊ Go Kyung Pyo နဲ့ Kim Jae Young တို့ကတော့ ဇာတ်လမ်းတွဲအသစ်မှာ အတူတွဲသရုပ်ဆောင်သွားမယ်လို့အတည်ပြုလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ ‘MonWedFriTuesThursSat’ ဖြစ်ပါတယ်။


‘MonWedFriTuesThursSat’ ဇာတ်လမ်းကတော့ ကျောင်းသားဟောင်းတွေ့ဆုံပွဲနဲ့ အိမ်ထောင်သည်တွေနဲ့တွေ့ဆုံပွဲမှာ ဇနီးအဖြစ်ချစ်သူအဖြစ် ဟန်ဆောင်တွဲပေးရတဲ့ single life helper ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Park Min Young ကတော့ ဒီလိုဆောင်ရွက်ပေးရတဲ့ single life helper တစ်ယောက်နေရာကနေပါဝင်သွားမှာပါ ။ သူကတော့ Monday ကနေ Saturday အထိ တစ်ကိုယ်တည်းသမားတွေကို ကူညီပေးတဲ့အလုပ်ကိုလုပ်ပါတယ်။ Go Kyung Pyo ကတော့ Park Min Young နဲ့နှစ်ရှည်စာချုပ်ချုပ်ထားတဲ့သူတစ်ယောက်နေရာက ပါဝင်ထားတယ်။


Kim Jae Young ကတော့ အထက်တန်းလွှာမိသားစုဝင်တစ်ယောက်ဖြစ်ပြီး နာမည်ကျော်စတားတစ်ယောက်ဖြစ်ပြီး Park Min Young ရဲ့ နောက်ဆုံးအလုပ်လုပ်ရတဲ့သူဖြစ်လာတာပါ။ ‘MonWedFriTuesThursSat’ ဇာတ်လမ်းတွဲကတော့ (၂၀၂၂) ခုနှစ်ရဲ့နှစ်လည်လောက်မှာထွက်ရှိမှာပါ။
Zawgyi ဖြင့်ဖတ်ရန်


