ဆံပင်စတိုင်အသစ်နဲ့ပွဲတက်ပြီး ထူးခြားတဲ့အလှတရားနဲ့ဖမ်းစားခဲ့တဲ့ Song Hye Kyo

Posted on

Song Hye Kyo ကတော့ ဆံပင်စတိုင်အသစ်နဲ့ ပွဲတက်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကြားလူပြောများနေစေပြန်ပါတယ်။ မင်းသမီးချောကတော့ ဆံပင်အရှည်ကိုညှပ်လိုက်ပြီးနောက် အထက်တန်းကျတဲ့အမိုက်စားအသွင်အပြင်နဲ့ပြန်လည် ထွက်ပေါ်လာခဲ့ပါတယ်။


Song Hye Kyo ကတော့ အလှဆုံးတောင်ကိုရီးယားမင်းသမီးတွေထဲကတစ်ယောက်အဖြစ်လည်း သတ်မှတ်ထားတာပါ။ လူထုရှေ့ထွက်လာတိုင်းလည်း ပရိသတ်တွေနဲ့မီဒီယာတွေဆီကအာရုံစိုက်မှုကို အမြဲရနေသူလည်း ဖြစ်ပါတယ်။ အခုလည်း နာမည်ကျော်ရတနာအမှတ်တံဆိပ် Chaumet ရဲ့ ပွဲအခမ်းအနားကိုတက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။


သူကတော့ အနက်ရောင်ဝတ်စုံနဲ့အတူ လှပကျော့ရှင်းနေတဲ့အပြင် ဆံပင်စတိုင်အသစ်ကြောင့်လည်း သွင်ပြင်ကတော့ လုံးဝပြောင်းလဲနေခဲ့ပါတယ်။ ဆံပင်စတိုင်အသစ်ကတော့ ပိုလို့တောင်အလှတိုးနေတယ်လို့ ပြောရမှာပါ။ အသက်(၄၁)နှစ်ရှိနေပြီဖြစ်သော်လည်း အသက်နဲ့မလိုက်အောင်လှနေတာဖြစ်ပြီး ပရိသတ်တွေရဲ့ရင်ထဲမှာနှစ်(၂၀)ကျော်ကြာအောင်နေရာယူထားနိုင်တဲ့မင်းသမီးတစ်လက်ပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

ဆံပင္စတိုင္အသစ္နဲ႔ပြဲတက္ၿပီး ထူးျခားတဲ့အလွတရားနဲ႔ဖမ္းစားခဲ့တဲ့ Song Hye Kyo
Song Hye Kyo ကေတာ့ ဆံပင္စတိုင္အသစ္နဲ႔ ပြဲတက္ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြၾကားလူေျပာမ်ားေနေစျပန္ပါတယ္။ မင္းသမီးေခ်ာကေတာ့ ဆံပင္အရွည္ကိုညႇပ္လိုက္ၿပီးေနာက္ အထက္တန္းက်တဲ့အမိုက္စားအသြင္အျပင္နဲ႔ျပန္လည္ ထြက္ေပၚလာခဲ့ပါတယ္။


Song Hye Kyo ကေတာ့ အလွဆုံးေတာင္ကိုရီးယားမင္းသမီးေတြထဲကတစ္ေယာက္အျဖစ္လည္း သတ္မွတ္ထားတာပါ။ လူထုေရွ႕ထြက္လာတိုင္းလည္း ပရိသတ္ေတြနဲ႔မီဒီယာေတြဆီကအာ႐ုံစိုက္မႈကို အၿမဲရေနသူလည္း ျဖစ္ပါတယ္။ အခုလည္း နာမည္ေက်ာ္ရတနာအမွတ္တံဆိပ္ Chaumet ရဲ႕ ပြဲအခမ္းအနားကိုတက္ေရာက္ခဲ့တာလည္း ျဖစ္ပါတယ္။
သူကေတာ့ အနက္ေရာင္ဝတ္စုံနဲ႔အတူ လွပေက်ာ့ရွင္းေနတဲ့အျပင္ ဆံပင္စတိုင္အသစ္ေၾကာင့္လည္း သြင္ျပင္ကေတာ့ လုံးဝေျပာင္းလဲေနခဲ့ပါတယ္။ ဆံပင္စတိုင္အသစ္ကေတာ့ ပိုလို႔ေတာင္အလွတိုးေနတယ္လို႔ ေျပာရမွာပါ။ အသက္(၄၁)ႏွစ္ရွိေနၿပီျဖစ္ေသာ္လည္း အသက္နဲ႔မလိုက္ေအာင္လွေနတာျဖစ္ၿပီး ပရိသတ္ေတြရဲ႕ရင္ထဲမွာႏွစ္(၂၀)ေက်ာ္ၾကာေအာင္ေနရာယူထားႏိုင္တဲ့မင္းသမီးတစ္လက္ပါပဲေနာ္။