Jisoo နဲ့တွေ့ဆုံခွင့်ရတာကြောင့် ငိုကြွေးတဲ့အထိဖြစ်ခဲ့တဲ့ Dior ကုမ္ပဏီဒါရိုက်တာရဲ့သမီး

Posted on

အိုင်ဒေါတွေကိုချစ်တဲ့ပရိသတ်တွေကတော့ မျက်နှာချင်းဆိုင်ဆုံတွေ့ရတဲ့အခါမထင်မှတ်တဲ့ခံစားချက်တွေဖြစ်လေ့ရှိတာပါ။ BLACKPINK အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jisoo ကတော့ အိုင်ဒေါတစ်ယောက်အနေနဲ့ရော မင်းသမီးတစ်လက်အနေနဲ့ပါအနုပညာအလုပ်တွေလုပ်နေသူပါ။ သူကတော့ Dior အမှတ်တံဆိပ်ရဲ့ Global Ambassador တစ်ယောက်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က Ewha Women’s University မှာ လုပ်ခဲ့တဲ့ Dior ရဲ့ဆောင်းရာသီဖက်ရှင်ရှိုးပွဲမှာ Blackpink အဖွဲ့ဝင် Jisoo ကတော့ ချစ်စရာကောင်းတဲ့ ပရိသတ်တစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ကလေးမလေးကတော့ Dior ကုမ္ပဏီရဲ့ဒါရိုက်တာသမီးဖြစ်ပြီး ပန်းရောင်နဲ့အနက်ရောင်ကိုတွဲဖက် ဝတ်ဆင်ထားတာလည်း ဖြစ်ပါတယ်။ အမှတ်တရဓာတ်ပုံရိုက်ကူးတဲ့အခါမှာတော့ ချစ်စရာကောင်းတဲ့ပရိသတ်လေးကတော့ မျက်နှာတွေနီရဲပြီးမျက်ရည်တွေပါကျလာခဲ့ပါတယ်။

Jisoo ကတော့ ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေရဲ့အချစ်တွေအားပေးမှုတွေကို ရရှိထားတာဖြစ်ပါတယ်။ အခုလည်း Jisoo တစ်ယောက် အရမ်းကိုချစ်စရာကောင်းတဲ့ ချစ်စရာပရိသတ်လေးနဲ့တွေ့ဆုံခဲ့ရတာပါပဲ ပရိသတ်ကြီးရေ။

Zawgyi ဖြင့်ဖတ်ရန်


