ဖခင်ဖြစ်သူဆီက အဆင့်မြင့်ဇိမ်ခံတိုက်ခန်းတစ်ခုကိုရရှိခဲ့တဲ့ Park Shin Hye နဲ့ Choi Tae Joon

Posted on

နာမည်ကျော်အနုပညာရှင်စုံတွဲဖြစ်တဲ့ Park Shin Hye နဲ့ Choi Tae Joon တို့ကတော့ ဇန်နဝါရီလမှာလက်ထပ်ခဲ့တာဖြစ်ပြီး ရင်သွေးလေးမွေးဖွားတော့မှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ သားဦးလေးကိုမွေးဖွားတော့မှာဖြစ်တာကြောင့် ခင်ပွန်းဖြစ်သူ Choi Tae Joon ရဲ့အဖေဖြစ်သူဆီမှအဆင့်မြင့်ဇိမ်ခံတိုက်ခန်းတစ်ခုကိုလက်ဆောင်ရခဲ့တာပါ။


သူတို့နှစ်ဦးကတော့ ဒုတိယနှစ်ဝက်မှာပဲမိသားစုဝင်အသစ်တိုးလာတော့မှာလည်း ဖြစ်ပါတယ်။ မင်းသမီး Park Shin Hye ကတော့ခင်ပွန်းဖြစ်သူရဲ့မိသားစုဝင်တွေဆီကနေပြီးအချစ်တွေရရှိနေတာလည်း ဖြစ်ပါတယ်။ ကလေးအတွက် လက်ဝတ်ရတနာတွေနဲ့ခြေကျင်းကိုလည်း ယောက္ခမဆီကနေပြီးတော့ လက်ဆောင်ရရှိထားပါသေးတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက်ဂရုစိုက်ပေးနေကြတယ်လို့လည်း သိရပါတယ်။


Park Shin Hye နဲ့ Choi Tae Joon တို့ နှစ်ဦးကတော့ ကာလကြာရှည်တွဲပြီးနောက် လက်ထပ်ခဲ့ကြတာဖြစ်ပြီး လက်ရှိမှာလည်းသားဦးလေးမွေးဖွားတော့မှာပါ။ သားဦးလေးကိုအောင်မြင်စွာမွေးပြီးပျော်ရွှင်ဖွယ်ရာမိသားစုလေးကို တည်ဆောက်နိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်


