Baeksang Arts Awards မှာ အားလုံးရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တဲ့ Girls’ Generation အဖွဲ့ဝင် YoonA နဲ့ Seohyun

Girls’ Generation အဖွဲ့ဝင်တွေကတော့ ပင်ကိုယ်အရည်အချင်းကိုယ်စီနဲ့ထူးချွန်ကြပြီး အလှအပနဲ့ပြည့်စုံကြတာလည်း ဖြစ်ပါတယ်။ အဲ့ဒီအထဲကမှ YoonA နဲ့ Seohyun တို့ကလည်းပဲ အလှအပနဲ့ပတ်သက်ပြီး လူသိများတဲ့သူတွေလည်းဖြစ်ပါတယ်။


အိုင်ဒေါအနေနဲ့သာမက မင်းသမီးတစ်လက်အနေနဲ့အောင်မြင်တဲ့သူတို့နှစ်ဦးကတော့ ကြီးကျယ်ခမ်းနားတဲ့ ဆုပေးပွဲဖြစ်တဲ့ Baeksang Arts Awards ကိုတက်ရောက်ခဲ့ကြပါသေးတယ်။ အကျီင်္အဖြူရောင်ကိုဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိရှိလှပနေတဲ့သူတို့နှစ်ဦးကတော့ဆုပေးပွဲမှာ ပရိသတ်တွေမျက်စိကျရလောက်အောင်ဖက်ရှင်ကျကြတာလည်း ဖြစ်ပါတယ်။ Seohyun ကတော့ သူတို့နှစ်ဦးရဲ့ပုံရိပ်လေးကို အင်စတာဂရမ်ကနေပြီးတော့ မျှဝေခဲ့တာလည်း ဖြစ်ပါတယ်။


တစ်ဦးနဲ့တစ်ဦးရင်းရင်းနှီးနှီးဖက်ထားတဲ့ပုံရိပ်လေးကတော့ ကြည်နူးစရာဖြစ်ပြီးတော့လှရက်လွန်းနေတာပါ။ သူတို့နှစ်ဦးကတော့ Baeksang Arts Awards မှာတွေ့ရတဲ့နတ်မိမယ်လေး နှစ်ဦးပါပဲ။ Baeksang Arts Awards မှာ ပရိသတ်တွေရဲ့အကြည့်တွေကို သိမ်းကြုံးဖမ်းစားခဲ့မှာ အသေအချာပါပဲ။
Zawgyi ဖြင့်ဖတ်ရန်

Baeksang Arts Awards မွာ အားလုံးရဲ႕အာ႐ုံကိုဖမ္းစားႏိုင္ခဲ့တဲ့ Girls’ Generation အဖြဲ႕ဝင္ YoonA နဲ႔ Seohyun
Girls’ Generation အဖြဲ႕ဝင္ေတြကေတာ့ ပင္ကိုယ္အရည္အခ်င္းကိုယ္စီနဲ႔ထူးခြၽန္ၾကၿပီး အလွအပနဲ႔ျပည့္စုံၾကတာလည္း ျဖစ္ပါတယ္။ အဲ့ဒီအထဲကမွ YoonA နဲ႔ Seohyun တို႔ကလည္းပဲ အလွအပနဲ႔ပတ္သက္ၿပီး လူသိမ်ားတဲ့သူေတြလည္းျဖစ္ပါတယ္။


အိုင္ေဒါအေနနဲ႔သာမက မင္းသမီးတစ္လက္အေနနဲ႔ေအာင္ျမင္တဲ့သူတို႔ႏွစ္ဦးကေတာ့ ႀကီးက်ယ္ခမ္းနားတဲ့ ဆုေပးပြဲျဖစ္တဲ့ Baeksang Arts Awards ကိုတက္ေရာက္ခဲ့ၾကပါေသးတယ္။ အက်ီအၤျဖဴေရာင္ကိုဝတ္ဆင္ထားၿပီး ဆြဲေဆာင္မႈရွိရွိလွပေနတဲ့သူတို႔ႏွစ္ဦးကေတာ့ဆုေပးပြဲမွာ ပရိသတ္ေတြမ်က္စိက်ရေလာက္ေအာင္ဖက္ရွင္က်ၾကတာလည္း ျဖစ္ပါတယ္။ Seohyun ကေတာ့ သူတို႔ႏွစ္ဦးရဲ႕ပုံရိပ္ေလးကို အင္စတာဂရမ္ကေနၿပီးေတာ့ မွ်ေဝခဲ့တာလည္း ျဖစ္ပါတယ္။
တစ္ဦးနဲ႔တစ္ဦးရင္းရင္းႏွီးႏွီးဖက္ထားတဲ့ပုံရိပ္ေလးကေတာ့ ၾကည္ႏူးစရာျဖစ္ၿပီးေတာ့လွရက္လြန္းေနတာပါ။ သူတို႔ႏွစ္ဦးကေတာ့ Baeksang Arts Awards မွာေတြ႕ရတဲ့နတ္မိမယ္ေလး ႏွစ္ဦးပါပဲ။ Baeksang Arts Awards မွာ ပရိသတ္ေတြရဲ႕အၾကည့္ေတြကို သိမ္းႀကဳံးဖမ္းစားခဲ့မွာ အေသအခ်ာပါပဲ။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x