မနေ့ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ကြီးကျယ်ခမ်းနားတဲ့ဆုပေးပွဲတစ်ခုဖြစ်တဲ့ (၅၈)ကြိမ်မြောက် Baeksang Arts Awards ကို ကျင်းပခဲ့ပါတယ်။ ဒီဆုပေးပွဲကတော့ ကိုဗစ်ပြီးနောက်ပထမဆုံးပြန်လည်ကျင်းပတဲ့ ဆုပေးပွဲဖြစ်ပြီး အနုပညာရှင်များစွာတက်ရောက်ခဲ့ကြပါတယ်။ ကော်ဇောနီထက်မှာတော့ တောက်ပတဲ့ဖက်ရှင်တွေနဲ့ပရိသတ်တွေကိုဖမ်းစားခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် Kim Tae Ri ကတော့ အမျိုးသမီးဇာတ်ဆောင်ဆုကို Twenty Five-Twenty One ဇာတ်လမ်းတွဲနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်နာမည်ကြီးခဲ့တဲ့ Squid Game ဇာတ်လမ်းတွဲကတော့ Grand Prize ဆုကြီးကိုရရှိခဲ့ပါတယ်။ မျက်နှာသစ်တွေအနေနဲ့ကတော့ Goo Kyo Hwanနဲ့ Kim Hye Joon တို့က ရရှိခဲ့တာပါ။
Zawgyi ဖြင့်ဖတ်ရန်
(၅၈)ကြိမ်မြောက် Baeksang Arts Awards မှာ ဆုတွေသိမ်းပိုက်ခဲ့တဲ့ Lee Jun Ho နဲ့ Kim Tae Ri
ဒီဆုပေးပွဲမှာတော့ ပရိသတ်တွေရဲ့ကြိုက်နှစ်သက်မှုကြောင့် TikTok Popularity Award ကို Lee Jun Ho နဲ့ Kim Tae Ri တို့ကရရှိခဲ့ကြပါတယ်။ သူတို့နှစ်ဦးကတော့ ဒီနှစ်အတွင်းမှာထွက်ရှိခဲ့တဲ့ဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေရဲ့ချီးကျူးအားပေးမှုတွေကို ရရှိထားတာပါ။ Lee Jun Hoကတော့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုThe Red Sleeve ဇာတ်လမ်းတွဲနဲ့ရရှိခဲ့တာပါ။