မင်းသားWoo Do Hwan ကတော့ The King: Eternal Monarchဇာတ်လမ်းတွဲမှ စတင်ပြီးတော့ ပရိသတ်တွေကြားအောင်မြင်လာတဲ့ မျက်နှာသစ်သရုပ်ဆောင်တစ်ယောက်ပါ။ Cosmic Girls အဖွဲ့ဝင် Bona ကလည်းပဲ Twenty Five- Twenty One ဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်တွေကြားရေပန်းစားလာတဲ့တက်သစ်စမင်းသမီးတစ်လက်ဖြစ်ပါတယ်။ Bona ဟာ ဝါရင့်သရုပ်ဆောင်တွေနဲ့အပြိုင်သရုပ်ဆောင်နိုင်စွမ်းရှိတာကြောင့်လည်း ချီးကျူးမှုတွေ ရရှိထားတာပါ။
အခုဆိုရင်တော့ Woo Do Hwan နဲ့ Bona တို့ကိုတော့ သမိုင်းကြောင်းနောက်ခံဇာတ်လမ်းတွဲ’Joseon Lawyer’ မှာ ပါဝင်ဖို့ကမ်းလှမ်းထားပါတယ်။ Woo Do Hwan ကတော့ ဂျိုဆွန်းခေတ်ရဲ့ရှေ့နေတစ်ယောက်အဖြစ် အဓိကဇာတ်ဆောင်နေရာမှာ ပါဝင်သွားမှာပါ။ သူကတော့ လက်စားချေဖို့အတွက်ရည်ရွယ်ခဲ့ပြီး နောက်ဆုံးမှာပြည်သူ့ဘက်တော်သားသူရဲကောင်းတစ်ယောက်ဖြစ်လာမှာပါ။Bona ကတော့ ကလဲ့စားချေဖို့ရာအတွက် တာဝန်ပေးမယ့်သူနေရာကနေပြီးပါဝင်ထားတာပါ။ ဒီဇာတ်ရုပ်ကိုလက်ခံခဲ့ရင်တော့ အဓိကဇာတ်ဆောင်နေရာက ပထမဆုံးသရုပ်ဆောင်ခွင့်ရတဲ့ဇာတ်လမ်းတွဲဖြစ်လာမှာပါ။
‘Joseon Lawyer’ ကတော့ သမိုင်းကြောင်းကိုနောက်ခံထားတဲ့ ရဲရင့်ပြီးဖြောင့်မတ်တဲ့ရှေ့နေအကြောင်းကို အခြေခံထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ ကြည်နူးဖွယ်အချစ်အကြောင်းပါဝင်ထားသလို လက်စားချေမှုတွေနဲ့ ရဲရင့်တဲ့သူရဲကောင်းတွေရဲ့ဇာတ်ကြောင်းတွေပါဝင်နေမှာပါ။
Zawgyi ဖြင့်ဖတ်ရန်
သမိုင္းေၾကာင္းေနာက္ခံဇာတ္လမ္းတြဲတစ္ခုမွာ ပါဝင္လာႏိုင္ဖြယ္ရွိတဲ့ Woo Do Hwan နဲ႔ Bona
မင္းသားWoo Do Hwan ကေတာ့ The King: Eternal Monarchဇာတ္လမ္းတြဲမွ စတင္ၿပီးေတာ့ ပရိသတ္ေတြၾကားေအာင္ျမင္လာတဲ့ မ်က္ႏွာသစ္သ႐ုပ္ေဆာင္တစ္ေယာက္ပါ။ Cosmic Girls အဖြဲ႕ဝင္ Bona ကလည္းပဲ Twenty Five- Twenty One ဇာတ္လမ္းတြဲနဲ႔အတူ ပရိသတ္ေတြၾကားေရပန္းစားလာတဲ့တက္သစ္စမင္းသမီးတစ္လက္ျဖစ္ပါတယ္။ Bona ဟာ ဝါရင့္သ႐ုပ္ေဆာင္ေတြနဲ႔အၿပိဳင္သ႐ုပ္ေဆာင္ႏိုင္စြမ္းရွိတာေၾကာင့္လည္း ခ်ီးက်ဴးမႈေတြ ရရွိထားတာပါ။
အခုဆိုရင္ေတာ့ Woo Do Hwan နဲ႔ Bona တို႔ကိုေတာ့ သမိုင္းေၾကာင္းေနာက္ခံဇာတ္လမ္းတြဲ’Joseon Lawyer’ မွာ ပါဝင္ဖို႔ကမ္းလွမ္းထားပါတယ္။ Woo Do Hwan ကေတာ့ ဂ်ိဳဆြန္းေခတ္ရဲ႕ေရွ႕ေနတစ္ေယာက္အျဖစ္ အဓိကဇာတ္ေဆာင္ေနရာမွာ ပါဝင္သြားမွာပါ။ သူကေတာ့ လက္စားေခ်ဖို႔အတြက္ရည္႐ြယ္ခဲ့ၿပီး ေနာက္ဆုံးမွာျပည္သူ႔ဘက္ေတာ္သားသူရဲေကာင္းတစ္ေယာက္ျဖစ္လာမွာပါ။Bona ကေတာ့ ကလဲ့စားေခ်ဖို႔ရာအတြက္ တာဝန္ေပးမယ့္သူေနရာကေနၿပီးပါဝင္ထားတာပါ။ ဒီဇာတ္႐ုပ္ကိုလက္ခံခဲ့ရင္ေတာ့ အဓိကဇာတ္ေဆာင္ေနရာက ပထမဆုံးသ႐ုပ္ေဆာင္ခြင့္ရတဲ့ဇာတ္လမ္းတြဲျဖစ္လာမွာပါ။
‘Joseon Lawyer’ ကေတာ့ သမိုင္းေၾကာင္းကိုေနာက္ခံထားတဲ့ ရဲရင့္ၿပီးေျဖာင့္မတ္တဲ့ေရွ႕ေနအေၾကာင္းကို အေျခခံထားပါတယ္။ ဒီဇာတ္လမ္းတြဲမွာေတာ့ ၾကည္ႏူးဖြယ္အခ်စ္အေၾကာင္းပါဝင္ထားသလို လက္စားေခ်မႈေတြနဲ႔ ရဲရင့္တဲ့သူရဲေကာင္းေတြရဲ႕ဇာတ္ေၾကာင္းေတြပါဝင္ေနမွာပါ။