မင်းသားချော Ji Chang Wook ကတေ့ာ ပရိသတ်တွေမသိသူမရှိလောက်တဲ့ နာမည်ကျော်မင်းသားတစ်လက်ပါ။ ဇာတ်လမ်းတွဲများစွာကိုရိုက်ကူးခဲ့ဖူးပြီး Empress Ki ၊Healer နဲ့ The K2 စတဲ့ဇာတ်လမ်းတွေကတော့ အထူးအောင်မြင်ခဲ့တဲ့ဇာတ်လမ်းတွဲတွေလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဇာတ်လမ်းတွဲအသစ်နဲ့ပရိသတ်တွေဆီပြန်လာတာလည်း ဖြစ်ပါတယ်။
Netflix ကထုတ်လွှင့်ပြသတဲ့ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ The Sound Of Magic မှာတော့ ချောမောတဲ့ရုပ်ရည်သွင်ပြင်နဲ့ပရိသတ်ကိုဖမ်းစားခဲ့ပြန်ပါပြီ။ The Sound Of Magic ကတော့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို ရရှိထားပါတယ်။ Ji Chang Wook ကတော့ လျှို့ဝှက်ဆန်းကြယ်တဲ့မှော်ဆရာ Lee Eulဇာတ်ရုပ်နဲ့ပါဝင်ထားတာပါ။ သူကတော့ နှစ်ကာလကြာမြင့်စွာစွန့်ပစ်ထားတဲ့ပန်းခြံအဟောင်းကြီးထဲမှာ တစ်ယောက်တည်းနေထိုင်တဲ့မှော်ဆရာတစ်ယောက်ပါ။ Lee Eul ကတော့ အမျိုးသမီးတစ်ဦးနဲ့တွေ့ဆုံပြီး မထင်မှတ်ထားတဲ့အပြောင်းအလဲတွေဖြစ်ခဲ့ပြီးနောက် ရိုမန့်ဇာတ်လမ်းလေးတွေလည်း ဖြစ်ပေါ်လာခဲ့တာပါ။
ရုပ်ရည်ချောမောတဲ့မှော်ဆရာလေးအပြင် အချစ်ဇာတ်လမ်းလေးနဲ့ဆန်းကြယ်တဲ့မှော်ဇာတ်လမ်းလေးကတော့ ပရိသတ်တွေအကြိုက်တွေ့နေရတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ မင်းသားချော Ji Chang Wook ဟာ (၂) နှစ်ကြာပြီးနောက် ဒရမ်မာအသစ်နဲ့အတူ ပရိသတ်တွေဆီပြန်လာတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
ဒရမ်မာဇာတ်ကားအသစ်မှာ ပရိသတ်တွေမမြင်ဖူးသေးတဲ့ပုံစံအသစ်နဲ့တွေ့မြင်ရတဲ့ Ji Chang Wook