ဗီဒီယိုရိုက်ကူးရင်း ငိုကြွေးနေခဲ့တာကြောင့် ပရိသတ်တွေကိုအံ့အားသင့်သွားစေခဲ့တဲ့ Kim Tae Ri
Posted on
Twenty – Twenty One ဇာတ်လမ်းတွဲမှာ ဆယ်ကျော်သက်ဇာတ်ရုပ်ကိုအပီအပြင်သရုပ်ဆောင်နိုင်ခဲ့တဲ့ မင်းသမီးချော Kim Tae Ri ကတော့ ပရိသတ်တွေကြားရေပန်းစားနေသူလည်း ဖြစ်ပါတယ်။ သူကတော့ သရုပ်ဆောင်ပိုင်နိုင်တာကြောင့် ဂုဏ်သိက္ခာကြီးမားတဲ့ Baeksang Arts Awards မှာ ဆုနှစ်ခုကိုတောင်ရရှိခဲ့တာပါ။
Kim Tae Ri ကတော့ သူ့ရဲ့ပြင်ပဘဝကလှုပ်ရှားမှုတွေကိုပရိသတ်တွေကို ချပြဖို့အတွက် Vlog ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အကြိုအနေနဲ့ ပြသခဲ့တဲ့အပိုင်းတွေလည်းရှိခဲ့ပြီး ပရိသတ်တွေစိတ်ဝင်စားစရာ ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ အကြိုပြသခဲ့တဲ့ Vlog ထဲမှာတော့ Kim Tae Ri ဟာ ကားမောင်းရင်းငိုကြွေးနေခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကားမောင်းနေရင်း ပလွေမှုတ်နေတဲ့အပိုင်းကလည်း ပရိသတ်တွေရဲ့စိတ်အာရုံကိုဖမ်းစားခဲ့ပါတယ်။
လွတ်လွတ်လပ်လပ်ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ Kim Tae Ri က ဘာကြောင့်များ ငိုကြွေးနေတာဖြစ်မလဲနော်။ ပရိသတ်တွေစိတ်ဝင်စားနေတဲ့ဒီVlog ကိုတော့ Management MMM ကနေပြီးတော့ ယူကျူ့မှာ မေလ(၁၂)ရက်နေ့မှာ ပြသသွားမှာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်