ကွယ်လွန်သူမင်းသမီးကြီး Kang Soo Yeon ရဲ့ အသုဘအခမ်းအနားကိုတက်ရောက်ခဲ့တဲ့ Park So Dam

Posted on

အနုပညာလောကမှာနှစ်ပေါင်းများစွာရပ်တည်ခဲ့တဲ့ဝါရင့်မင်းသမီးကြီး Kang Soo Yeon ကတော့ မေလ(၇)ရက်နေ့က ဆုံးပါးသွားခဲ့ပါပြီ။ ဦးနှောက်သွေးကြောပေါက်ကာသတိလစ်နေခဲ့တာကြောင့် ဆေးရုံကိုပို့ဆောင်ခဲ့ပြီး (၃)ရက်တာကုသခဲ့ပေမဲ့ သေဆုံးသွားခဲ့တာလည်း ဖြစ်ပါတယ်။


သူ့ရဲ့အသုဘကိုတော့ လုပ်ဖော်ကိုင်ဖက်အနုပညာမောင်နှမတွေက တက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီအထဲမှာတော့ မင်းသမီး Park So Dam လည်း ပါဝင်ခဲ့ပါတယ်။ သူကတော့ ဂါရဝပြုရင်းကြေကွဲဖွယ်ရာဆိုခဲ့ပါတယ်။ သူကတော့ “မင်းရဲ့စကားလုံးတွေ အကြည့်တွေနဲ့ ပွေ့ဖက်ခဲ့စဉ်ကနွေးထွေးမှုတွေ ဒါတွေကို မေ့မှာမဟုတ်ပါဘူး။ ကျေးဇူးတင်ပါတယ်။ အမြဲလေးစားပါတယ် စီနီယာ” လို့ ဆိုပါတယ်။ အနုပညာလောကရဲ့ငွေကြယ်တစ်ပွင့်ဆုံးရှုံးခဲ့တာ တကယ့်ကို ဝမ်းနည်းစရာပါ။


မင်းသမီးကြီး Kim Soo Yeon ဟာဘဝတစ်လျှောက်အနုပညာအလုပ်တွေလုပ်ကိုင်ရင်းဖြတ်သန်းခဲ့သူတစ်ယောက်ပါ။ သူဟာ အသက်(၄)နှစ်ကတည်းက သရုပ်ဆောင်စလုပ်ခဲ့တာဖြစ်ပြီး ဆုတံဆိပ်ပေါင်းများစွာကိုလည်း ရရှိပိုင်ဆိုင်ထားတဲ့မင်းသမီးကြီးပါ။ သူဟာ နှစ်အတော်ကြာအနုပညာအလုပ်နားရာကနေ “Jung_E” ဆိုတဲ့ ဇာတ်ကားနဲ့ပရိသတ်တွေဆီကို ပြန်လာတော့မှာလည်း ဖြစ်ပါတယ်။ ကောင်းရာဘုံဘဝရောက်ပါစေ Kim Soo Yeon ရေ ..။
Zawgyi ဖြင့်ဖတ်ရန်

ကြယ္လြန္သူမင္းသမီးႀကီး Kang Soo Yeon ရဲ႕ အသုဘအခမ္းအနားကိုတက္ေရာက္ခဲ့တဲ့ Park So Dam
အႏုပညာေလာကမွာႏွစ္ေပါင္းမ်ားစြာရပ္တည္ခဲ့တဲ့ဝါရင့္မင္းသမီးႀကီး Kang Soo Yeon ကေတာ့ ေမလ(၇)ရက္ေန႔က ဆုံးပါးသြားခဲ့ပါၿပီ။ ဦးေႏွာက္ေသြးေၾကာေပါက္ကာသတိလစ္ေနခဲ့တာေၾကာင့္ ေဆး႐ုံကိုပို႔ေဆာင္ခဲ့ၿပီး (၃)ရက္တာကုသခဲ့ေပမဲ့ ေသဆုံးသြားခဲ့တာလည္း ျဖစ္ပါတယ္။


သူ႔ရဲ႕အသုဘကိုေတာ့ လုပ္ေဖာ္ကိုင္ဖက္အႏုပညာေမာင္ႏွမေတြက တက္ေရာက္ခဲ့ၾကပါတယ္။ အဲ့ဒီအထဲမွာေတာ့ မင္းသမီး Park So Dam လည္း ပါဝင္ခဲ့ပါတယ္။ သူကေတာ့ ဂါရဝျပဳရင္းေၾကကြဲဖြယ္ရာဆိုခဲ့ပါတယ္။ သူကေတာ့ “မင္းရဲ႕စကားလုံးေတြ အၾကည့္ေတြနဲ႔ ေပြ႕ဖက္ခဲ့စဥ္ကေႏြးေထြးမႈေတြ ဒါေတြကို ေမ့မွာမဟုတ္ပါဘူး။ ေက်းဇူးတင္ပါတယ္။ အၿမဲေလးစားပါတယ္ စီနီယာ” လို႔ ဆိုပါတယ္။ အႏုပညာေလာကရဲ႕ေငြၾကယ္တစ္ပြင့္ဆုံးရႈံးခဲ့တာ တကယ့္ကို ဝမ္းနည္းစရာပါ။
မင္းသမီးႀကီး Kim Soo Yeon ဟာဘဝတစ္ေလွ်ာက္အႏုပညာအလုပ္ေတြလုပ္ကိုင္ရင္းျဖတ္သန္းခဲ့သူတစ္ေယာက္ပါ။ သူဟာ အသက္(၄)ႏွစ္ကတည္းက သ႐ုပ္ေဆာင္စလုပ္ခဲ့တာျဖစ္ၿပီး ဆုတံဆိပ္ေပါင္းမ်ားစြာကိုလည္း ရရွိပိုင္ဆိုင္ထားတဲ့မင္းသမီးႀကီးပါ။ သူဟာ ႏွစ္အေတာ္ၾကာအႏုပညာအလုပ္နားရာကေန “Jung_E” ဆိုတဲ့ ဇာတ္ကားနဲ႔ပရိသတ္ေတြဆီကို ျပန္လာေတာ့မွာလည္း ျဖစ္ပါတယ္။ ေကာင္းရာဘုံဘဝေရာက္ပါေစ Kim Soo Yeon ေရ ..။