နာမည်ကျော်အမှတ်တံဆိပ် Roger Vivier ရဲ့ ရွေးချယ်ခြင်းခံလိုက်ရတဲ့ “Pachinko” မင်းသမီးလေး

အသက်(၂၆)နှစ်အရွယ် မျက်နှာသစ်မင်းသမီးလေး Kim Min Ha ကတော့ ဒရမ်မာဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့တာပါ။ Apple TV+ကပြသခဲ့တဲ့ “Pachinko” ဇာတ်လမ်းတွဲမှာ ဆွန်းဂျာဆိုတဲ့ဇာတ်ရုပ်ကိုအပြည့်အဝပုံဖော်နိုင်ခဲ့ပြီး အောင်မြင်မှုတွေကိုရရှိခဲ့ပါတယ်။ ဒီဇာတ်ရုပ်မှာပါဝင်ဖို့အတွက် နာမည်ကျော်တွေကိုကျော်တက်ပြီး ရွေးချယ်ခံခဲ့ရသလို ပရိသတ်တွေရဲ့အချစ်တွေလည်း ရရှိခဲ့ပါတယ်။


ကမ္ဘာနဲ့ချီပြီးအောင်မြင်မှုတွေရရှိခဲ့တဲ့ Kim Min Ha ကတော့နာမည်ကျော်ဇိမ်ခံအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Roger Vivier ရဲ့ Brand Ambassador အဖြစ်ရွေးချယ်ခံရပါတယ်။ ဒီအမှတ်တံဆိပ်ကတော့ မင်သမီး Shin Min Ah နဲ့လည်း Brand Ambassador အဖြစ်လက်တွဲထားတာပါ။ ချစ်စရာကောင်းတဲ့ Kim Min Ha ကတော့ ဒီအမှတ်တံဆိပ်ရဲ့ဖိနပ်နဲ့အိတ်တွေကိုဝတ်ဆင်ထားပြီး လှပတဲ့ပုံရိပ်တွေကို အင်စတာဂရမ်ကတစ်ဆင့်ဖော်ပြခဲ့ပါတယ်။


ဒီပုံရိပ်တွေမှာတော့မင်းသမီးချောလေး Kim Min Ha ဟာ နာမည်ကျော်အမှတ်တံဆိပ်နဲ့လိုက်ဖက်နေတာကတော့ ငြင်းမရပါဘူးနော်။ မင်းသမီးချောလေးကတော့ ဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ WWD Korea မှာ ကျက်သရေရှိရှိလှပနေတဲ့ပုံရိပ်တွေနဲ့ဖော်ပြခြင်းခံခဲ့ရပါသေးတယ်။ ခုလည်း နာမည်ကျော်အမှတ်တံဆိပ် Roger Vivier ရဲ့ Muse တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ Congradulations ပါ…။
Zawgyi ဖြင့်ဖတ်ရန်

နာမည္ေက်ာ္အမွတ္တံဆိပ္ Roger Vivier ရဲ႕ ေ႐ြးခ်ယ္ျခင္းခံလိုက္ရတဲ့ “Pachinko” မင္းသမီးေလး
ေအာင္ျမင္ေနတာ သူေလး..
အသက္(၂၆)ႏွစ္အ႐ြယ္ မ်က္ႏွာသစ္မင္းသမီးေလး Kim Min Ha ကေတာ့ ဒရမ္မာဇာတ္လမ္းတြဲနဲ႔အတူ ပရိသတ္ေတြကိုဖမ္းစားႏိုင္ခဲ့တာပါ။ Apple TV+ကျပသခဲ့တဲ့ “Pachinko” ဇာတ္လမ္းတြဲမွာ ဆြန္းဂ်ာဆိုတဲ့ဇာတ္႐ုပ္ကိုအျပည့္အဝပုံေဖာ္ႏိုင္ခဲ့ၿပီး ေအာင္ျမင္မႈေတြကိုရရွိခဲ့ပါတယ္။ ဒီဇာတ္႐ုပ္မွာပါဝင္ဖို႔အတြက္ နာမည္ေက်ာ္ေတြကိုေက်ာ္တက္ၿပီး ေ႐ြးခ်ယ္ခံခဲ့ရသလို ပရိသတ္ေတြရဲ႕အခ်စ္ေတြလည္း ရရွိခဲ့ပါတယ္။


ကမာၻနဲ႔ခ်ီၿပီးေအာင္ျမင္မႈေတြရရွိခဲ့တဲ့ Kim Min Ha ကေတာ့နာမည္ေက်ာ္ဇိမ္ခံအမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Roger Vivier ရဲ႕ Brand Ambassador အျဖစ္ေ႐ြးခ်ယ္ခံရပါတယ္။ ဒီအမွတ္တံဆိပ္ကေတာ့ မင္သမီး Shin Min Ah နဲ႔လည္း Brand Ambassador အျဖစ္လက္တြဲထားတာပါ။ ခ်စ္စရာေကာင္းတဲ့ Kim Min Ha ကေတာ့ ဒီအမွတ္တံဆိပ္ရဲ႕ဖိနပ္နဲ႔အိတ္ေတြကိုဝတ္ဆင္ထားၿပီး လွပတဲ့ပုံရိပ္ေတြကို အင္စတာဂရမ္ကတစ္ဆင့္ေဖာ္ျပခဲ့ပါတယ္။
ဒီပုံရိပ္ေတြမွာေတာ့မင္းသမီးေခ်ာေလး Kim Min Ha ဟာ နာမည္ေက်ာ္အမွတ္တံဆိပ္နဲ႔လိုက္ဖက္ေနတာကေတာ့ ျငင္းမရပါဘူးေနာ္။ မင္းသမီးေခ်ာေလးကေတာ့ ဖက္ရွင္မဂၢဇင္းျဖစ္တဲ့ WWD Korea မွာ က်က္သေရရွိရွိလွပေနတဲ့ပုံရိပ္ေတြနဲ႔ေဖာ္ျပျခင္းခံခဲ့ရပါေသးတယ္။ ခုလည္း နာမည္ေက်ာ္အမွတ္တံဆိပ္ Roger Vivier ရဲ႕ Muse တစ္ေယာက္ျဖစ္လာခဲ့ပါၿပီ။ Congradulations ပါ…။

Check Also

(၂) နှစ်ကြာပြီးနောက် ဗီလိန်ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေဆီပြန်လာနိုင်ဖွယ်ရှိတဲ့ မင်းသမီး Lee Min Jung

မင်းသမီးချော Lee Min Jung ကတော့ ပရိသတ်တွေရင်းနှီးပြီးသားမင်းသမီးတစ်လက်ဖြစ်သလို နာမည်ကြီးမင်းသားဖြစ်တဲ့ Lee Byung Hun ရဲ့ဇနီးအဖြစ်လည်း ပရိသတ်တွေသိကြပါသေးတယ်။ သူကတော့ ရုပ်ရှင်ဇာတ်ကားတွေကိုဆက်တိုက်ရိုက်ကူးတာမျိုးမဟုတ်ဘဲ နှစ်နဲ့ချီကြာအောင်အနားယူပြီးမှ …

x