ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီးဝေဖန်တိုက်ခိုက်တဲ့သူတွေကို မထင်မှတ်ထားတဲ့နည်းနဲ့တုံ့ပြန်လိုက်တဲ့ Seolhyun

အနုပညာရှင်တွေကတော့ ပရိသတ်တွေရဲ့ချစ်ခြင်းကိုရရှိသလို ဆိုးဆိုးဝါးဝါးဝေဖန်ခံရတာမျိုးတွေလည်း ကြုံရတဲ့သူတွေပါ။ Seolhyun ကတော့ သူ့ရဲ့ရုပ်ရည်သွင်ပြင်ကို မမှတ်မိနိုင်လောက်အောင်ဖြစ်တယ် Seolhyunတစ်ယောက်ဘာလို့ဒီလိုပုံဖြစ်သွားတာလဲ စသဖြင့် ဝေဖန်တာကိုခံခဲ့ရတာဖြစ်ပြီး ဒီလိုဝေဖန်ခံရတဲ့အပေါ်လှလှပပလေးတုံ့ပြန်သွားခဲ့တာကိုတွေ့ရပါတယ်။


ပရိသတ်တွေဝေဖန်နေတဲ့ပုံကတော့ “The Killer’s Shopping List” ဆိုတဲ့ ဒရမ်မာဇာတ်လမ်းထဲကပုံရိပ်တွေပဲဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်ခံရမှုတွေကြောင့် Seolhyun ကတော့ စိတ်ဓာတ်ကျတာ ဒေါသထွက်တာမျိုးမရှိဘဲနဲ့သူ့ရဲ့ဒရမ်မာအတွက် ပရိုမိုးရှင်းဆင်းခဲ့ပါသေးတယ်။ Seolhyunကတော့ အင်စတာဂရမ်မှာ ဝေဖန်ခံခဲ့ရတဲ့ပုံကိုတင်ခဲ့ပြီး “ကျွန်မဘယ်လိုဖြစ်သွားတာလဲဆိုတာသိချင်ရင် ဒီည ၁၀နာရီခွဲ The Killer’s Shopping List” ဆိုပြီး ရေးသားခဲ့ပါတယ်။


ပရိသတ်တွေကတော့ အခုလိုတုံ့ပြန်မှုကိုသဘောကျခဲ့ကြပြီး ဒီလုပ်ရပ်အပေါ်အပြုသဘောတုံ့ပြန်မှုတွေရရှိခဲ့ပါတယ်။ အနုပညာရှင်တွေဆိုတာကတော့ ဝေဖန်ခံရတာတွေကိုကြုံတွေ့ရနိုင်ပြီး အခုလိုမျိုးပါးနပ်စွာတုံ့ပြန်တာကတော့ ချီးကျူးစရာပါပဲ။ Seolhyun ကတော့ လှလည်းလှသလို ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

႐ုပ္ရည္သြင္ျပင္နဲ႔ပတ္သက္ၿပီးေဝဖန္တိုက္ခိုက္တဲ့သူေတြကို မထင္မွတ္ထားတဲ့နည္းနဲ႔တုံ႔ျပန္လိုက္တဲ့ Seolhyun

အႏုပညာရွင္ေတြကေတာ့ ပရိသတ္ေတြရဲ႕ခ်စ္ျခင္းကိုရရွိသလို ဆိုးဆိုးဝါးဝါးေဝဖန္ခံရတာမ်ိဳးေတြလည္း ႀကဳံရတဲ့သူေတြပါ။ Seolhyun ကေတာ့ သူ႔ရဲ႕႐ုပ္ရည္သြင္ျပင္ကို မမွတ္မိႏိုင္ေလာက္ေအာင္ျဖစ္တယ္ Seolhyunတစ္ေယာက္ဘာလို႔ဒီလိုပုံျဖစ္သြားတာလဲ စသျဖင့္ ေဝဖန္တာကိုခံခဲ့ရတာျဖစ္ၿပီး ဒီလိုေဝဖန္ခံရတဲ့အေပၚလွလွပပေလးတုံ႔ျပန္သြားခဲ့တာကိုေတြ႕ရပါတယ္။


ပရိသတ္ေတြေဝဖန္ေနတဲ့ပုံကေတာ့ “The Killer’s Shopping List” ဆိုတဲ့ ဒရမ္မာဇာတ္လမ္းထဲကပုံရိပ္ေတြပဲျဖစ္ပါတယ္။ ေဝဖန္တိုက္ခိုက္ခံရမႈေတြေၾကာင့္ Seolhyun ကေတာ့ စိတ္ဓာတ္က်တာ ေဒါသထြက္တာမ်ိဳးမရွိဘဲနဲ႔သူ႔ရဲ႕ဒရမ္မာအတြက္ ပ႐ိုမိုးရွင္းဆင္းခဲ့ပါေသးတယ္။ Seolhyunကေတာ့ အင္စတာဂရမ္မွာ ေဝဖန္ခံခဲ့ရတဲ့ပုံကိုတင္ခဲ့ၿပီး “ကြၽန္မဘယ္လိုျဖစ္သြားတာလဲဆိုတာသိခ်င္ရင္ ဒီည ၁၀နာရီခြဲ The Killer’s Shopping List” ဆိုၿပီး ေရးသားခဲ့ပါတယ္။
ပရိသတ္ေတြကေတာ့ အခုလိုတုံ႔ျပန္မႈကိုသေဘာက်ခဲ့ၾကၿပီး ဒီလုပ္ရပ္အေပၚအျပဳသေဘာတုံ႔ျပန္မႈေတြရရွိခဲ့ပါတယ္။ အႏုပညာရွင္ေတြဆိုတာကေတာ့ ေဝဖန္ခံရတာေတြကိုႀကဳံေတြ႕ရႏိုင္ၿပီး အခုလိုမ်ိဳးပါးနပ္စြာတုံ႔ျပန္တာကေတာ့ ခ်ီးက်ဴးစရာပါပဲ။ Seolhyun ကေတာ့ လွလည္းလွသလို ထက္ျမက္တဲ့မိန္းကေလးတစ္ေယာက္ပါပဲေနာ္။

 

 

Check Also

(၂) နှစ်ကြာပြီးနောက် ဗီလိန်ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေဆီပြန်လာနိုင်ဖွယ်ရှိတဲ့ မင်းသမီး Lee Min Jung

မင်းသမီးချော Lee Min Jung ကတော့ ပရိသတ်တွေရင်းနှီးပြီးသားမင်းသမီးတစ်လက်ဖြစ်သလို နာမည်ကြီးမင်းသားဖြစ်တဲ့ Lee Byung Hun ရဲ့ဇနီးအဖြစ်လည်း ပရိသတ်တွေသိကြပါသေးတယ်။ သူကတော့ ရုပ်ရှင်ဇာတ်ကားတွေကိုဆက်တိုက်ရိုက်ကူးတာမျိုးမဟုတ်ဘဲ နှစ်နဲ့ချီကြာအောင်အနားယူပြီးမှ …

x