မယုံကြည်နိုင်လောက်စရာများပြားတဲ့ငွေကြေးပမာဏကို သူကိုယ်တိုင်ဖွဲ့စည်းတည်ထောင်ထားတဲ့ကေပေါပ့်အဖွဲ့အတွက်အသုံးပြုခဲ့တဲ့ Rain

တောင်ကိုရီးယားနိုင်ငံရဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Rain ကိုတော့ မသိသူမရှိလောက်ပါဘူး။ သူကတော့ အဆိုတော်၊မင်းသားတစ်ယောက်အဖြစ်အလွန်အောင်မြင်သလို ကိုယ်ပိုင်ကုမ္ပဏီကိုတည်ထောင်ထားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ Rain ကတော့ သူ့ရဲ့ကုမ္ပဏီအတွက် စိတ်ရောကိုယ်ပါရင်းနှီးမြှုပ်နှံထားတာကတော့ ပရိသတ်တွေအံ့သြစရာဖြစ်ခဲ့ပါတယ်။


Rain ကတော့ ကိုယ်ပိုင်အေဂျင်စီတစ်ခုတည်ထောင်ထားသလို Ciipher ဆိုတဲ့အမျိုးသားအိုင်ဒေါအဖွဲ့ကိုလည်းမိတ်ဆက်ခဲ့ပါတယ်။ tvN ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ “Take Good Care of My Week” မှာတော့ Rain နဲ့အတူ Ciipher အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Tan ကပါဝင်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာတော့ ကေပေါပ့်အဖွဲ့အပေါ်ကိုဘယ်လောက်ရင်းနှီးမြှုပ်နှံထားလဲဆိုတဲ့အပေါ် Rain ကတော့ “အိမ်တစ်လုံးဝယ်လို့ရလောက်တဲ့ပမာဏကိုရင်းနှီးမြှုပ်နှံထားတာပါ။ ဒီအတွက်လည်းနောင်တမရဘူး” လို့ဆိုခဲ့တဲ့အပြင် Tan ရဲ့အလားအလာတွေအပေါ်ယုံကြည်မှုရှိတယ်လို့ ဆိုပါတယ်။


တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို့မှာတော့ အိမ်တစ်လုံးဟာ (၁.၁၉ )ဘီလီယံဝမ်တန်ဖိုးရှိပြီး အမေရိကန်ဒေါ်လာ(၁)သန်းခန့်တန်ကြေးရှိပါတယ်။ ဒါကြောင့် Rain ကတော့ Ciipher အဖွဲ့အပေါ်မှာ အမေရိကန်ဒေါ်လာ(၁)သန်းနီးပါးအကုန်အကျခံထားတယ်လို့ ဆိုလိုပါတယ်။ Rain ကတော့ Rain Company ကို (၂၀၂၁)ခုနှစ်မှာတည်ထောင်ခဲ့တာဖြစ်ပြီး Ciipher အဖွဲ့ကို Tan ၊ Hwi၊ Hyunbin၊ Keita၊ Tag၊Dohwan နဲ့ Won စတဲ့အဖွဲ့ဝင်(၇)ဦးနဲ့ဖွဲ့စည်းထားတာပါ။ သူတို့တွေကိုတော့ နာမည်ကျော်အဆိုပြိုင်ပွဲတွေကနေ ရွေးချယ်ထားတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

မယုံၾကည္ႏိုင္ေလာက္စရာမ်ားျပားတဲ့ေငြေၾကးပမာဏကို သူကိုယ္တိုင္ဖြဲ႕စည္းတည္ေထာင္ထားတဲ့ေကေပါပ့္အဖြဲ႕အတြက္အသုံးျပဳခဲ့တဲ့ Rain

ေတာင္ကိုရီးယားႏိုင္ငံရဲ႕အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ Rain ကိုေတာ့ မသိသူမရွိေလာက္ပါဘူး။ သူကေတာ့ အဆိုေတာ္၊မင္းသားတစ္ေယာက္အျဖစ္အလြန္ေအာင္ျမင္သလို ကိုယ္ပိုင္ကုမၸဏီကိုတည္ေထာင္ထားတဲ့ သူတစ္ေယာက္လည္းျဖစ္ပါတယ္။ Rain ကေတာ့ သူ႔ရဲ႕ကုမၸဏီအတြက္ စိတ္ေရာကိုယ္ပါရင္းႏွီးျမႇဳပ္ႏွံထားတာကေတာ့ ပရိသတ္ေတြအံ့ၾသစရာျဖစ္ခဲ့ပါတယ္။


Rain ကေတာ့ ကိုယ္ပိုင္ေအဂ်င္စီတစ္ခုတည္ေထာင္ထားသလို Ciipher ဆိုတဲ့အမ်ိဳးသားအိုင္ေဒါအဖြဲ႕ကိုလည္းမိတ္ဆက္ခဲ့ပါတယ္။ tvN ရဲ႕ အစီအစဥ္တစ္ခုျဖစ္တဲ့ “Take Good Care of My Week” မွာေတာ့ Rain နဲ႔အတူ Ciipher အဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ Tan ကပါဝင္ခဲ့ပါတယ္။ ဒီအစီအစဥ္မွာေတာ့ ေကေပါပ့္အဖြဲ႕အေပၚကိုဘယ္ေလာက္ရင္းႏွီးျမႇဳပ္ႏွံထားလဲဆိုတဲ့အေပၚ Rain ကေတာ့ “အိမ္တစ္လုံးဝယ္လို႔ရေလာက္တဲ့ပမာဏကိုရင္းႏွီးျမႇဳပ္ႏွံထားတာပါ။ ဒီအတြက္လည္းေနာင္တမရဘူး” လို႔ဆိုခဲ့တဲ့အျပင္ Tan ရဲ႕အလားအလာေတြအေပၚယုံၾကည္မႈရွိတယ္လို႔ ဆိုပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံဆိုးလ္ၿမိဳ႕မွာေတာ့ အိမ္တစ္လုံးဟာ (၁.၁၉ )ဘီလီယံဝမ္တန္ဖိုးရွိၿပီး အေမရိကန္ေဒၚလာ(၁)သန္းခန႔္တန္ေၾကးရွိပါတယ္။ ဒါေၾကာင့္ Rain ကေတာ့ Ciipher အဖြဲ႕အေပၚမွာ အေမရိကန္ေဒၚလာ(၁)သန္းနီးပါးအကုန္အက်ခံထားတယ္လို႔ ဆိုလိုပါတယ္။ Rain ကေတာ့ Rain Company ကို (၂၀၂၁)ခုႏွစ္မွာတည္ေထာင္ခဲ့တာျဖစ္ၿပီး Ciipher အဖြဲ႕ကို Tan ၊ Hwi၊ Hyunbin၊ Keita၊ Tag၊Dohwan နဲ႔ Won စတဲ့အဖြဲ႕ဝင္(၇)ဦးနဲ႔ဖြဲ႕စည္းထားတာပါ။ သူတို႔ေတြကိုေတာ့ နာမည္ေက်ာ္အဆိုၿပိဳင္ပြဲေတြကေန ေ႐ြးခ်ယ္ထားတာလည္း ျဖစ္ပါတယ္။

 

Check Also

(၂) နှစ်ကြာပြီးနောက် ဗီလိန်ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေဆီပြန်လာနိုင်ဖွယ်ရှိတဲ့ မင်းသမီး Lee Min Jung

မင်းသမီးချော Lee Min Jung ကတော့ ပရိသတ်တွေရင်းနှီးပြီးသားမင်းသမီးတစ်လက်ဖြစ်သလို နာမည်ကြီးမင်းသားဖြစ်တဲ့ Lee Byung Hun ရဲ့ဇနီးအဖြစ်လည်း ပရိသတ်တွေသိကြပါသေးတယ်။ သူကတော့ ရုပ်ရှင်ဇာတ်ကားတွေကိုဆက်တိုက်ရိုက်ကူးတာမျိုးမဟုတ်ဘဲ နှစ်နဲ့ချီကြာအောင်အနားယူပြီးမှ …

x