‘The Sound of Magic’ ဒရမ်မာအတွက် ဇာတ်ဝင်တေးကို အလကားအသုံးပြုခွင့်ပေးခဲ့တာကြောင့် ချီးကျူးခံခဲ့ရတဲ့ IU

Posted on

လက်ရှိထုတ်လွှင့်ပြသခဲ့ပြီဖြစ်တဲ့ Netflix စီးရီးတစ်ခုဖြစ်တဲ့ The Sound of Magic ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာဖြစ်သူ Kim Seong Yoon ကတော့ IU ကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဒါရိုက်တာ Kim Seong Yoon ကတော့ The Sound of Magic ဇာတ်လမ်းတွဲရဲ့ဇာတ်သိမ်းခန်းမှာ IU ရဲ့တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Knees ကို အသုံးပြုဖို့နဲ့ Lee Ji Eunဆိုတဲ့ IU ရဲ့နာမည်ကိုအသုံးပြုချင်တာကြောင့် မူပိုင်ခွင့်နဲ့ပတ်သက်ပြီးဝယ်ယူဖို့အတွက် ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဆက်သွယ်ခဲ့ရာမှာ IU ကတော့ “ကိုယ်တိုင်ရေးစပ်ထားတဲ့သီချင်းဖြစ်တာကြောင့် အသုံးပြုလို့ရတယ်” လို့ဆိုပါတယ်။ အဲ့ဒီအတွက်လည်း အရမ်းကိုကျေးဇူးတင်ခဲ့ပါတယ်။


Knees ဆိုတဲ့သီချင်းဟာ IU ကို ကိုယ်စားပြုတယ်ဆိုပြီး ကိုယ်တိုင်ရွေးချယ်ထားတဲ့ အဓိပ္ပာယ်ရှိတဲ့သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ IU ကတော့ သူသေဆုံးသွားတဲ့အချိန်မှာ သူ့ကို ကိုယ်စားပြုတဲ့သီချင်းတွေအဖြစ်အမှတ်ရနေမှာကတော့ Hear ၊ Knees နဲ့ Night Letter ဆိုတဲ့သီချင်းတွေဆိုပြီးတော့ ပြောဆိုခဲ့ဖူးပါတယ်။ ‘The Sound of Magic’ ကတော့ တေးဂီတကိုနောက်ခံထားတဲ့ လျို့ဝှက်ဆန်းကြယ်ဒရမ်မာဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲလေးကတော့ စွန့်ပစ်ထားတဲ့ပန်းခြံထဲမှာနေထိုင်တဲ့ မှော်ဆရာတစ်ယောက်နဲ့ အရွယ်နဲမလိုက်အောင် လောကဓံကိုရင်ဆိုင်နေရတဲ့ဆယ်ကျော်သက်မိန်းကလေးတစ်ဦးကိုအခြေခံပြီးရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။


ဒီဒရမ်မာဇာတ်လမ်းကတော့ ကမ္ဘာနဲ့အဝှမ်းဖြန့်ချီခဲ့တာဖြစ်ပြီး လူကြိုက်များနေတာလည်း ဖြစ်ပါတယ်။ IU ကတော့ သူ့အတွက်တန်ဖိုးရှိလှတဲ့သီချင်းတစ်ပုဒ်ကို ဒီဇာတ်ကားအတွက်ငွေကြေးတစ်စုံတစ်ရာမယူဘဲနဲ့ အသုံးပြုခွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဘဝကိုခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီးနောက် အောင်မြင်မှုတွေရရှိနေချိန်မှာလည်း စိတ်ထားကောင်းမွန်လှတဲ့သူအဖြစ် ပရိသတ်တွေအချစ်ပိုနေရတဲ့ IU ပါပဲနော်။
Zawgyi ဖြင့်ဖတ်ရန်

‘The Sound of Magic’ ဒရမ္မာအတြက္ ဇာတ္ဝင္ေတးကို အလကားအသုံးျပဳခြင့္ေပးခဲ့တာေၾကာင့္ ခ်ီးက်ဴးခံခဲ့ရတဲ့ IU
လက္ရွိထုတ္လႊင့္ျပသခဲ့ၿပီျဖစ္တဲ့ Netflix စီးရီးတစ္ခုျဖစ္တဲ့ The Sound of Magic ဇာတ္လမ္းတြဲရဲ႕ ဒါ႐ိုက္တာျဖစ္သူ Kim Seong Yoon ကေတာ့ IU ကို ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ ဒါ႐ိုက္တာ Kim Seong Yoon ကေတာ့ The Sound of Magic ဇာတ္လမ္းတြဲရဲ႕ဇာတ္သိမ္းခန္းမွာ IU ရဲ႕ေတးသီခ်င္းတစ္ပုဒ္ျဖစ္တဲ့ Knees ကို အသုံးျပဳဖို႔နဲ႔ Lee Ji Eunဆိုတဲ့ IU ရဲ႕နာမည္ကိုအသုံးျပဳခ်င္တာေၾကာင့္ မူပိုင္ခြင့္နဲ႔ပတ္သက္ၿပီးဝယ္ယူဖို႔အတြက္ ဆက္သြယ္ခဲ့တာ ျဖစ္ပါတယ္။ ဒီလိုဆက္သြယ္ခဲ့ရာမွာ IU ကေတာ့ “ကိုယ္တိုင္ေရးစပ္ထားတဲ့သီခ်င္းျဖစ္တာေၾကာင့္ အသုံးျပဳလို႔ရတယ္” လို႔ဆိုပါတယ္။ အဲ့ဒီအတြက္လည္း အရမ္းကိုေက်းဇူးတင္ခဲ့ပါတယ္။


Knees ဆိုတဲ့သီခ်င္းဟာ IU ကို ကိုယ္စားျပဳတယ္ဆိုၿပီး ကိုယ္တိုင္ေ႐ြးခ်ယ္ထားတဲ့ အဓိပၸာယ္ရွိတဲ့သီခ်င္းတစ္ပုဒ္လည္း ျဖစ္ပါတယ္။ IU ကေတာ့ သူေသဆုံးသြားတဲ့အခ်ိန္မွာ သူ႔ကို ကိုယ္စားျပဳတဲ့သီခ်င္းေတြအျဖစ္အမွတ္ရေနမွာကေတာ့ Hear ၊ Knees နဲ႔ Night Letter ဆိုတဲ့သီခ်င္းေတြဆိုၿပီးေတာ့ ေျပာဆိုခဲ့ဖူးပါတယ္။ ‘The Sound of Magic’ ကေတာ့ ေတးဂီတကိုေနာက္ခံထားတဲ့ လ်ိဳ႕ဝွက္ဆန္းၾကယ္ဒရမ္မာဇာတ္လမ္းေလးျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲေလးကေတာ့ စြန႔္ပစ္ထားတဲ့ပန္းၿခံထဲမွာေနထိုင္တဲ့ ေမွာ္ဆရာတစ္ေယာက္နဲ႔ အ႐ြယ္နဲမလိုက္ေအာင္ ေလာကဓံကိုရင္ဆိုင္ေနရတဲ့ဆယ္ေက်ာ္သက္မိန္းကေလးတစ္ဦးကိုအေျခခံၿပီး႐ိုက္ကူးထားတာလည္း ျဖစ္ပါတယ္။
ဒီဒရမ္မာဇာတ္လမ္းကေတာ့ ကမာၻနဲ႔အဝွမ္းျဖန႔္ခ်ီခဲ့တာျဖစ္ၿပီး လူႀကိဳက္မ်ားေနတာလည္း ျဖစ္ပါတယ္။ IU ကေတာ့ သူ႔အတြက္တန္ဖိုးရွိလွတဲ့သီခ်င္းတစ္ပုဒ္ကို ဒီဇာတ္ကားအတြက္ေငြေၾကးတစ္စုံတစ္ရာမယူဘဲနဲ႔ အသုံးျပဳခြင့္ေပးခဲ့တာလည္း ျဖစ္ပါတယ္။ ဘဝကိုခက္ခက္ခဲခဲ႐ုန္းကန္ခဲ့ရၿပီးေနာက္ ေအာင္ျမင္မႈေတြရရွိေနခ်ိန္မွာလည္း စိတ္ထားေကာင္းမြန္လွတဲ့သူအျဖစ္ ပရိသတ္ေတြအခ်စ္ပိုေနရတဲ့ IU ပါပဲေနာ္။