ပရိသတ်တွေကြားလူပြောများနေတဲ့ ဇာတ်လမ်းတွဲအသစ်ရဲ့ရိုက်ကွင်းမှ Song Hye Kyo ရဲ့ပုံရိပ်

မင်းသမီးချော Song Hyo Kyo ကတော့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပြီး အမြဲနုပျိုပြီးချစ်စရာကောင်းတဲ့ပုံရိပ်ကိုထိန်းသိမ်းထားနိုင်သူတစ်ယောက်ပါ။ မင်းသမီးရဲ့ဓာတ်ပုံအသစ်တက်လာတိုင်းလူပြောများသလို အခုလည်း ချစ်စရာကောင်းတဲ့ရုပ်ရှင်ရိုက်ကွင်းကပုံရိပ်တွေကို ပရိသတ်တွေက စိတ်ဝင်စားနေကြပြန်တာပါ။


Song Hye Kyo ကတော့ ခွေးလေးတစ်ကောင်နဲ့အတူဓာတ်ပုံရိုက်ထားပြီး ချစ်စရာကောင်းတဲ့ Gaeulie လေးနဲ့ ရိုက်ကွင်းမှာတွေ့ခဲ့ရတဲ့အကြောင်းကို အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ ဒီခွေးလေးကတော့ မင်းသား Lee Do Hyun ရဲ့အချစ်တော်ခွေးလေးဖြစ်ပါတယ်။ Lee Doo Hyunကတော့ လက်ရှိမှာ မင်းသမီး Song Hye Kyo နဲ့အတူ “The Glory ” ဆိုတဲ့ ဇာတ်လမ်းတွဲကို အတူရိုက်ကူးနေကြတာလည်း ဖြစ်ပါတယ်။


ဒီဇာတ်လမ်းတွဲကတော့ ဗိသုကာပညာရှင်တစ်ယောက်ဖြစ်လိုတဲ့ အထက်တန်းကျောင်းသူလေးအကြောင်းကိုအခြေတည်ထားတာပါ။ ဒီဇာတ်လမ်းမှာ သူဟာ ကျောင်းတွင်းမှာအနိုင်ကျင့်ခံရမှုကြောင့် ကျောင်းထွက်တဲ့အထိဖြစ်ခဲ့ရပြီး အနိုင်ကျင့်ခဲ့သူရဲ့သားသမီးကိုပြန်လည်စာသင်ပေးရတဲ့ဆရာမတစ်ယောက်ဖြစ်လာတဲ့အခါ အိမ်မက်တွေနဲ့ဝေးကွာခဲ့ရတဲ့သူ့အတွက် လက်စားချေဖို့ရလာတဲ့အခွင့်အရေးရလာသူတဲ့အကြောင်းကို ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်




Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x