Lee Seung Gi နဲ့ Lee Da In တို့စုံတွဲ ဘူဆန်မှာဒိတ်နေကြသလား

Posted on

အနုပညာရှင်တွေကိုအမြဲဂရုစိုက်နေတဲ့ပရိသတ်တွေကတော့ မင်းသားချော Lee Seung Gi နဲ့ Lee Da Inတို့စုံတွဲဟာ တူညီတဲ့နေရာတစ်ခုကိုရောက်ရှိနေပြီး ဒိတ်တင်ထွက်နေကြတယ်လို့ ယူဆနေကြပါတယ်။ သူတို့နှစ်ဦးရဲ့အင်စတာဂရမ်ကပုံတွေကိုကြည့်ပြီးတော့ ကောက်ချက်ချခဲ့ကြတာလည်း ဖြစ်ပါတယ်။


မေလ(၁၂)ရက်နေ့မှာ မင်းသား Lee Seung Gi ကတော့အနုပညာပြပွဲတစ်ခုကိုရောက်ရှိနေပြီး “2022 ART BUSAN” ဆိုပြီးတော့ အင်စတာဂရမ်မှာပိုစ့်တစ်ခုတင်ခဲ့ပါတယ်။ ဒီပိုစ့်မှာတော့ Lee Seung Gi ဟာ ဦးထုပ်ဆောင်းထားပြီးရှပ်အကျီင်္ကိုဝတ်ဆင်ထားကာ မှန်တစ်ခုရှေ့မှာဆဲလ်ဖီရိုက်ထားတာပဲ ဖြစ်ပါတယ်။ မင်းသမီး Lee Da Inကလည်း မေလ(၁၃)ရက်နေ့မှာ ဗီဒီယိုတစ်ခုတင်ခဲ့ပြီး ဒီထဲမှာတာ့အနက်ရောင်သိုးမွှေးအင်္ကျီကိုဝတ်ဆင်ထားပြီး Lee Da Inရဲ့နောက်ကမှန်မှာပေါ်နေတဲ့ပုံရိပ်ကြော်င့ Lee Seung Gi ရှိနေခဲ့တဲ့နေရာနဲ့အလားတူတဲ့နေရာမှာ ရှိနေခဲ့တယ်လို့ ယူဆရပါတယ်။


တစ်ရက်ခြားပြီးတင်ခဲ့တဲ့ပိုစ့်ဖြစ်တာကြောင့် သူတို့နှစ်ဦးတစ်နေရာတည်းမှာရှိနေမယ်လို့ အတိအကျတော့မပြောနိုင်သော်လည်း ပရိသတ်တွေက ထင်ကြေးပေးနေကြပါတယ်။ Lee Da In နဲ့ Lee Seung Gi တို့နှစ်ဦးကတော့ ပရိသတ်တွေကိုတရားဝင်အသိပေးပြီး လွန်ခဲ့တဲ့နှစ်ကတည်းက တွဲနေကြတဲ့စုံတွဲလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်



