ထူးခြားတဲ့လေဆိပ်ဖက်ရှင်ကြောင့် လူပြောများနေတဲ့ နာမည်ကြီးအမျိုးသမီးအိုင်ဒေါ

Posted on

မေလ(၁၃)ရက်နေ့ကတော့ နာမည်ကြီးအမျိုးသမီးအိုင်ဒေါတစ်ယောက်ကတော့ မြင်တွေ့နေကျပုံစံနဲ့ကွဲပြားတဲ့လေဆိပ်ဖက်ရှင်ကိုဝတ်ဆင်ခဲ့ပါတယ်။ ဒီဖက်ရှင်ကတော့ အနောက်ကနေကြည့်မယ်ဆိုရင် သူရဲ့အတွင်းခံဘရာကို အတိုင်းသားမြင်နေရတာလည်း ဖြစ်ပါတယ်။ ဒီဖက်ရှင်ကိုဝတ်ဆင်လာသူကတော့ (G)I-DLE အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သလို ရက်ပါတစ်ယောက်ဖြစ်တဲ့ Soyeon ပဲဖြစ်ပါတယ်။


သူကတော့ ဂျာမဏီကနေပြီးတောင်ကိုရီးယားကို “K-pop Flex” ဆိုတဲ့ ကေပေါပ့်ဖျော်ဖြေပွဲအတွက် ပြန်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဖက်ရှင်ကြောင့်ပဲ လေဆိပ်မှာတော့ မီဒီယာတွေရှေ့မှာ အာရုံစိုက်ခံရမှုအများဆုံးသူလည်း ဖြစ်ခဲ့ပါတယ်။ Soyeon ကတော့ ကာကီဘောင်းဘီကို ထွင်းဖောက်မြင်ရတဲ့အင်္ကျီနဲ့တွဲဖက်ဝတ်ဆင်ထားခဲတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အမိုက်စားအင်္ကျီကတော့ အနောက်ပိုင်းမှာကြိုးနှစ်ကြောင်းကလွဲလို့ဘာမှမရှိတာကြောင့်အရှေ့ဘက်နဲ့အတော်လေးကွဲပြားနေတာပါ။


Soyeonကတော့ အမိုက်စားလေဆိပ်ဖက်ရှင်နဲ့ လေဆိပ်ကလူတွေရဲ့အကြည့်တွေကို ဖမ်စားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ Soyeonရဲ့ အခုလိုအမိုက်စားဖက်ရှင်နဲ့တောက်ပနေတာကို သဘောကျနေကြပြီး ကောင်းမွန်တဲ့မှတ်ချက်တွေလည်း ပေးခဲ့ကြပါတယ်။
Zawgyi ဖြင့်ဖတ်ရန်


