ကေပေါပ့်အဖွဲ့အသစ်တစ်ခုဖြစ်တဲ့ LE SSERAFIM ကိုတော့ HYBE နဲ့ Source Music ကနေပြီးတော့ မွေးထုတ်ပေးခဲ့တာဖြစ်ပြီး အခုဆိုရင် Fearless ဆိုတဲ့သီချင်းတစ်ပုဒ်နဲ့ပွဲဦးထွက်ခဲ့ပါတယ်။ ဒီသီချင်းကတော့အတော်လေးလူကြိုက်များခဲ့ပြီး ပရိသတ်တွေကြားရေပန်းစားခဲ့တာလည်း ဖြစ်ပါတယ်။ အောင်မြင်မှုတွေနဲ့ပွဲဦးထွက်လာတဲ့ LE SSERAFIM ရဲ့အဖွဲ့ဝင်တစ်ယောက်ကတော့ ဝေဖန်မှုတွေနဲ့ကြုံတွေ့နေရတာပါ။
အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Kim Garam ကတော့ ကျောင်းတွင်းအနိုင်ကျင့်မှုလုပ်ခဲ့တယ်ဆိုပြီး ဒီရက်ပိုင်းမှာသတင်းတွေထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင်ကျောင်းမှာလည်း သတိပေးစာထုတ်ပြန်ခံခဲ့ရတယ်ဆိုပြီးတော့ စာတစ်စောင်ကအွန်လိုင်းမှာပျံ့နှံ့ခဲ့ပါတယ်။ ဒီလိုသတင်းတွေနဲ့ပတ်သက်ပြီး HYBE နဲ့ Source Music တို့ကတော့ တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မေလ(၁၆)ရက်နေ့မှာတော့ အခုလိုကောလာဟလတွေထွက်ရှိခဲ့တာနဲ့ပတ်သက်ပြီး တရားဥပဒေအရအရေးယူဖို့စတင်နေပြီဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို တရားရေးဆိုင်ရာလုပ်ထုံးလုပ်နည်းတွေအတိုင်း ထုတ်ဖော်သွားမယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် ကောလာဟလတွေလိုမဟုတ်ဘဲ အဖွဲ့ဝင်ကိုယ်တိုင်ဟာလည်း ဆိုးဝါးတဲ့မှတ်ချက်တွေနဲ့ အင်တာနက်ကနေပြီးတော့မဟုတ်မမှန်တဲ့သတင်းတွေရဲ့အနိုင်ကျင့်ခံရတဲ့သူဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
ေက်ာင္းတြင္းမွာအႏိုင္က်င့္မႈလုပ္ခဲ့တယ္ဆိုၿပီးစြပ္စြဲခံရတဲ့ LE SSERAFIM အဖြဲ႕ဝင္ Kim Garam နဲ႔ပတ္သက္ၿပီးတရားဝင္ထုတ္ျပန္ေၾကညာခဲ့
ေကေပါပ့္အဖြဲ႕အသစ္တစ္ခုျဖစ္တဲ့ LE SSERAFIM ကိုေတာ့ HYBE နဲ႔ Source Music ကေနၿပီးေတာ့ ေမြးထုတ္ေပးခဲ့တာျဖစ္ၿပီး အခုဆိုရင္ Fearless ဆိုတဲ့သီခ်င္းတစ္ပုဒ္နဲ႔ပြဲဦးထြက္ခဲ့ပါတယ္။ ဒီသီခ်င္းကေတာ့အေတာ္ေလးလူႀကိဳက္မ်ားခဲ့ၿပီး ပရိသတ္ေတြၾကားေရပန္းစားခဲ့တာလည္း ျဖစ္ပါတယ္။ ေအာင္ျမင္မႈေတြနဲ႔ပြဲဦးထြက္လာတဲ့ LE SSERAFIM ရဲ႕အဖြဲ႕ဝင္တစ္ေယာက္ကေတာ့ ေဝဖန္မႈေတြနဲ႔ႀကဳံေတြ႕ေနရတာပါ။
အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ Kim Garam ကေတာ့ ေက်ာင္းတြင္းအႏိုင္က်င့္မႈလုပ္ခဲ့တယ္ဆိုၿပီး ဒီရက္ပိုင္းမွာသတင္းေတြထြက္ရွိလာခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ေက်ာင္းမွာလည္း သတိေပးစာထုတ္ျပန္ခံခဲ့ရတယ္ဆိုၿပီးေတာ့ စာတစ္ေစာင္ကအြန္လိုင္းမွာပ်ံ႕ႏွံ႔ခဲ့ပါတယ္။ ဒီလိုသတင္းေတြနဲ႔ပတ္သက္ၿပီး HYBE နဲ႔ Source Music တို႔ကေတာ့ တရားဝင္ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ေမလ(၁၆)ရက္ေန႔မွာေတာ့ အခုလိုေကာလာဟလေတြထြက္ရွိခဲ့တာနဲ႔ပတ္သက္ၿပီး တရားဥပေဒအရအေရးယူဖို႔စတင္ေနၿပီျဖစ္ၿပီး အေသးစိတ္အခ်က္အလက္ေတြကို တရားေရးဆိုင္ရာလုပ္ထုံးလုပ္နည္းေတြအတိုင္း ထုတ္ေဖာ္သြားမယ္လို႔ ေျပာခဲ့ပါတယ္။ ဒါ့အျပင္ ေကာလာဟလေတြလိုမဟုတ္ဘဲ အဖြဲ႕ဝင္ကိုယ္တိုင္ဟာလည္း ဆိုးဝါးတဲ့မွတ္ခ်က္ေတြနဲ႔ အင္တာနက္ကေနၿပီးေတာ့မဟုတ္မမွန္တဲ့သတင္းေတြရဲ႕အႏိုင္က်င့္ခံရတဲ့သူျဖစ္ေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။