အလုပ်တွေရပ်နားထားသော်လည်း အနုပညာကြေးအမြင့်ဆုံးအဖြစ်ရပ်တည်ဆဲ သူတို့နှစ်ဦး

Posted on

ကိုရီးယားဒရမ်မာနဲ့ရုပ်ရှင်ဇာတ်ကားတွေမှာ မပါဝင်တဲ့အချိန်ကြာပြီဖြစ်သော်လည်း ဒီအနုပညာရှင်နှစ်ဦးကတော့ သြဇာလွှမ်းမိုးမှုရှိနေဆဲပါပဲ။ ကိုရီးယားရုပ်ရှင်နယ်ပယ်မှာတော့ မျက်နှာသစ်တွေအပြိုင်အဆိုင်ပေါ်ထွက်လာနေတာဖြစ်ပါတယ်။ အောင်မြင်မှုကိုဆက်လက်ထိန်းထားဖို့ဆိုရင်တော့ ပရော့ဂျက်အသစ်၊ ဆိုရှယ်မီဒီယာအသုံးပြုတာနဲ့ ပရိသတ်တွေနဲ့ထိတွေ့ဖို့လိုပါတယ်။ ဒါပေမဲ့လည်း ခြွင်းချက်အနေနဲ့ အနုပညာအလုပ်တွေမလုပ်ပေမယ့် အနုပညာဈေးမြင့်မားနေဆဲသူနှစ်ဦးကတော့ မင်းသမီး Lee Young Aeနဲ့ မင်းသား Won Bin တို့ပါပဲ။


နန်းတွင်းရတနာဇာတ်လမ်းတွဲကနေစပြီးပရိသတ်တွေချစ်ရတဲ့မင်းသမီး Lee Young Aeကတော့ နာမည်ကျော်မင်းသမီးတစ်လက်အဖြစ်ပရိသတ်တွေအချစ်ကိုရနေဆဲပါ။ သူကတော့ အချို့သောနှစ်တွေမှာအနုပညာလှုပ်ရှားမှုတွေကိုလုံးဝရပ်နားလေ့ရှိပြီး အနုပညာအလုပ်တွေကို ခပ်ကျဲကျဲသာလုပ်ကိုင်နေတာဖြစ်ပါတယ်။ အဲ့ဒီလိုအနုပညာလှုပ်ရှားမှုနည်းသော်လည်း ထိပ်တန်းမင်းသမီးအဖြစ်ရပ်တည်ဆဲဖြစ်ပြီး ဒိတ်ဒိတ်ကြဲမင်းသမီး Jun Ji Hyun ကဲ့သလို့ အနုပညာကြေးအလွန်မြင့်မားစွာရရှိနေတာပါ။


Lee Young Ae အပြင် မင်းသားချော Won Binကလည်းပဲသူ့ရဲ့အနုပညာသက်တမ်း(၂၅)နှစ်အတွင်းမှာ ရုပ်ရှင်နဲ့စီးရီး(၁၃)ခုသာရှိခဲ့ပါတယ်။ နောက်ဆုံးရိုက်ကူးခဲ့တာကတော့ (၂၀၁၀) ခုနှစ်မှာပါ။ သူကတော့ ဆိုရှယ်မီဒီယာကိုလုံးဝအသုံးမပြုတဲ့သူဖြစ်ပြီး အခုလိုနှစ်များစွာအနုပညာအလုပ်နဲ့ဝေးကွာနေခြင်းနဲ့ပတ်သက်ပြီး “ပရော့ဂျက်အသစ်ရတိုင်း နုလုံးသားနဲ့ခံစားတယ်။ အလုပ်လမ်းကြောင်းအတွက်လိုအပ်တယ်လို့ဦးနှောက်ကပြောရင်တောင် နှလုံးသားကလက်မခံရင် အဲ့ဒီဇာတ်ညွှန်းကို ငြင်းဆိုလေ့ရှိတယ်” လို့ ဆိုခဲ့ဖူးပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

အလုပ္ေတြရပ္နားထားေသာ္လည္း အႏုပညာေၾကးအျမင့္ဆုံးအျဖစ္ရပ္တည္ဆဲ သူတို႔ႏွစ္ဦး
ကိုရီးယားဒရမ္မာနဲ႔႐ုပ္ရွင္ဇာတ္ကားေတြမွာ မပါဝင္တဲ့အခ်ိန္ၾကာၿပီျဖစ္ေသာ္လည္း ဒီအႏုပညာရွင္ႏွစ္ဦးကေတာ့ ၾသဇာလႊမ္းမိုးမႈရွိေနဆဲပါပဲ။ ကိုရီးယား႐ုပ္ရွင္နယ္ပယ္မွာေတာ့ မ်က္ႏွာသစ္ေတြအၿပိဳင္အဆိုင္ေပၚထြက္လာေနတာျဖစ္ပါတယ္။ ေအာင္ျမင္မႈကိုဆက္လက္ထိန္းထားဖို႔ဆိုရင္ေတာ့ ပေရာ့ဂ်က္အသစ္၊ ဆိုရွယ္မီဒီယာအသုံးျပဳတာနဲ႔ ပရိသတ္ေတြနဲ႔ထိေတြ႕ဖို႔လိုပါတယ္။ ဒါေပမဲ့လည္း ႁခြင္းခ်က္အေနနဲ႔ အႏုပညာအလုပ္ေတြမလုပ္ေပမယ့္ အႏုပညာေဈးျမင့္မားေနဆဲသူႏွစ္ဦးကေတာ့ မင္းသမီး Lee Young Aeနဲ႔ မင္းသား Won Bin တို႔ပါပဲ။


နန္းတြင္းရတနာဇာတ္လမ္းတြဲကေနစၿပီးပရိသတ္ေတြခ်စ္ရတဲ့မင္းသမီး Lee Young Aeကေတာ့ နာမည္ေက်ာ္မင္းသမီးတစ္လက္အျဖစ္ပရိသတ္ေတြအခ်စ္ကိုရေနဆဲပါ။ သူကေတာ့ အခ်ိဳ႕ေသာႏွစ္ေတြမွာအႏုပညာလႈပ္ရွားမႈေတြကိုလုံးဝရပ္နားေလ့ရွိၿပီး အႏုပညာအလုပ္ေတြကို ခပ္က်ဲက်ဲသာလုပ္ကိုင္ေနတာျဖစ္ပါတယ္။ အဲ့ဒီလိုအႏုပညာလႈပ္ရွားမႈနည္းေသာ္လည္း ထိပ္တန္းမင္းသမီးအျဖစ္ရပ္တည္ဆဲျဖစ္ၿပီး ဒိတ္ဒိတ္ႀကဲမင္းသမီး Jun Ji Hyun ကဲ့သလို႔ အႏုပညာေၾကးအလြန္ျမင့္မားစြာရရွိေနတာပါ။
Lee Young Ae အျပင္ မင္းသားေခ်ာ Won Binကလည္းပဲသူ႔ရဲ႕အႏုပညာသက္တမ္း(၂၅)ႏွစ္အတြင္းမွာ ႐ုပ္ရွင္နဲ႔စီးရီး(၁၃)ခုသာရွိခဲ့ပါတယ္။ ေနာက္ဆုံး႐ိုက္ကူးခဲ့တာကေတာ့ (၂၀၁၀) ခုႏွစ္မွာပါ။ သူကေတာ့ ဆိုရွယ္မီဒီယာကိုလုံးဝအသုံးမျပဳတဲ့သူျဖစ္ၿပီး အခုလိုႏွစ္မ်ားစြာအႏုပညာအလုပ္နဲ႔ေဝးကြာေနျခင္းနဲ႔ပတ္သက္ၿပီး “ပေရာ့ဂ်က္အသစ္ရတိုင္း ႏုလုံးသားနဲ႔ခံစားတယ္။ အလုပ္လမ္းေၾကာင္းအတြက္လိုအပ္တယ္လို႔ဦးေႏွာက္ကေျပာရင္ေတာင္ ႏွလုံးသားကလက္မခံရင္ အဲ့ဒီဇာတ္ၫႊန္းကို ျငင္းဆိုေလ့ရွိတယ္” လို႔ ဆိုခဲ့ဖူးပါတယ္။