အရက်မူးပြီးကားမောင်းခဲ့တာကြောင့် ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးခြင်းခံနေရတဲ့ မင်းသမီး Kim Sae Ron

Posted on

မင်းသမီး Kim Sae Ron ကတော့ ကလေးဘဝကတည်းကသရုပ်ဆောင်လုပ်ကိုင်လာတာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးပြီးသားသူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ လက်ရှိမှာဆိုရင် အသက်(၂၁)နှစ်ရှိနေပြီဖြစ်ပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်လျက်ရှိနေတာပါ။


ဒီနေ့မနက်ပိုင်းမှာတော့ မင်းသမီးဟာ အရက်သောက်ပြီးကားမောင်းခဲ့တာကြောင့် ကားတိုက်မှုဖြစ်ခဲ့တယ်ဆိုတဲ့သတင်းထွက်ရှိလာခဲ့ပါတယ်။ မူမမှန်တဲ့ကားမောင်းနှင်မှုကိုတွေ့ရှိရတာကြောင့် ရဲတပ်ဖွဲ့ကစုံစမ်းဖို့ကြိုးစားတဲ့အခါမှာ လမ်းဘေးမှာရှိတဲ့အဆောက်အဦးကိုဝင်တိုက်မိခဲ့တာကိုတွေ့ရတာပါ။ ရဲတပ်ဖွဲ့ကရောက်လာတဲ့အခါမှာထွက်ပြေးဖို့ ကြိုးစားခဲ့တယ်လို့လည်း သိရပါတယ်။


လက်ရှိမှာတော့ စုံစမ်းစစ်ရေးခံနေရပြီး မင်းသမီးကေတေ့ာ အရက်သောက်ထားခြင်းရှိမရှိကိုbreathalyzer testကို ငြင်းဆိုခဲ့ပြီး ဆေးရုံမှာသွေးအဖြေစစ်ဆေးခြင်းကိုလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ကတော့ အသေးစိတ်အခြေအနေကိုစစ်ဆေးနေဆဲလို့ သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

အရက္မူးၿပီးကားေမာင္းခဲ့တာေၾကာင့္ ရဲတပ္ဖြဲ႕ရဲ႕စုံစမ္းစစ္ေဆးျခင္းခံေနရတဲ့ မင္းသမီး Kim Sae Ron
မင္းသမီး Kim Sae Ron ကေတာ့ ကေလးဘဝကတည္းကသ႐ုပ္ေဆာင္လုပ္ကိုင္လာတာေၾကာင့္ ပရိသတ္ေတြနဲ႔ရင္းႏွီးၿပီးသားသူတစ္ေယာက္ျဖစ္ပါတယ္။ သူကေတာ့ လက္ရွိမွာဆိုရင္ အသက္(၂၁)ႏွစ္ရွိေနၿပီျဖစ္ၿပီး အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ေဆာင္လ်က္ရွိေနတာပါ။


ဒီေန႔မနက္ပိုင္းမွာေတာ့ မင္းသမီးဟာ အရက္ေသာက္ၿပီးကားေမာင္းခဲ့တာေၾကာင့္ ကားတိုက္မႈျဖစ္ခဲ့တယ္ဆိုတဲ့သတင္းထြက္ရွိလာခဲ့ပါတယ္။ မူမမွန္တဲ့ကားေမာင္းႏွင္မႈကိုေတြ႕ရွိရတာေၾကာင့္ ရဲတပ္ဖြဲ႕ကစုံစမ္းဖို႔ႀကိဳးစားတဲ့အခါမွာ လမ္းေဘးမွာရွိတဲ့အေဆာက္အဦးကိုဝင္တိုက္မိခဲ့တာကိုေတြ႕ရတာပါ။ ရဲတပ္ဖြဲ႕ကေရာက္လာတဲ့အခါမွာထြက္ေျပးဖို႔ ႀကိဳးစားခဲ့တယ္လို႔လည္း သိရပါတယ္။
လက္ရွိမွာေတာ့ စုံစမ္းစစ္ေရးခံေနရၿပီး မင္းသမီးေကေတ့ာ အရက္ေသာက္ထားျခင္းရွိမရွိကိုbreathalyzer testကို ျငင္းဆိုခဲ့ၿပီး ေဆး႐ုံမွာေသြးအေျဖစစ္ေဆးျခင္းကိုလုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။ ရဲတပ္ဖြဲ႕ကေတာ့ အေသးစိတ္အေျခအေနကိုစစ္ေဆးေနဆဲလို႔ သိရပါတယ္။