ရိုက်ကွင်းကိုမုန့်ကားပို့ခဲ့တာကြောင့် Song Hye Kyo နဲ့မင်းသား Jung Kyung Ho တို့ကြားကရင်းနှီးတဲ့ခင်မင်မှုကိုသိသာစေခဲ့

Posted on

မင်းသား Jung Kyung Ho ကတော့ အစားအစာတွေပါဝင်တဲ့ထရပ်ကားကို Song Hye Kyo ရဲ့ရုပ်ရှင်ရိုက်ကူးရေးနေရာကို ပို့ပေးခဲ့ပါတယ်။ မေလ(၁၆)ရက်နေ့မှာတော့ Song Hye Kyo ဟာ မင်းသား Jung Kyung Ho ပေးပို့ခဲ့တဲ့မုန့်ကားကို အင်စတာဂရမ်မှာတင်ပေးခဲ့ပါတယ်။


ဒီမုန့်ကားမှာတော့ သောက်စရာအအေးမျိုးစုံပါဝင်ပြီး “ဘယ်အချိန်မှာပျောက်ကွယ်သွားမယ်မသိနိုင်တာကြောင့် အရသာရှိတဲ့မုန့်တွေနဲ့ အအေးတွေကို သုံးဆောင်ပါ။ Moon Dong Eunနဲ့ The Glory ဇာတ်လမ်းတွဲရဲ့သရုပ်ဆောင်နဲ့ဝန်ထမ်းတွေကို အားပေးနေပါတယ်။ မှ Kyung Ho” လို့ ရေးသားထားပါတယ်။ Song Hye Kyo ကတော့ ကျေးဇူးတင်ပါတယ် Kyung Ho ဆိုပြီးတော့ သူ့ရဲ့Storyမှာ ရေးသားခဲ့ပါတယ်။


Song Hye Kyo ကတော့ The Glory ဆိုတဲ့ဒရမ်မာကို ရိုက်ကူးနေတာ့ဖြစ်ပါတယ်။ ဒီဒရမ်မာကတော့လက်စားချေမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး အဓိကအမျိုးသမီးဇာတ်ဆောင်ကတော့ ကျောင်းတွင်းမှာအနိုင်ကျင့်ခံရမှုကြောင့် ဗိသုကာပညာရှင်ဖြစ်လိုတဲ့သူ့ရဲ့အိမ်မက်ကိုစွန့်လွှတ်ခဲ့ရတာပါ။ အနိုင်ကျင့်ခဲ့သူရဲ့သားသမီးကိုပြန်လည်စာသင်ပေးရတဲ့ဆရာမတစ်ယောက်ဖြစ်လာတဲ့အခါမှာတော့ လက်စားချေဖို့ရလာတဲ့အခွင့်အရေးကို ရလာခဲ့ပါတယ်။ နာမည်ကြီးမင်းသမီး Song Hye Kyo နဲ့အတူ မင်းသား Lee Do Hyun ကလည်း ပါဝင်မှာပါ။
Zawgyi ဖြင့်ဖတ်ရန်

႐ိုက္ကြင္းကိုမုန႔္ကားပို႔ခဲ့တာေၾကာင့္ Song Hye Kyo နဲ႔မင္းသား Jung Kyung Ho တို႔ၾကားကရင္းႏွီးတဲ့ခင္မင္မႈကိုသိသာေစခဲ့
မင္းသား Jung Kyung Ho ကေတာ့ အစားအစာေတြပါဝင္တဲ့ထရပ္ကားကို Song Hye Kyo ရဲ႕႐ုပ္ရွင္႐ိုက္ကူးေရးေနရာကို ပို႔ေပးခဲ့ပါတယ္။ ေမလ(၁၆)ရက္ေန႔မွာေတာ့ Song Hye Kyo ဟာ မင္းသား Jung Kyung Ho ေပးပို႔ခဲ့တဲ့မုန႔္ကားကို အင္စတာဂရမ္မွာတင္ေပးခဲ့ပါတယ္။


ဒီမုန႔္ကားမွာေတာ့ ေသာက္စရာအေအးမ်ိဳးစုံပါဝင္ၿပီး “ဘယ္အခ်ိန္မွာေပ်ာက္ကြယ္သြားမယ္မသိႏိုင္တာေၾကာင့္ အရသာရွိတဲ့မုန႔္ေတြနဲ႔ အေအးေတြကို သုံးေဆာင္ပါ။ Moon Dong Eunနဲ႔ The Glory ဇာတ္လမ္းတြဲရဲ႕သ႐ုပ္ေဆာင္နဲ႔ဝန္ထမ္းေတြကို အားေပးေနပါတယ္။ မွ Kyung Ho” လို႔ ေရးသားထားပါတယ္။ Song Hye Kyo ကေတာ့ ေက်းဇူးတင္ပါတယ္ Kyung Ho ဆိုၿပီးေတာ့ သူ႔ရဲ႕Storyမွာ ေရးသားခဲ့ပါတယ္။
Song Hye Kyo ကေတာ့ The Glory ဆိုတဲ့ဒရမ္မာကို ႐ိုက္ကူးေနတာ့ျဖစ္ပါတယ္။ ဒီဒရမ္မာကေတာ့လက္စားေခ်မယ့္ဇာတ္လမ္းတစ္ပုဒ္ျဖစ္ၿပီး အဓိကအမ်ိဳးသမီးဇာတ္ေဆာင္ကေတာ့ ေက်ာင္းတြင္းမွာအႏိုင္က်င့္ခံရမႈေၾကာင့္ ဗိသုကာပညာရွင္ျဖစ္လိုတဲ့သူ႔ရဲ႕အိမ္မက္ကိုစြန႔္လႊတ္ခဲ့ရတာပါ။ အႏိုင္က်င့္ခဲ့သူရဲ႕သားသမီးကိုျပန္လည္စာသင္ေပးရတဲ့ဆရာမတစ္ေယာက္ျဖစ္လာတဲ့အခါမွာေတာ့ လက္စားေခ်ဖို႔ရလာတဲ့အခြင့္အေရးကို ရလာခဲ့ပါတယ္။ နာမည္ႀကီးမင္းသမီး Song Hye Kyo နဲ႔အတူ မင္းသား Lee Do Hyun ကလည္း ပါဝင္မွာပါ။