မင်းသမီး Kim Sae Ron ဟာအရက်သောက်ပြီးကားတိုက်မှုဖြစ်ခဲ့တဲ့အတွက် တရားဝင်တောင်းပန်စာထုတ်ပြန်ခဲ့

Posted on

မနေ့ကမနက်ကတော့ မင်းသမီး Kim Sae Ron ဟာ အရက်သောက်ပြီးကားမောင်းခဲ့တာကြောင့် လမ်းဘေးမှာရှိတဲ့အဆောက်အအုံကိုတိုက်မိခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ အရက်သောက်ထားခြင်းရှိမရှိကိုသွေးစစ်ဆေးချက်လုပ်ထားတာလည်း ဖြစ်ပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းသမီးရဲ့အေဂျင်စီဖြစ်တဲ့ Gold Medalist ကတော့ အခုအဖြစ်အပျက်အတွက်တောင်းပန်ခဲ့ပါတယ်။Kim Sae Ron ကတော့ သွေးအဖြေစစ်ဆေးခဲ့ပြီးနောက် အိမ်သို့ပြန်ရောက်နေပြီဖြစ်ပါတယ်။ သွေးစစ်ဆေးမှုရလဒ်ထွက်လာပြီးနောက်မှာလည်း စုံစမ်းစစ်ဆေးမှုတွေမှာ ပါဝင်သွားမှာလည်း ဖြစ်ပါတယ်။ အေဂျင်စီကတော့ အခုလိုအဖြစ်အပျက်အတွက်တောင်းပန်ထားပြီး မင်းသမီးနဲ့ပတ်သက်ပြီးတော့လည်း နောက်ပိုင်းမှာဒီလိုဖြစ်ရပ်မျိုးမဖြစ်အောင်ဂရုစိုက်သွားမယ်လို့ ဆိုပါတယ်။


Kim Sae Ron ကတော့ အခုလုပ်ရပ်အတွက် လေးလေးနက်နက်ဆင်ခြင်သုံးသပ်နေတာဖြစ်ပြီး အခုအဖြစ်အပျက်ကြောင့်အနှောင့်အယှက်ဖြစ်ရသူတွေကိုလည်း တောင်းပန်ခဲ့ပါတယ်။ ဒါ့အပြင် မင်းသမီးကတော့ အခုနှစ်အစောပိုင်းမှာရိုက်ကူးနေတဲ့ “Trolley” ဆိုတဲ့ဒရမ်မာမှ နှုတ်ထွက်ခဲ့ဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တယ်လို့ သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

မင္းသမီး Kim Sae Ron ဟာအရက္ေသာက္ၿပီးကားတိုက္မႈျဖစ္ခဲ့တဲ့အတြက္ တရားဝင္ေတာင္းပန္စာထုတ္ျပန္ခဲ့
မေန႔ကမနက္ကေတာ့ မင္းသမီး Kim Sae Ron ဟာ အရက္ေသာက္ၿပီးကားေမာင္းခဲ့တာေၾကာင့္ လမ္းေဘးမွာရွိတဲ့အေဆာက္အအုံကိုတိုက္မိခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ကေတာ့ အရက္ေသာက္ထားျခင္းရွိမရွိကိုေသြးစစ္ေဆးခ်က္လုပ္ထားတာလည္း ျဖစ္ပါတယ္။


ဒီကိစၥနဲ႔ပတ္သက္ၿပီး မင္းသမီးရဲ႕ေအဂ်င္စီျဖစ္တဲ့ Gold Medalist ကေတာ့ အခုအျဖစ္အပ်က္အတြက္ေတာင္းပန္ခဲ့ပါတယ္။Kim Sae Ron ကေတာ့ ေသြးအေျဖစစ္ေဆးခဲ့ၿပီးေနာက္ အိမ္သို႔ျပန္ေရာက္ေနၿပီျဖစ္ပါတယ္။ ေသြးစစ္ေဆးမႈရလဒ္ထြက္လာၿပီးေနာက္မွာလည္း စုံစမ္းစစ္ေဆးမႈေတြမွာ ပါဝင္သြားမွာလည္း ျဖစ္ပါတယ္။ ေအဂ်င္စီကေတာ့ အခုလိုအျဖစ္အပ်က္အတြက္ေတာင္းပန္ထားၿပီး မင္းသမီးနဲ႔ပတ္သက္ၿပီးေတာ့လည္း ေနာက္ပိုင္းမွာဒီလိုျဖစ္ရပ္မ်ိဳးမျဖစ္ေအာင္ဂ႐ုစိုက္သြားမယ္လို႔ ဆိုပါတယ္။
Kim Sae Ron ကေတာ့ အခုလုပ္ရပ္အတြက္ ေလးေလးနက္နက္ဆင္ျခင္သုံးသပ္ေနတာျဖစ္ၿပီး အခုအျဖစ္အပ်က္ေၾကာင့္အေႏွာင့္အယွက္ျဖစ္ရသူေတြကိုလည္း ေတာင္းပန္ခဲ့ပါတယ္။ ဒါ့အျပင္ မင္းသမီးကေတာ့ အခုႏွစ္အေစာပိုင္းမွာ႐ိုက္ကူးေနတဲ့ “Trolley” ဆိုတဲ့ဒရမ္မာမွ ႏႈတ္ထြက္ခဲ့ဖို႔အတြက္ ဆုံးျဖတ္ခ်က္ခ်ခဲ့တယ္လို႔ သိရပါတယ္။