ဒါရိုက်တာကိုယ်တိုင်တောင် အမှန်တကယ်ချစ်ကြိုက်နေကြပြီလားလို့တွေးမိတဲ့အထိ အနမ်းဇာတ်ဝင်ခန်းပီပြင်ခဲ့တဲ့သူတို့နှစ်ဦး

Posted on

ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲတွေကတော့ သရုပ်ဆောင်တွေပီပြင်လွန်းတာကြောင့် ပရိသတ်တွေကြားနာမည်ကြီးတာလည်း ဖြစ်ပါတယ်။ ဒရမ်မာရိုက်ကူးရင်းချစ်ကြိုက်ကာ လက်ထပ်သွားတဲ့စုံတွဲတွေတောင်ရှိပါတယ်။ ဒီစုံတွဲကတော့ သရုပ်ဆောင်ပီပြင်လွန်းတာကြောင့် ဒါရိုက်တာကိုယ်တိုင်တောင်မှ ချစ်ကြိုက်နေကြပြီလားလို့ထင်ခဲ့ရတာလည်း ဖြစ်ပါတယ်။


အဲ့ဒါကတော့ နာမည်ကြီးမင်းသမီးနဲ့မင်းသားဖြစ်တဲ့ Ji Chang Wook နဲ့ Kim Ji Wonတို့ ပါပဲ။ သူတို့နှစ်ဦးကတော့ “Loverstruck in the City” ဆိုတဲ့ ဇာတ်လမ်းတွဲကို (၂၀၂၀) ခုနှစ်မှာထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ Ji Chang Wook ကတော့ ဗိသုကာပညာရှင်အဖြစ်ပါဝင်ထားပြီး Kim Ji Wonကတော့ အလွတ်တန်းဈေးကွက်ထိုးဖောက်ရေးသမားတစ်ယောက်ပါ။ ရှုပ်ထွေးတဲ့မြို့ကြီးမှာဒီလူငယ်နှစ်ဦးရဲ့ရင်ခုန်စရာအချစ်ဇာတ်လမ်းလေးကိုပုံဖော်ထားတာဖြစ်ပြီး လိုက်ဖက်ညီတဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေကိုကြိုက်နှစ်သက်စေခဲ့ပါတယ်။


ဇာတ်လမ်းတွဲရဲ့ဒါရိုက်တာဖြစ်သူကတော့ “သရုပ်ဆောင်အချိတ်အဆက်မိလှတဲ့သူတို့နှစ်ယောက်ကို ပထမတော့ အရမ်းရင်းနှီးပြီးမောင်နှမပုံစံနဲ့တူတဲ့သူတို့နှစ်ယောက်က ချစ်သူတွေဖြစ်မှာကို စိတ်ပူခဲ့တယ်။ ရုပ်ရှင်ရိုက်ကူးပြီးတဲ့အခါမှာတော့ သူတို့နှစ်ယောက်ကတကယ်တွဲနေကြပြီလို့ထင်တာကြောင့် အရှုပ်တော်ပုံသတင်းတွေထွက်လာမှာကို စိုးရိမ်ခဲ့တယ်” လို့ ဆိုပါတယ်။
Zawgyi ဖြင့်ဖတ်ရန်


