ထုတ်လွှင့်ပြသဖို့စီစဉ်ပြီးကာမှ ဖျက်သိမ်းလိုက်တဲ့ Eve ဒရမ်မာဇာတ်လမ်းတွဲသစ်ရဲ့ Press Conference ပွဲ

Posted on

မင်းသမီးချော Seo Ye Ji ကတော့ ရည်စားဟောင်းရဲ့အရှုပ်တော်ပုံများပြီးနောက် တစ်နှစ်ကြာပြီးမှ ဒရမ်မာဇာတ်လမ်းတွဲသစ်နဲ့ ပရိသတ်တွေဆီပြန်လာတော့မှာလည်း ဖြစ်ပါတယ်။ Seo Ye Ji ကတော့ သရုပ်ဆောင်ပီပြင်လွန်းတာကြောင့်လည်း ပရိသတ်တွေရဲ့ကြိုက်နှစ်သက်အားပေးမှုကို ရရှိထားသူပါ။


သူကတော့ အခုဆိုရင် Eve ဆိုတဲ့ဒရမ်မာဇာတ်လမ်းတွဲသစ်ကိုရိုက်ကူးထားတာဖြစ်ပြီး tvN ရုပ်သံလိုင်းကထုတ်လွှင့်ပြသမှာလည်း ဖြစ်ပါတယ်။ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Gold Medalist ကတော့ ရုပ်ရှင်ရိုက်ကူးတဲ့အချိန်ဇယားနဲ့ post-production အခြေအနေတွေကြောင့် Press Conference ကျင်းပဖို့မဖြစ်နိုင်ကြောင်းကို ထုတ်ပြန်ခဲ့ပါတယ်။ မကြာသေးခင်ကတော့ ဇာတ်လမ်းတွဲထုတ်လွှင့်မယ့်ရက်ကို မေလ(၂၅)ရက်နေ့ကနေ ဇွန်လ(၁)ရက်နေ့ကို ပြောင်းခဲ့ပါတယ်။

Eve ဇာတ်လမ်းတွဲကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ထိပ်တန်းမိသားစုတစ်ခုနဲ့ပတ်သက်ပြီး နာကျင်ကြေမွစရာအတိတ်တွေကြောင့် လက်တုံ့ပြန်ဖို့အတွက် နှစ်ပေါင်း(၁၃)နှစ်ကြာ စောင့်နေခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝအကြောင်းကိုပုံဖော်ထားတာ ဖြစ်ပါတယ်။ Seo Ye Ji ကတော့ဖခင်ဖြစ်သူသေဆုံးမှုရဲ့သက်သေတစ်ယောက်ဖြစ်ပြီး (၁၃) နှစ်ကျော်ကြာတဲ့အခါမှာ ကိုရီးယားဝမ်(၃)ထရီလီယံရှိတဲ့ကွာရှင်းပြတ်စဲမှုမှာ အရေးပါတဲ့နေရာကနေပါဝင်လာခဲ့တဲ့ ဇာတ်လမ်းတွဲရဲ့အဓိကဇာတ်ဆောင် Lee Rael အဖြစ်နဲ့ ပါဝင်သွားမှာပါ။
Zawgyi ဖြင့်ဖတ်ရန်


