(၂) နှစ်ကြာပြီးနောက် ဗီလိန်ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေဆီပြန်လာနိုင်ဖွယ်ရှိတဲ့ မင်းသမီး Lee Min Jung

Posted on

မင်းသမီးချော Lee Min Jung ကတော့ ပရိသတ်တွေရင်းနှီးပြီးသားမင်းသမီးတစ်လက်ဖြစ်သလို နာမည်ကြီးမင်းသားဖြစ်တဲ့ Lee Byung Hun ရဲ့ဇနီးအဖြစ်လည်း ပရိသတ်တွေသိကြပါသေးတယ်။ သူကတော့ ရုပ်ရှင်ဇာတ်ကားတွေကိုဆက်တိုက်ရိုက်ကူးတာမျိုးမဟုတ်ဘဲ နှစ်နဲ့ချီကြာအောင်အနားယူပြီးမှ ပြန်လည်ရိုက်ကူးတာမျိုးလုပ်လေ့ရှိပါတယ်။


သူကတော့ ဇာတ်လမ်းတွဲတွေမှာမပါဝင်တာ(၂)နှစ်ခန့်ကြာပြီးနောက် ဒရမ်မာဇာတ်လမ်းတွဲအသစ်နဲ့အတူပရိသတ်တွေဆီပြန်လာတော့မှာပါ။ သူကတော့ “The Golden Age of Villains” ဆိုတဲ့ဇာတ်လမ်းတွဲမှာ ပါဝင်သွားမယ်လို့သိရပါတယ်။ ဒီဇာတ်ကားမှာပါဝင်ဖို့ကမ်းလှမ်းခံထားရတယ်လို့လည်း သိရပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ ရက်စက်ကြမ်းကြုတ်မှုမှာနာမည်ကြီးတဲ့ဗီလိန်နှစ်ဦးအကြောင်းကိုဖော်ပြထားတဲ့ဒရမ်မာဖြစ်ပြီး Kwak Do Won နဲ့ Yoo Ji Tae တို့ကလည်း ပါဝင်ဖို့အတွက်ဆွေးနွေးနေတယ်လို့ သိရပါတယ်။


ဒီဇာတ်လမ်းတွဲကိုတော့ “Sisyphus: The Myth” “Legend of the Blue Sea” နဲ့ “City Hunter” တို့လို နာမည်ကျော်ဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jin Hyuk က ရိုက်ကူးမှာဖြစ်ပါတယ်။ ပရိသတ်တွေချစ်တဲ့မင်းသမီး Lee Min Jung ကို Once Again ဇာတ်လမ်းတွဲပြီးနောက် (၂)နှစ်ကြာပြီးနောက်ဇာတ်ကားသစ်မှာ ပြန်လည်တွေ့ရမလားနော်။
Zawgyi ဖြင့်ဖတ်ရန်

(၂) ႏွစ္ၾကာၿပီးေနာက္ ဗီလိန္ဇာတ္လမ္းတြဲနဲ႔ ပရိသတ္ေတြဆီျပန္လာႏိုင္ဖြယ္ရွိတဲ့ မင္းသမီး Lee Min Jung
မင္းသမီးေခ်ာ Lee Min Jung ကေတာ့ ပရိသတ္ေတြရင္းႏွီးၿပီးသားမင္းသမီးတစ္လက္ျဖစ္သလို နာမည္ႀကီးမင္းသားျဖစ္တဲ့ Lee Byung Hun ရဲ႕ဇနီးအျဖစ္လည္း ပရိသတ္ေတြသိၾကပါေသးတယ္။ သူကေတာ့ ႐ုပ္ရွင္ဇာတ္ကားေတြကိုဆက္တိုက္႐ိုက္ကူးတာမ်ိဳးမဟုတ္ဘဲ ႏွစ္နဲ႔ခ်ီၾကာေအာင္အနားယူၿပီးမွ ျပန္လည္႐ိုက္ကူးတာမ်ိဳးလုပ္ေလ့ရွိပါတယ္။


သူကေတာ့ ဇာတ္လမ္းတြဲေတြမွာမပါဝင္တာ(၂)ႏွစ္ခန႔္ၾကာၿပီးေနာက္ ဒရမ္မာဇာတ္လမ္းတြဲအသစ္နဲ႔အတူပရိသတ္ေတြဆီျပန္လာေတာ့မွာပါ။ သူကေတာ့ “The Golden Age of Villains” ဆိုတဲ့ဇာတ္လမ္းတြဲမွာ ပါဝင္သြားမယ္လို႔သိရပါတယ္။ ဒီဇာတ္ကားမွာပါဝင္ဖို႔ကမ္းလွမ္းခံထားရတယ္လို႔လည္း သိရပါတယ္။ ဒီဇာတ္လမ္းတြဲကေတာ့ ရက္စက္ၾကမ္းၾကဳတ္မႈမွာနာမည္ႀကီးတဲ့ဗီလိန္ႏွစ္ဦးအေၾကာင္းကိုေဖာ္ျပထားတဲ့ဒရမ္မာျဖစ္ၿပီး Kwak Do Won နဲ႔ Yoo Ji Tae တို႔ကလည္း ပါဝင္ဖို႔အတြက္ေဆြးေႏြးေနတယ္လို႔ သိရပါတယ္။
ဒီဇာတ္လမ္းတြဲကိုေတာ့ “Sisyphus: The Myth” “Legend of the Blue Sea” နဲ႔ “City Hunter” တို႔လို နာမည္ေက်ာ္ဇာတ္ကားေတြကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ Jin Hyuk က ႐ိုက္ကူးမွာျဖစ္ပါတယ္။ ပရိသတ္ေတြခ်စ္တဲ့မင္းသမီး Lee Min Jung ကို Once Again ဇာတ္လမ္းတြဲၿပီးေနာက္ (၂)ႏွစ္ၾကာၿပီးေနာက္ဇာတ္ကားသစ္မွာ ျပန္လည္ေတြ႕ရမလားေနာ္။