ပရိသတ်တွေချစ်တဲ့ ထိပ်တန်းအနုပညာရှင်တွေစုံတွဲဖြစ်တဲ့ Rain နဲ့ Kim Tae Hee တို့ ဇနီးမောင်နှံပကေတော့ အနုပညာလောကမှာအောင်မြင်မှုတွေရရှိနေသလို စီးပွားရေးနဲ့ပတ်သက်ပြီးလည်း အမျှော်အမြင်ရှိကြပုံပါပဲ။ သူတို့နှစ်ဦးကတော့ အိမ်တစ်လုံးကိုရောင်းချပြီးနောက် အံ့သြစရာကောင်းလောက်အောင် အကျိုးအမြတ်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
သတင်းတွေအရ Rain နဲ့ Kim Tae Hee တို့ဇနီးမောင်နှံကတော့ မကြာသေးခင်က ဆိုးလ် Itaewon မှာရှိတဲ့အိမ်ကို ဝမ်(၈.၅) ဘီလီယံနဲ့ရောင်းချလိုက်တာဖြစ်ပါတယ်။ ဒီထိပ်တန်းအနုပညာရှင်စုံတွဲကတော့ ဒီအိမ်ကို (၅.၃) ဘီလီယံနဲ့ ဝယ်ယူခဲ့တာကြောင့် ကိုရီးယားဝမ်(၃.၂)ဘီလီယံ ကန်ဒေါ်လာ (၂.၅)သန်းခန့် အကျိုးအမြတ်ရခဲ့တာလည်း ဖြစ်ပါတယ်။
Rain နဲ့ Kim Tae Hee တို့ဇနီးမောင်နှံကတော့ ဒီအိမ်မှာမကြာသေးခင်ကအထိနေခဲ့တာဖြစ်ပြီး အဆင့်မြင့်တဲ့လူနေရပ်ကွက်မှာဖြစ်ပြီး နမ့်စမ်တောင်နဲ့ဟန်မြစ်တို့ကိုမြင်ရတဲ့နေရာလည်း ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကတော့ အိမ်ခြံမြေဈေးကွက်မှာအံ့သြစရာကောင်းလောက်အောင်ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပြီး မနှစ်ကလည်း ဝမ်(၉၂) ဘီလီယံတန်ကြေးရှိတဲ့အဆောက်အအုံကိုဝယ်ယူခဲ့ပါသေးတယ်။
Zawgyi ဖြင့်ဖတ်ရန်
အိမ်ရောင်းပြီးနောက် ဒေါ်လာ (၂.၅) သန်းခန့်အမြတ်အစွန်းရခဲ့တဲ့ Rain နဲ့ Kim Tae Hee