ပရိသတ်အချစ်တော် Jisoo ကေတော့ ထူးချွန်တဲ့အနုပညာအရည်အသွေးတွေကိုပိုင်ဆိုင်ထားသလို လူမှုဆက်ဆံရေးကောင်းမွန်တာကြောင့်လည်း ချီးမွမ်းခံရတဲ့သူတစ်ယောက်ပါ။ သူကတော့ ကမ္ဘာကျော်အမှတ်တံဆိပ် Dior ရဲ့ Global Ambassador တစ်ယောက်ဖြစ်ပါတယ်။
Dior အမှတ်တံဆိပ်ရဲ့စီအီးအိုဖြစ်သူ Pietro Beccari ကတော့ Jisoo နဲ့အတူဆက်လက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်းတွေကိုပြောပြခဲ့ပါတယ်။ Jisoo နဲ့ Dior တို့ကြားကဆွေးနွေးမှုတွေကတော့ ပြီးပြည့်စုံလှတယ်ဆိုတဲ့အကြောင်းနဲ့ အနာဂတ်မှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေကို ခိုင်မာစွာလက်တွဲလုပ်ဆောင်သွားဖို့ရှိတဲ့အကြောင်းလည်း ပြောပြခဲ့ပါတယ်။
“Jisoo ကတော့ အံ့သြစရာကောင်းတဲ့သူတစ်ယောက်ပါ။ သူကထိပ်တန်းကြယ်ပွင့်တစ်ယောက်ဖြစ်ပေမဲ့လည်း အရမ်းကိုနှိမ်ချတတ်တယ်။ ညဏ်ရည်ညဏ်သွေးကောင်းတယ်။ ပြင်သစ်မှာဖက်ရှင်ရှိုးပွဲတက်ဖို့အကြိမ်ပေါင်းများစွာပြောဆိုဖူးတယ်။ သူကတော့ ဘေးနားကလူတွေကိုပျော်ရွှင်အောင်အမြဲလုပ်တယ်။ လူတွေအပေါ်ဂရုစိုက်မှုနဲ့ လေးစားမှုရှိတဲ့သူတစ်ယောက်ဖြစ်ပြီး ဒီအရည်အချင်းကအရမ်းကိုအရေးကြီးတယ်”လို့ ဆိုပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
Dior အမှတ်တံဆိပ်ရဲ့စီအီးအိုထံမှ ချီးမွမ်းစကားတွေရရှိခဲ့ပြန်တဲ့ Jisoo
တွေ့သမျှသူတိုင်းကချစ်သွားကြတာပဲ…