IU ရဲ့ အကြည့်တွေမလွှဲနိုင်လောက်အောင်ဖြစ်ခဲ့ရတဲ့ အမျိုးသားဆယ်လီ

IU ကတော့ မကြာသေးခင်က သူ့ကိုလွှမ်းမိုးသွားခဲ့တဲ့အမျိုးသားအနုပညာရှင်တစ်ယောက်အကြောင်းဝန်ခံခဲ့ပါတယ်။ မေလ(၁၉)ရက်နေ့ကတော့ KBS2 ရဲ့အစီအစဉ်တစ်ခုမှာတော့ Broker ဇာတ်ကားရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Song Kang Ho ၊ Kang Dong Won ၊ IU နဲ့ Lee Joo Young တို့နဲ့အင်တာဗျူးလုပ်ခဲ့ပါတယ်။


Song Kang Ho က “ဒါကတော့ တကယ့်အစစ်အမှန်မဟုတ်တဲ့မိသားစုအကြောင်းဖြစ်ပြီး လက်တွေ့ဘဝရဲ့မိသားစုတွေထက်ပိုပြီး ချစ်ခင်တွယ်တာတဲ့ခံစားချက်ကိုပေးလိမ့်မယ်” လို့ ဇာတ်ကားနဲ့ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ Kang Dong Won နဲ့ (၁၂)ကြာပြီးနောက် အလုပ်အတူတူပြန်လည်လုပ်ခွင့်ရတဲ့အပေါ်လည်း “သူကနည်းနည်းပိုပြီး အရပ်ရှည်လာတယ်။ သူကမိုက်ပါတယ်။ ဒါပေမဲ့အခုကတော့ ပိုပြီးတော့ မိုက်လာတယ်” ဆိုပြီး ပြောခဲ့ပါသေးတယ်။


Broker ဇာတ်ကားမရိုက်ကူးခင်ဘယ်သူတွေနဲ့ရင်းနှီးခဲ့သလဲဆိုတဲ့မေးခွန်းအပေါ်ကို IU ကတော့ “အားလုံးကစီနီယာတွေဖြစ်နေကြတယ်။ ကျွန်မပုံမှန်သရုပ်ဆောင်ပြီး ကိုယ့်ကိုကိုယ်ဟန်ချက်ညီအောင်နေနိုင်မယ်လို့ တွေးခဲ့တယ်။ ပြီးတော့ Kang Dong Won ကိုတစ်ချက်ကြည့်ခဲ့ပြီး စီနီယာ Kang Dong Won က အရမ်းမိုက်တယ်။ သူ့ကိုအကြည့်မလွှဲနိုင် ဖြစ်ခဲ့ရတယ်” လို့ ဝန်ခံခဲ့ပါတယ်။


Zawgyi ဖြင့်ဖတ်ရန်

IU ရဲ႕ အၾကည့္ေတြမလႊဲႏိုင္ေလာက္ေအာင္ျဖစ္ခဲ့ရတဲ့ အမ်ိဳးသားဆယ္လီ
IU ကေတာ့ မၾကာေသးခင္က သူ႔ကိုလႊမ္းမိုးသြားခဲ့တဲ့အမ်ိဳးသားအႏုပညာရွင္တစ္ေယာက္အေၾကာင္းဝန္ခံခဲ့ပါတယ္။ ေမလ(၁၉)ရက္ေန႔ကေတာ့ KBS2 ရဲ႕အစီအစဥ္တစ္ခုမွာေတာ့ Broker ဇာတ္ကားရဲ႕ အဓိကဇာတ္ေဆာင္ေတြျဖစ္တဲ့ Song Kang Ho ၊ Kang Dong Won ၊ IU နဲ႔ Lee Joo Young တို႔နဲ႔အင္တာဗ်ဴးလုပ္ခဲ့ပါတယ္။


Song Kang Ho က “ဒါကေတာ့ တကယ့္အစစ္အမွန္မဟုတ္တဲ့မိသားစုအေၾကာင္းျဖစ္ၿပီး လက္ေတြ႕ဘဝရဲ႕မိသားစုေတြထက္ပိုၿပီး ခ်စ္ခင္တြယ္တာတဲ့ခံစားခ်က္ကိုေပးလိမ့္မယ္” လို႔ ဇာတ္ကားနဲ႔ပတ္သက္ၿပီး ရွင္းျပခဲ့ပါတယ္။ Kang Dong Won နဲ႔ (၁၂)ၾကာၿပီးေနာက္ အလုပ္အတူတူျပန္လည္လုပ္ခြင့္ရတဲ့အေပၚလည္း “သူကနည္းနည္းပိုၿပီး အရပ္ရွည္လာတယ္။ သူကမိုက္ပါတယ္။ ဒါေပမဲ့အခုကေတာ့ ပိုၿပီးေတာ့ မိုက္လာတယ္” ဆိုၿပီး ေျပာခဲ့ပါေသးတယ္။
Broker ဇာတ္ကားမ႐ိုက္ကူးခင္ဘယ္သူေတြနဲ႔ရင္းႏွီးခဲ့သလဲဆိုတဲ့ေမးခြန္းအေပၚကို IU ကေတာ့ “အားလုံးကစီနီယာေတြျဖစ္ေနၾကတယ္။ ကြၽန္မပုံမွန္သ႐ုပ္ေဆာင္ၿပီး ကိုယ့္ကိုကိုယ္ဟန္ခ်က္ညီေအာင္ေနႏိုင္မယ္လို႔ ေတြးခဲ့တယ္။ ၿပီးေတာ့ Kang Dong Won ကိုတစ္ခ်က္ၾကည့္ခဲ့ၿပီး စီနီယာ Kang Dong Won က အရမ္းမိုက္တယ္။ သူ႔ကိုအၾကည့္မလႊဲႏိုင္ ျဖစ္ခဲ့ရတယ္” လို႔ ဝန္ခံခဲ့ပါတယ္။

Check Also

ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi

Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …

x