ကမ္ဘာကျော်လတ်ဝတ်ရတနာအမှတ်တံဆိပ် Cartier ရဲ့ Global Ambassador တစ်ယောက်ဖြစ်လာတဲ့ Jisoo

Posted on

Blackpink အဖွဲ့ဝင် Jisoo ကတော့ မိန်းမသားဆန်ပြီးကျော့ရှင်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားသူပါ။ သူကတော့ ပြင်သစ်ဇိမ်ခံပစ္စည်းလုပ်ငန်းစုPanthère ရဲ့ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်တဲ့ Cartier နဲ့လက်တွဲအလုပ်လုပ်နေသူဖြစ်ပြီး အခုဆိုရင်တော့ Global Ambassador တစ်ယောက်အဖြစ်ရွေးချယ်ခံလိုက်ရပါပြီ။


Jisoo ကတော့ ယုံကြည်ချက်၊ပါရမီစွမ်းရည်တွေအပြည့်နဲ့ သူ့ရဲ့အသံကိုမျိုးဆက်သစ်တွေအတွက်အသုံးပြုနေတာဖြစ်ပြီး Panthère ရဲ့စိတ်ကူးတွေကိုတွေးမိတဲ့အခါ Jisoo ကိုတွေးမိခဲ့တယ်လို့ ဆိုပါတယ်။ သူကတော့ အခြားသော Global Ambassador တွေဖြစ်တဲ့ Annabelle Wallis Ella Balinska နဲ့ Mariacarla Boscono တို့လိုပဲ လက်တွဲအလုပ်လုပ်သွားမှာဖြစ်ပါတယ်။ Jisoo ကတော့ နာမည်ကျော်လက်ဝတ်ရတနာဖြစ်တဲ့ Cartier ကိုဝတ်ဆင်ထားပြီး ခမ်းနားထည်ဝါတဲ့ပုံရိပ်တွေနဲ့မြင်တွေ့ရလေ့ရှိပြီးအခုတစ်ခါမှာလည်း ဘယ်လိုမျိုးအမိုက်စားထွက်ပေါ်လာမလဲဆိုတာစိတ်ဝင်စားစရာပါ။


အောင်မြင်ကျော်ကြားတဲ့ Blackpink အဖွဲ့ဝင်တွေကတော့ နာမည်ကျော်ဇိမ်ခံအမှတ်တံဆိပ်တွေရဲ့ Global Ambassador တွေဖြစ်ကြပြီး Jisoo ကဲ့သို့ Lisa ကတော့ BVLGARI၊ Rosé ကတော့ Tiffany & Co နဲ့ Jennie ကတော့ Chanel Jewelry တို့နဲ့လက်တွဲလုပ်ကိုင်နေကြတာပါ။
Zawgyi ဖြင့်ဖတ်ရန်

ကမာၻေက်ာ္လတ္ဝတ္ရတနာအမွတ္တံဆိပ္ Cartier ရဲ႕ Global Ambassador တစ္ေယာက္ျဖစ္လာတဲ့ Jisoo
Blackpink အဖြဲ႕ဝင္ Jisoo ကေတာ့ မိန္းမသားဆန္ၿပီးေက်ာ့ရွင္းတဲ့အလွတရားေတြကို ပိုင္ဆိုင္ထားသူပါ။ သူကေတာ့ ျပင္သစ္ဇိမ္ခံပစၥည္းလုပ္ငန္းစုPanthère ရဲ႕ကမာၻေက်ာ္အမွတ္တံဆိပ္ျဖစ္တဲ့ Cartier နဲ႔လက္တြဲအလုပ္လုပ္ေနသူျဖစ္ၿပီး အခုဆိုရင္ေတာ့ Global Ambassador တစ္ေယာက္အျဖစ္ေ႐ြးခ်ယ္ခံလိုက္ရပါၿပီ။


Jisoo ကေတာ့ ယုံၾကည္ခ်က္၊ပါရမီစြမ္းရည္ေတြအျပည့္နဲ႔ သူ႔ရဲ႕အသံကိုမ်ိဳးဆက္သစ္ေတြအတြက္အသုံးျပဳေနတာျဖစ္ၿပီး Panthère ရဲ႕စိတ္ကူးေတြကိုေတြးမိတဲ့အခါ Jisoo ကိုေတြးမိခဲ့တယ္လို႔ ဆိုပါတယ္။ သူကေတာ့ အျခားေသာ Global Ambassador ေတြျဖစ္တဲ့ Annabelle Wallis Ella Balinska နဲ႔ Mariacarla Boscono တို႔လိုပဲ လက္တြဲအလုပ္လုပ္သြားမွာျဖစ္ပါတယ္။ Jisoo ကေတာ့ နာမည္ေက်ာ္လက္ဝတ္ရတနာျဖစ္တဲ့ Cartier ကိုဝတ္ဆင္ထားၿပီး ခမ္းနားထည္ဝါတဲ့ပုံရိပ္ေတြနဲ႔ျမင္ေတြ႕ရေလ့ရွိၿပီးအခုတစ္ခါမွာလည္း ဘယ္လိုမ်ိဳးအမိုက္စားထြက္ေပၚလာမလဲဆိုတာစိတ္ဝင္စားစရာပါ။
ေအာင္ျမင္ေက်ာ္ၾကားတဲ့ Blackpink အဖြဲ႕ဝင္ေတြကေတာ့ နာမည္ေက်ာ္ဇိမ္ခံအမွတ္တံဆိပ္ေတြရဲ႕ Global Ambassador ေတြျဖစ္ၾကၿပီး Jisoo ကဲ့သို႔ Lisa ကေတာ့ BVLGARI၊ Rosé ကေတာ့ Tiffany & Co နဲ႔ Jennie ကေတာ့ Chanel Jewelry တို႔နဲ႔လက္တြဲလုပ္ကိုင္ေနၾကတာပါ။