Girls’ Generation အဖွဲ့ဝင် Soo Young နဲ့ သရုပ်ဆောင် Jung Kyung Ho တို့နှစ်ဦးကတော့ ပရိသတ်တွေအားကျရတဲ့ ချစ်သူစံတွဲလေးလည်း ဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိကြပြီး ချစ်သူသက်တမ်း(၁၀)နှစ်နီးပါးရှိနေတဲ့စုံတွဲလေးလည်း ဖြစ်ပါတယ်။
Jung Kyung Ho ကတော့ တကယ့်ကိုချစ်တတ်တဲ့ချစ်သူတစ်ယောက်ဖြစ်ပြီး Soo Young ကတော့အားကျစရာကောင်းတဲ့ချစ်သူကိုပိုင်ဆိုင်ထားတာပါ။ Jung Kyung Ho ကတော့ Soo Young ရဲ့ Right Person ဖြစ်ဖို့အတွက် သူ့ကိုကိုယ်သူအမြဲကြိုးစားပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။Jung Kyung Ho နဲ့ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ရက်ပါ Outsider ကတော့ TBS FM ရေဒီယိုအစီအစဉ်မှာပါဝင်ခဲ့ပါတယ်။
ဒီအစီအစဉ်မှာတော့ Jung Kyung Ho နဲ့ Soo Young တို့စုံတွဲနဲ့ပတ်သက်ပြီးမေးမြန်းခံခဲ့ရကာ “သူတို့နှစ်ယောက်လက်မထပ်သေးတာကိုအံ့သြမိတယ်လို့ “ဆိုပါတယ်။ “သူတို့နှစ်ယောက်ကလိုက်ဖက်ပြီးတစ်ယောက်နဲ့တစ်ယောက်ချစ်ကြတယ်။ ဒိတ်နေကြတာနှစ်တွေတော်တော်ကြာပြီဖြစ်ပြီး Jung Kyung Ho ကတော့ Soo Young နဲ့သင့်တော်တဲ့သူဖြစ်အောင်အမြဲကြိုးစားနေပါတယ်။ သူကအလုပ်ကြိုးစားတယ်။ငွေတွေရှာတယ်။ ဒီအတွက်လည်း အမြဲပြင်ဆင်နေတယ်” လို့လည်း ပြောပြခဲ့ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
Soo Young အတြက္ Right Personျဖစ္ေအာင္ အၿမဲႀကိဳးစားေနတဲ့ Jung Kyung Ho
အားက်စရာေကာင္းတဲ့ခ်စ္သူကိုပိုင္ဆိုင္ထားတာပါ…
Girls’ Generation အဖြဲ႕ဝင္ Soo Young နဲ႔ သ႐ုပ္ေဆာင္ Jung Kyung Ho တို႔ႏွစ္ဦးကေတာ့ ပရိသတ္ေတြအားက်ရတဲ့ ခ်စ္သူစံတြဲေလးလည္း ျဖစ္ပါတယ္။တစ္ေယာက္နဲ႔တစ္ေယာက္နားလည္မႈရွိၾကၿပီး ခ်စ္သူသက္တမ္း(၁၀)ႏွစ္နီးပါးရွိေနတဲ့စုံတြဲေလးလည္း ျဖစ္ပါတယ္။
Jung Kyung Ho ကေတာ့ တကယ့္ကိုခ်စ္တတ္တဲ့ခ်စ္သူတစ္ေယာက္ျဖစ္ၿပီး Soo Young ကေတာ့အားက်စရာေကာင္းတဲ့ခ်စ္သူကိုပိုင္ဆိုင္ထားတာပါ။ Jung Kyung Ho ကေတာ့ Soo Young ရဲ႕ Right Person ျဖစ္ဖို႔အတြက္ သူ႔ကိုကိုယ္သူအၿမဲႀကိဳးစားျပင္ဆင္ေနတာလည္း ျဖစ္ပါတယ္။Jung Kyung Ho နဲ႔ရင္းႏွီးတဲ့သူငယ္ခ်င္းတစ္ေယာက္ျဖစ္တဲ့ ရက္ပါ Outsider ကေတာ့ TBS FM ေရဒီယိုအစီအစဥ္မွာပါဝင္ခဲ့ပါတယ္။
ဒီအစီအစဥ္မွာေတာ့ Jung Kyung Ho နဲ႔ Soo Young တို႔စုံတြဲနဲ႔ပတ္သက္ၿပီးေမးျမန္းခံခဲ့ရကာ “သူတို႔ႏွစ္ေယာက္လက္မထပ္ေသးတာကိုအံ့ၾသမိတယ္လို႔ “ဆိုပါတယ္။ “သူတို႔ႏွစ္ေယာက္ကလိုက္ဖက္ၿပီးတစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္ၾကတယ္။ ဒိတ္ေနၾကတာႏွစ္ေတြေတာ္ေတာ္ၾကာၿပီျဖစ္ၿပီး Jung Kyung Ho ကေတာ့ Soo Young နဲ႔သင့္ေတာ္တဲ့သူျဖစ္ေအာင္အၿမဲႀကိဳးစားေနပါတယ္။ သူကအလုပ္ႀကိဳးစားတယ္။ေငြေတြရွာတယ္။ ဒီအတြက္လည္း အၿမဲျပင္ဆင္ေနတယ္” လို႔လည္း ေျပာျပခဲ့ပါတယ္။