Song Hye Kyo နဲ့ Son Ye Jin တို့ကဲ့သို့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်လာမယ်လို့ထင်ကြေးပေးခံရတဲ့ Kim Tae Ri

Posted on

Kim Tae Riကတော့ လက်ရှိမှာ Twenty Five Twenty One ဇာတ်လမ်းတွဲနဲ့လူသိများမှာဖြစ်သလို Baeksang ဆုကြီးကိုလည်း ပူပူနွေးနွေးရရှိထားသူတစ်ယောက်ပါ။ သူကတော့ ဇာတ်ကားအနည်းငယ်သာရိုက်ကူးထားပေမဲ့ ဇာတ်ကားတိုင်းကအောင်မြင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ သူကတော့ The Handmaiden နဲ့ Little Forest တို့လို နာမည်ကြီးဇာတ်ကားတွေမှာပါဝင်ခဲ့ပြီး Mr. Sunshine နဲ့ Twenty Five, Twenty One စတဲ့ဇာတ်လမ်းတွဲတွေနဲ့လည်း အောင်မြင်ထားပါတယ်။


သရုပ်ဆောင်နယ်ပယ်ထဲနောက်ကျမှဝင်လာပေမဲ့လည်း တောက်ပလာမယ့်ငွေကြယ်ပွင့်အဖြစ်သတ်မှတ်ခံထားရတာပါ။ သူကတော့အခြားသူတွေထက်အသက်အရွယ်နောက်ကျမှသရုပ်ဆောင်နယ်ပယ်ထဲဝင်လာပေမဲ့ ပထမဆုံးဇာတ်ကားဖြစ်တဲ့ The Handmaiden မှာပါဝင်ဖို့အတွက် လူပေါင်း(၁၅၀၀)ကျော်ကိုကျော်တက်ပြီး ဇာတ်ကားမှာပါဝင်ခွင့်ရခဲ့တာပါ။ ဒီဇာတ်ကားမှာပါဝင်ပြီးနောက် မျက်နှာသစ်သရုပ်ဆောင်ဆုကို Blue Dragon Film Awards မှာ ရရှိခဲ့ပါတယ်။


ဒါ့အပြင် Mr. Sunshine နဲ့ Twenty Five Twenty One စတဲ့ဒရမ်မာတွေမှာပါဝင်ပြီးနောက်ပိုင်းလည်း အလွန်အောင်မြင်ခဲ့ပါတယ်။ သရုပ်ဆောင်ထူးချွန်ပြောင်မြောက်တဲ့မင်းသမီး Kim Tae Ri ကိုတော့ လက်ရှိနာမည်ကျော်မင်းသမီးတွေဖြစ်တဲ့ Song Hye Kyo နဲ့ Son Ye Jinတို့ရဲ့ခြေရာကိုလိုက်နိုင်လိမ့်မယ့်လို့ ထင်ကြေးပေးခံနေရတာပဲဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်


