That That သီချင်းနဲ့အတူ အမိုက်စားအကစွမ်းရည်တွေကိုထုတ်ပြခဲ့တဲ့ မင်းသားချော Lee Joon Gi

Posted on

ကိုရီးယားဒရမ်မာချစ်တဲ့ပရိသတ်တွေရဲ့ရင်ထဲမှာအခိုင်အမာနေရာယူထားတဲ့မင်းသားတွေထဲမှာတော့ မင်းသား Lee Joon Gi လည်းပါဝင်ပါတယ်။ နုပျိုတဲ့ရုပ်ရည်နဲ့အတူ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေကိုဖမ်းစားထားနိုင်ခဲ့တာပါ။ သူကတော့ အံ့သြလောက်စရာအကစွမ်းရည်ကိုထုတ်ပြခဲ့ပါတယ်။


သူကတော့ လက်ရှိပြသနေဆဲဒရမ်မာဖြစ်တဲ့ Again My Life နဲ့ပတ်သက်ပြီးပရိသတ်ကိုပေးထားတဲ့ကတိအတိုင်းလုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဒရမ်မာဇာတ်လမ်းတွဲဟာ ကြည့်ရှုနှုန်း(၁၀%)ထက်ကျော်လွန်ခဲ့ရင် Cover Dance လုပ်မယ်လို့ ကတိပေးထားခဲ့တာလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ ကတိပေးထားတဲ့အတိုင်းကပြခဲ့တာဖြစ်ပြီး သူကတော့ PSY နဲ့ BTS အဖွဲ့ဝင် Suga တို့ရဲ့သီချင်း That That ကို ပြန်လည်ကပြခဲ့တာဖြစ်ပါတယ်။


ဒီသီချင်းထဲမှာတော့ Lee Joon Gi ရဲ့အမိုက်စားအကစွမ်းရည်တွေကိုမြင်ရတာဖြစ်ပြီး သရုပ်ဆောင်တင်မက အဆိုနဲ့အကပါကျွမ်းကျင်တဲ့အနုပညာရှင်အဖြစ်ပရိသတ်တွေအချစ်ပိုနေရတာပါ။ Lee Joon Gi ရဲ့ အမိုက်စားကကွက်တွေကို ပရိသတ်တွေကိုပြန်လည် မျှဝေလိုက်ပါတယ်။

Zawgyi ဖြင့်ဖတ်ရန်



