ဒရမ်မာဇာတ်လမ်းတွဲ “Oasis” မှာ ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်သရုပ်ဆောင်သွားမယ့် Seol In Ah

Posted on

မင်းသမီးချောSeol In Ah ကတော့ မကြာသေးခင်ကပြီးစီးသွားခဲ့တဲ့ဒရမ်မာဇာတ်လမ်းတွဲဖြစ်တဲ့ ဓ A Business Proposal နဲ့အတူ ပရိသတ်တွေကြား ရေပန်းစားခဲ့သူပါ။ သူကတော့ အခုဆိုရင်ဒရမ်မာ Oasis ဆိုတဲ့ဇာတ်လမ်းတွဲသစ်မှာ ခေါင်းဆောင်မင်းသမီးအနေနဲ့ပါဝင်လာမှာပါ။


ဒီဇာတ်လမ်းတွဲကတော့ မငြိမ်မသက်ဖြစ်နေခဲ့တဲ့ (၁၉၈၀ – ၁၉၉၀) ကာလတွေကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ မှားယွင်းတဲ့လူမှုစံနှုန်း၊ချမ်းသာကြွယ်ဝမှုနဲ့ အာဏာတွေကိုရယူဖို့ဖိအားပေးခံနေရတဲ့ လူငယ်တွေရဲ့လက်စားချေမှုနဲ့ရဲရင့်တဲ့ဘဝတွေကို ရိုက်ကူးထားတာပါ။ဒီဇာတ်လမ်းမှာ Seol In Ah ကတော့ ပြဇာတ်ရုံပိုင်ရှင်ရဲ့သမီးအဖြစ်ပါဝင်မှာဖြစ်ပါတယ်။ သူကတော့ အသည်းကွဲမှုကိုခံစားရပြီးနောက် ပြဇာတ်ရုံပြန်လည်ရှင်သန်ဖို့အတွက် ရုပ်ရှင်လောက်ကိုခြေစုံပစ်ဝင်ခဲ့တဲ့သူအနေနဲ့ပါဝင်သရုပ်ဆောင်ထားတာပါ။


ဒ့ါအပြင် မင်းသားချော Jang Dong Yoon ကတော့ ဒီဇာတ်လမ်းအတွက်အဓိကဇာတ်ဆောင်အဖြစ်ကမ်းလှမ်းခြင်းခံထားရတာပါ။ သူကတော့အပြုသဘောသုံးသပ်နေတာဖြစ်တာကြောင့် Jang Dong Yoon သာပါဝင်လာခဲ့ရင် မင်းသမီး Seol In Ah နဲ့ Jang Dong Yoon တို့ကိုအတွဲညီညီနဲ့တွေ့ရမှာပါ။
Zawgyi ဖြင့်ဖတ်ရန်

ဒရမ္မာဇာတ္လမ္းတြဲ “Oasis” မွာ ေခါင္းေဆာင္မင္းသမီးေနရာက ပါဝင္သ႐ုပ္ေဆာင္သြားမယ့္ Seol In Ah

မင္းသမီးေခ်ာSeol In Ah ကေတာ့ မၾကာေသးခင္ကၿပီးစီးသြားခဲ့တဲ့ဒရမ္မာဇာတ္လမ္းတြဲျဖစ္တဲ့ ဓ A Business Proposal နဲ႔အတူ ပရိသတ္ေတြၾကား ေရပန္းစားခဲ့သူပါ။ သူကေတာ့ အခုဆိုရင္ဒရမ္မာ Oasis ဆိုတဲ့ဇာတ္လမ္းတြဲသစ္မွာ ေခါင္းေဆာင္မင္းသမီးအေနနဲ႔ပါဝင္လာမွာပါ။


ဒီဇာတ္လမ္းတြဲကေတာ့ မၿငိမ္မသက္ျဖစ္ေနခဲ့တဲ့ (၁၉၈၀ – ၁၉၉၀) ကာလေတြကို အေျခခံၿပီး႐ိုက္ကူးထားတဲ့ ဇာတ္လမ္းတြဲလည္း ျဖစ္ပါတယ္။ မွားယြင္းတဲ့လူမႈစံႏႈန္း၊ခ်မ္းသာႂကြယ္ဝမႈနဲ႔ အာဏာေတြကိုရယူဖို႔ဖိအားေပးခံေနရတဲ့ လူငယ္ေတြရဲ႕လက္စားေခ်မႈနဲ႔ရဲရင့္တဲ့ဘဝေတြကို ႐ိုက္ကူးထားတာပါ။ဒီဇာတ္လမ္းမွာ Seol In Ah ကေတာ့ ျပဇာတ္႐ုံပိုင္ရွင္ရဲ႕သမီးအျဖစ္ပါဝင္မွာျဖစ္ပါတယ္။ သူကေတာ့ အသည္းကြဲမႈကိုခံစားရၿပီးေနာက္ ျပဇာတ္႐ုံျပန္လည္ရွင္သန္ဖို႔အတြက္ ႐ုပ္ရွင္ေလာက္ကိုေျခစုံပစ္ဝင္ခဲ့တဲ့သူအေနနဲ႔ပါဝင္သ႐ုပ္ေဆာင္ထားတာပါ။
ဒ့ါအျပင္ မင္းသားေခ်ာ Jang Dong Yoon ကေတာ့ ဒီဇာတ္လမ္းအတြက္အဓိကဇာတ္ေဆာင္အျဖစ္ကမ္းလွမ္းျခင္းခံထားရတာပါ။ သူကေတာ့အျပဳသေဘာသုံးသပ္ေနတာျဖစ္တာေၾကာင့္ Jang Dong Yoon သာပါဝင္လာခဲ့ရင္ မင္းသမီး Seol In Ah နဲ႔ Jang Dong Yoon တို႔ကိုအတြဲညီညီနဲ႔ေတြ႕ရမွာပါ။