ပရိသတ်တွေမမှတ်မိလောက်စရာအသွင်အပြင်နဲ့ပြန်လည်ထွက်ပေါ်လာတဲ့မင်းသမီးချော Kim Da Mi

Posted on

လူငယ်သရုပ်ဆောင်တွေထဲမှာ Kim Da Mi ကတော့ အနုပညာအရည်အချင်းအပြည့်ရှိပြီး ရိုက်ကူးသမျှဇာတ်ကားတိုင်းလိုလိုဟာအောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။ သူကတော့ ရုပ်ရှင်ဇာတ်ကားမှာဆိုရင် လူပေါင်း(၁၅၀၀) ကျော်ထဲကမှ ရွေးချယ်ခံရပြီး The Witch ဇာတ်ကားနဲ့ပွဲဦးထွက်ခဲ့တာလည်း ဖြစ်ပါတယ်။


ဒရမ်မာဇာတ်လမ်းတွဲမှာ Itaewon Class ဇာတ်လမ်းတွဲနဲ့စတင်ခဲ့ပြီး ဂျစ်ကန်ကန်နဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးနဲ့တွဲပြီးတော့သတိထားမိတဲ့အထိအလွန်အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။ နုနယ်ပြီးချစ်စရာကောင်းလှတဲ့မင်းသမီးချောလေးKim Da Mi ကတော့ မြင်နေကျပုံစံနဲ့မတူဘဲနဲ့ ကွဲပြားခြားနားနဲ့ပုံရိပ်တွေနဲ့ ပရိသတ်တွေကိုမှင်သက်စေခဲ့ပါတယ်။ သူကတော့ W Korea အတွက်ရိုက်ကူးပေးခဲ့တာဖြစ်ပြီး သူ့ရဲ့ပုံရိပ်တွေကို အင်စတာဂရမ်မှာတင်ခဲ့တာလည်း ဖြစ်ပါတယ်။


ဒီပုံရိပ်တွေထဲမှာတော့ သူဟာမြင်တွေ့နေကျပုံစံမဟုတ်ဘဲ လှပတဲ့အမျိုးသမီးတစ်ဦးအဖြစ်ကျော့ရှင်းစွာတွေ့ရတာပါ။ ပုံတွေကို ရုတ်တရက်ကြည့်တဲ့အချိန်မှာ မင်းသမီး Kim Da Mi မှန်းမသိရလောက်အောင်ကွဲပြားနေခဲ့တာပါ။ မော်ဒယ်လ်အဖြစ်လည်းလုပ်ကိုင်နေတဲ့ Kim Da Mi ကတော့ ဒီပုံရိပ်တွေမှာ သွယ်လျပြီးအလွန်လှတဲ့ခန္ဓာကိုယ်အချိုးအစားနဲ့လည်း ဖမ်းစားခဲ့ပြန်ပါသေးတယ်။
Zawgyi ဖြင့်ဖတ်ရန်

ပရိသတ္ေတြမမွတ္မိေလာက္စရာအသြင္အျပင္နဲ႔ျပန္လည္ထြက္ေပၚလာတဲ့မင္းသမီးေခ်ာ Kim Da Mi
လူငယ္သ႐ုပ္ေဆာင္ေတြထဲမွာ Kim Da Mi ကေတာ့ အႏုပညာအရည္အခ်င္းအျပည့္ရွိၿပီး ႐ိုက္ကူးသမွ်ဇာတ္ကားတိုင္းလိုလိုဟာေအာင္ျမင္ခဲ့တာလည္း ျဖစ္ပါတယ္။ သူကေတာ့ ႐ုပ္ရွင္ဇာတ္ကားမွာဆိုရင္ လူေပါင္း(၁၅၀၀) ေက်ာ္ထဲကမွ ေ႐ြးခ်ယ္ခံရၿပီး The Witch ဇာတ္ကားနဲ႔ပြဲဦးထြက္ခဲ့တာလည္း ျဖစ္ပါတယ္။


ဒရမ္မာဇာတ္လမ္းတြဲမွာ Itaewon Class ဇာတ္လမ္းတြဲနဲ႔စတင္ခဲ့ၿပီး ဂ်စ္ကန္ကန္နဲ႔ခ်စ္စရာေကာင္းတဲ့ပုံရိပ္ေလးနဲ႔တြဲၿပီးေတာ့သတိထားမိတဲ့အထိအလြန္ေအာင္ျမင္ခဲ့တာလည္း ျဖစ္ပါတယ္။ ႏုနယ္ၿပီးခ်စ္စရာေကာင္းလွတဲ့မင္းသမီးေခ်ာေလးKim Da Mi ကေတာ့ ျမင္ေနက်ပုံစံနဲ႔မတူဘဲနဲ႔ ကြဲျပားျခားနားနဲ႔ပုံရိပ္ေတြနဲ႔ ပရိသတ္ေတြကိုမွင္သက္ေစခဲ့ပါတယ္။ သူကေတာ့ W Korea အတြက္႐ိုက္ကူးေပးခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ပုံရိပ္ေတြကို အင္စတာဂရမ္မွာတင္ခဲ့တာလည္း ျဖစ္ပါတယ္။
ဒီပုံရိပ္ေတြထဲမွာေတာ့ သူဟာျမင္ေတြ႕ေနက်ပုံစံမဟုတ္ဘဲ လွပတဲ့အမ်ိဳးသမီးတစ္ဦးအျဖစ္ေက်ာ့ရွင္းစြာေတြ႕ရတာပါ။ ပုံေတြကို ႐ုတ္တရက္ၾကည့္တဲ့အခ်ိန္မွာ မင္းသမီး Kim Da Mi မွန္းမသိရေလာက္ေအာင္ကြဲျပားေနခဲ့တာပါ။ ေမာ္ဒယ္လ္အျဖစ္လည္းလုပ္ကိုင္ေနတဲ့ Kim Da Mi ကေတာ့ ဒီပုံရိပ္ေတြမွာ သြယ္လ်ၿပီးအလြန္လွတဲ့ခႏၶာကိုယ္အခ်ိဳးအစားနဲ႔လည္း ဖမ္းစားခဲ့ျပန္ပါေသးတယ္။