နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် အမျိုးသားအိုင်ဒေါအဖွဲ့ဖြစ်တဲ့ BTS ကတော့ မသိသူမရှိလောက် ကမ္ဘာနဲ့အဝှမ်း အောင်မြင်မှုတွေရယူထားနိုင်တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ BTS ကတော့ ပွဲဦးထွက်ပြီးနောက် (၁၀)နှစ်မပြည့်သေးပေမဲ့ ကြောက်ခမန်းလိလိအောင်မြင်မှုတွေရရှိထားပြီး အနုပညာအရည်အချင်းပြည့်တဲ့သူတို့တွေကတော့ တောင်ကိုရီးယားနိုင်ငံအတွက်ဂုဏ်ယူရတဲ့အဖွဲ့လည်းဖြစ်ပါတယ်။
အခုဆိုရင်လည်း BTS ကိုချစ်တဲ့ပရိသတ်တွေအတွက် ဂုဏ်ယူစရာကိစ္စတစ်ခုရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ မကြာခင်မှာပဲ BTS အဖွဲ့ဟာ အိမ်ဖြူတော်ကိုသွားရောက်ပြီး အမေရိသမ္မတနဲ့တွေ့ဆုံရမှာလည်း ဖြစ်ပါတယ်။ BTS အဖွဲ့ကတော့ အိမ်ဖြူတော်ကိုသွားရောက်ပြီး အမေရိကန်သမ္မနဲ့တွေ့ဆုံကာ အာရှမုန်းတီးမှုကနေပြီးဖြစ်ပွားတဲ့ရာဇဝတ်မှုတွေအကြောင်းဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။

မေလ(၂၆)ရက်နေ့က အိမ်ဖြူတောရဲ့သတင်းထုတ်ပြန်ချက်မှာတော့ BTSအဖွဲ့ဟာ သမ္မတဘိုင်ဒင်နဲ့တွေ့ဆုံကာ ကွဲပြားခြားနားမှုတွေရဲ့အရေးပါပုံကိုဆွေးနွေးမှာဖြစ်ပြီး BTS ကနေပြီးတော့ လူငယ် ambassador တွေအနေနဲ့ကမ္ဘာတစ်ဝှမ်းကို အကောင်းမြင်မှုနဲ့မျှော်လင့်ချက်တွေကို ဖြန့်ဝေပေးဖို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
အိမ္ျဖဴေတာ္သို႔သြားေရာက္ကာ အေမရိကန္သမၼတနဲ႔ေတြ႕ဆုံမယ့္ BTS အဖြဲ႕
ႏႈတ္ခမ္းနီမေလးေတြရဲ႕အသည္းေက်ာ္ အမ်ိဳးသားအိုင္ေဒါအဖြဲ႕ျဖစ္တဲ့ BTS ကေတာ့ မသိသူမရွိေလာက္ ကမာၻနဲ႔အဝွမ္း ေအာင္ျမင္မႈေတြရယူထားႏိုင္တဲ့အဖြဲ႕လည္း ျဖစ္ပါတယ္။ BTS ကေတာ့ ပြဲဦးထြက္ၿပီးေနာက္ (၁၀)ႏွစ္မျပည့္ေသးေပမဲ့ ေၾကာက္ခမန္းလိလိေအာင္ျမင္မႈေတြရရွိထားၿပီး အႏုပညာအရည္အခ်င္းျပည့္တဲ့သူတို႔ေတြကေတာ့ ေတာင္ကိုရီးယားႏိုင္ငံအတြက္ဂုဏ္ယူရတဲ့အဖြဲ႕လည္းျဖစ္ပါတယ္။
အခုဆိုရင္လည္း BTS ကိုခ်စ္တဲ့ပရိသတ္ေတြအတြက္ ဂုဏ္ယူစရာကိစၥတစ္ခုရွိလာခဲ့ၿပီလည္း ျဖစ္ပါတယ္။ မၾကာခင္မွာပဲ BTS အဖြဲ႕ဟာ အိမ္ျဖဴေတာ္ကိုသြားေရာက္ၿပီး အေမရိသမၼတနဲ႔ေတြ႕ဆုံရမွာလည္း ျဖစ္ပါတယ္။ BTS အဖြဲ႕ကေတာ့ အိမ္ျဖဴေတာ္ကိုသြားေရာက္ၿပီး အေမရိကန္သမၼနဲ႔ေတြ႕ဆုံကာ အာရွမုန္းတီးမႈကေနၿပီးျဖစ္ပြားတဲ့ရာဇဝတ္မႈေတြအေၾကာင္းေဆြးေႏြးမွာျဖစ္တယ္လို႔ သိရပါတယ္။
ေမလ(၂၆)ရက္ေန႔က အိမ္ျဖဴေတာရဲ႕သတင္းထုတ္ျပန္ခ်က္မွာေတာ့ BTSအဖြဲ႕ဟာ သမၼတဘိုင္ဒင္နဲ႔ေတြ႕ဆုံကာ ကြဲျပားျခားနားမႈေတြရဲ႕အေရးပါပုံကိုေဆြးေႏြးမွာျဖစ္ၿပီး BTS ကေနၿပီးေတာ့ လူငယ္ ambassador ေတြအေနနဲ႔ကမာၻတစ္ဝွမ္းကို အေကာင္းျမင္မႈနဲ႔ေမွ်ာ္လင့္ခ်က္ေတြကို ျဖန႔္ေဝေပးဖို႔ ျဖစ္တယ္လို႔လည္း သိရပါတယ္။