ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ဖော်ပြခြင်းခံလိုက်ရတဲ့ Aespa နဲ့ Squid Game မင်းသမီး

Posted on

ကမ္ဘာကျော် Forbes မဂ္ဂဇင်းကြီးကတော့ အခုနှစ်အတွက်လည်း နယ်ပယ်အသီးသီးကထူးချွန်စာရင်းတွေကို ထုတ်ပြန်ခဲ့ပြန်ပါပြီ။ Forbes ကတော့ (၃၀)နှစ်အောက် အယောက်(၃၀) စာရင်းကို ကဏ္ဍ(၁၀)ခုအတွက် ရွေးချယ်ခဲ့တာဖြစ်ပြီး ဖျော်ဖြေရေးနဲ့အားကစားကတော့ တစ်ခုအပါအဝင်ပါ။


မဂ္ဂဇင်းကြီးရဲ့ ဖျော်ဖြေရေးနဲ့အားကစားကဏ္ဍအတွက် အာရှရဲ့အသက် (၃၀)နှစ်အောက် အယောက်(၃၀) စာရင်းမှာ ပါဝင်လာခဲ့တာကတော့ Aespa အဖွဲ့နဲ့ Squid Game မင်းသမီးJung Ho Yeon ပဲဖြစ်ပါတယ်။ Aespa ကတော့ ကေပေါပ့်လောကမှာအကျော်ကြားဆုံးအဖွဲ့တွေထဲက တစ်ခုလို့ပြောရမှာဖြစ်ပြီး (၂၀၂၀)ခုနှစ်မှာBlack Mamba သီချင်းနဲ့ပွဲဦးထွက်ခဲ့ကာ Next Level သီချင်းကတော့ ပေါ်ပြူလာအဖြစ်ဆုံးသီချင်းတစ်ပုဒ်ပါ။ ဒီအဖွဲ့ကတော့ ဆုပေါင်းများစွာကိုလည်း ရရှိထားပြီး ကမ္ဘာနဲ့အဝှမ်းအောင်မြင်နေတာလည်း ဖြစ်ပါတယ်။


Jung Ho Yeon ကတော့ Squid Game ဇာတ်လမ်းတွဲနဲ့အတူလျှမ်းလျှမ်းတောက်အောင်မြင်လာသူတစ်ယောက်ပါ။ သူကတော့ အခုနှစ်ရဲ့ Screen Actors Guild Awards မှာ ဒရမ်မာဇာတ်လမ်းတွဲနဲ့အကောင်းအမျိုးသမီးသရုပ်ဆောင်ဆုကို ရရှိထားပါသေးတယ်။ Apple ကထုတ်လွှင့်နဲ့ Disclaimer ဆိုတဲ့စီးရီးမှာအဓိကဇာတ်ဆောင်အဖြစ်ပါဝင်သွားဖို့မျှော်လင့်ရပါတယ်။ ဒါ့အပြင် Louis Vuitton ရဲ့ brand ambassador ဖြစ်လာခဲ့သလို အင်စတာဂရမ်မှာလည်း follower ပေါင်း (၂၄) သန်းတောင်မှပိုင်ဆိုင်ထားရတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ကမာၻေက်ာ္ Forbes မဂၢဇင္းရဲ႕ေဖာ္ျပျခင္းခံလိုက္ရတဲ့ Aespa နဲ႔ Squid Game မင္းသမီး
ကမာၻေက်ာ္ Forbes မဂၢဇင္းႀကီးကေတာ့ အခုႏွစ္အတြက္လည္း နယ္ပယ္အသီးသီးကထူးခြၽန္စာရင္းေတြကို ထုတ္ျပန္ခဲ့ျပန္ပါၿပီ။ Forbes ကေတာ့ (၃၀)ႏွစ္ေအာက္ အေယာက္(၃၀) စာရင္းကို က႑(၁၀)ခုအတြက္ ေ႐ြးခ်ယ္ခဲ့တာျဖစ္ၿပီး ေဖ်ာ္ေျဖေရးနဲ႔အားကစားကေတာ့ တစ္ခုအပါအဝင္ပါ။


မဂၢဇင္းႀကီးရဲ႕ ေဖ်ာ္ေျဖေရးနဲ႔အားကစားက႑အတြက္ အာရွရဲ႕အသက္ (၃၀)ႏွစ္ေအာက္ အေယာက္(၃၀) စာရင္းမွာ ပါဝင္လာခဲ့တာကေတာ့ Aespa အဖြဲ႕နဲ႔ Squid Game မင္းသမီးJung Ho Yeon ပဲျဖစ္ပါတယ္။ Aespa ကေတာ့ ေကေပါပ့္ေလာကမွာအေက်ာ္ၾကားဆုံးအဖြဲ႕ေတြထဲက တစ္ခုလို႔ေျပာရမွာျဖစ္ၿပီး (၂၀၂၀)ခုႏွစ္မွာBlack Mamba သီခ်င္းနဲ႔ပြဲဦးထြက္ခဲ့ကာ Next Level သီခ်င္းကေတာ့ ေပၚျပဴလာအျဖစ္ဆုံးသီခ်င္းတစ္ပုဒ္ပါ။ ဒီအဖြဲ႕ကေတာ့ ဆုေပါင္းမ်ားစြာကိုလည္း ရရွိထားၿပီး ကမာၻနဲ႔အဝွမ္းေအာင္ျမင္ေနတာလည္း ျဖစ္ပါတယ္။


Jung Ho Yeon ကေတာ့ Squid Game ဇာတ္လမ္းတြဲနဲ႔အတူလွ်မ္းလွ်မ္းေတာက္ေအာင္ျမင္လာသူတစ္ေယာက္ပါ။ သူကေတာ့ အခုႏွစ္ရဲ႕ Screen Actors Guild Awards မွာ ဒရမ္မာဇာတ္လမ္းတြဲနဲ႔အေကာင္းအမ်ိဳးသမီးသ႐ုပ္ေဆာင္ဆုကို ရရွိထားပါေသးတယ္။ Apple ကထုတ္လႊင့္နဲ႔ Disclaimer ဆိုတဲ့စီးရီးမွာအဓိကဇာတ္ေဆာင္အျဖစ္ပါဝင္သြားဖို႔ေမွ်ာ္လင့္ရပါတယ္။ ဒါ့အျပင္ Louis Vuitton ရဲ႕ brand ambassador ျဖစ္လာခဲ့သလို အင္စတာဂရမ္မွာလည္း follower ေပါင္း (၂၄) သန္းေတာင္မွပိုင္ဆိုင္ထားရတာလည္း ျဖစ္ပါတယ္။