ပုံတူဖယောင်းရုပ်တုပြုလုပ်ကာ မဒမ်တူးဆော့ပြတိုက်မှာပြသခြင်းခံရမယ့် Hyun Bin

Posted on

ခန့်ညားချောမောတဲ့မင်းသားချော Hyun Bin ကိုတော့ ပရိသတ်တွေမသိသူမရှိလောက်ပါဘူး။ သူကတော့ အနုပညာလောကမှာထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်သလို ဒိတ်ဒိတ်ကြဲမင်းသမီး Son Ye Jin နဲ့လည်း လက်ထပ်ထားတာဖြစ်ပါတယ်။ သူကတော့ တောင်ကိုရီးယားနိုင်ငံအတွက်ဂုဏ်ယူစရာကောင်းတဲ့ငွေကြယ်ပွင့်ပါပဲ။


Hyun Bin ကိုတော့ မဒမ်တူးဆော့ပြတိုက်မှာဖယောင်းရုပ်တုပြုလုပ်ပြီး ပြသခြင်းခံရတော့မှာလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ မဒမ်တူးဆော့ပြတိုက်ပေါင်း (၂၃) ခုခန့်ရှိတာဖြစ်ပြီး နယ်ပယ်အသီးသမီးကနာမည်ကျော်တွေရဲ့ဖယောင်းရုပ်တုတွေကို ခင်းကျင်းပြသထားတာလည်း ဖြစ်ပါတယ်။ Hyun Bin ကတော့ နှစ်ပေါင်းရာချီသက်တမ်းရှိမဒမ်တူးဆော့ပြတိုက်မှာပြသဖို့အတွက်ဖို့အတွက်အခုလို ဖယောင်းရုပ်တုပြုလုပ်ခြင်းခံရတဲ့အပေါ်ဂုဏ်ယူတယ်လို့ဆိုပါတယ်။


အခုလိုမျိုးကိုယ့်ရဲ့ပုံတူဖယောင်းရုပ်တုကိုပြုလုပ်ခြင်းခံရတာကတော့ သူ့အတွက်အတွေ့အကြုံအသစ်လို့ဆိုပါတယ်။ သူ့ရဲ့ပုံတူရုပ်တုကိုတော့ စင်္ကာပူ၊ ဟောင်ကောင် ဒါမှမဟုတ် ဘန်ကောက်မှာစတင်ပြသသွားမယ်လို့ သိရပါတယ်။ သူကတော့ သူ့ရဲ့ရုပ်တုက အာရှကပရိသတ်တွေရဲ့ရှေ့မှာရှိနေမယ့်နေ့ကိုလည်း မျှော်လင့်နေတယ်လို့ ဆိုပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ပုံတူဖေယာင္း႐ုပ္တုျပဳလုပ္ကာ မဒမ္တူးေဆာ့ျပတိုက္မွာျပသျခင္းခံရမယ့္ Hyun Bin
ခန႔္ညားေခ်ာေမာတဲ့မင္းသားေခ်ာ Hyun Bin ကိုေတာ့ ပရိသတ္ေတြမသိသူမရွိေလာက္ပါဘူး။ သူကေတာ့ အႏုပညာေလာကမွာထိပ္တန္းအႏုပညာရွင္တစ္ေယာက္ျဖစ္သလို ဒိတ္ဒိတ္ႀကဲမင္းသမီး Son Ye Jin နဲ႔လည္း လက္ထပ္ထားတာျဖစ္ပါတယ္။ သူကေတာ့ ေတာင္ကိုရီးယားႏိုင္ငံအတြက္ဂုဏ္ယူစရာေကာင္းတဲ့ေငြၾကယ္ပြင့္ပါပဲ။


Hyun Bin ကိုေတာ့ မဒမ္တူးေဆာ့ျပတိုက္မွာဖေယာင္း႐ုပ္တုျပဳလုပ္ၿပီး ျပသျခင္းခံရေတာ့မွာလည္း ျဖစ္ပါတယ္။ ကမာၻတစ္ဝွမ္းမွာေတာ့ မဒမ္တူးေဆာ့ျပတိုက္ေပါင္း (၂၃) ခုခန႔္ရွိတာျဖစ္ၿပီး နယ္ပယ္အသီးသမီးကနာမည္ေက်ာ္ေတြရဲ႕ဖေယာင္း႐ုပ္တုေတြကို ခင္းက်င္းျပသထားတာလည္း ျဖစ္ပါတယ္။ Hyun Bin ကေတာ့ ႏွစ္ေပါင္းရာခ်ီသက္တမ္းရွိမဒမ္တူးေဆာ့ျပတိုက္မွာျပသဖို႔အတြက္ဖို႔အတြက္အခုလို ဖေယာင္း႐ုပ္တုျပဳလုပ္ျခင္းခံရတဲ့အေပၚဂုဏ္ယူတယ္လို႔ဆိုပါတယ္။
အခုလိုမ်ိဳးကိုယ့္ရဲ႕ပုံတူဖေယာင္း႐ုပ္တုကိုျပဳလုပ္ျခင္းခံရတာကေတာ့ သူ႔အတြက္အေတြ႕အႀကဳံအသစ္လို႔ဆိုပါတယ္။ သူ႔ရဲ႕ပုံတူ႐ုပ္တုကိုေတာ့ စကၤာပူ၊ ေဟာင္ေကာင္ ဒါမွမဟုတ္ ဘန္ေကာက္မွာစတင္ျပသသြားမယ္လို႔ သိရပါတယ္။ သူကေတာ့ သူ႔ရဲ႕႐ုပ္တုက အာရွကပရိသတ္ေတြရဲ႕ေရွ႕မွာရွိေနမယ့္ေန႔ကိုလည္း ေမွ်ာ္လင့္ေနတယ္လို႔ ဆိုပါတယ္။