Son Ye Jin တစ်ယောက် ကိုယ်ဝန်ရှိနေပြီလား

Posted on

ထိပ်တန်းမင်းသမီးချော Son Ye Jinကိုတော့ ပရိသတ်တွေသိကြမှာပါ။ သူကတော့ နာမည်ကျော်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Hyun Bin နဲ့လက်ထပ်ခဲ့တာဖြစ်ပြီး ပရိသတ်တွေအားကျရတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတာပါ။ Son Ye Jin ကတော့ သိပ်မကြာသေးခင်ကကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းတွေထွက်ရှိခဲ့တာပါ။


မေလ(၂၉)ရက်နေ့မှာတော့ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ MSteam Entertainment ကနေပြီးတော့ ကောလာဟလသတင်းတွေက တစ်ခုမှမမှန်ကန်ကြောင်း စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကတော့ မင်းသမီးရဲ့အင်စတာဂရမ်မှာတင်ထားတဲ့ပိုစ့်တစ်ခုနဲ့ပတ်သက်ပြီး ထင်ကြေးပေးခံခဲ့ရတာပါ။ Son Ye Jin ကတော့ သာယာတဲ့နေ့လေးမှာ သူ့ရဲ့ခွေးလေးနဲ့အချိန်ကုန်ဆုံးနေခဲ့တာဖြစ်ပြီး သူ့ရဲ့ဝတ်စားဆင်ယင်မှုကြောင့် လူပြောများခဲ့တာပါ။


ဂါဝန်အရှည်အဖြူလေးကို ဝတ်ဆင်ထားတဲ့ Son Ye Jin ကတော့ ကိုယ်ဝန်ရှိနေတာကိုဖုံးကွယ်လိုတာကြောင့် ဝတ်ဆင်ထားတာဖြစ်နိုင်တယ်လို့ ယူဆခံခဲ့ရတာပါ။ Son Ye Jin နဲ့ Hyun Bin တို့စုံတွဲကတော့ပြီးခဲ့တဲ့ဧပြီလက အမေရိကန်နိုင်ငံက ဟာဝိုင်အီ၊ ကယ်လီဖိုးနီးယားနဲ့ နယူးယောက်ကို ပျားရည်ဆမ်းခရီးထွက်ခဲ့ပါသေးတယ်။
Zawgyi ဖြင့်ဖတ်ရန်

Son Ye Jin တစ္ေယာက္ ကိုယ္ဝန္ရွိေနၿပီလား
ထိပ္တန္းမင္းသမီးေခ်ာ Son Ye Jinကိုေတာ့ ပရိသတ္ေတြသိၾကမွာပါ။ သူကေတာ့ နာမည္ေက်ာ္အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ Hyun Bin နဲ႔လက္ထပ္ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြအားက်ရတဲ့အိမ္ေထာင္ေရးကိုပိုင္ဆိုင္ထားတာပါ။ Son Ye Jin ကေတာ့ သိပ္မၾကာေသးခင္ကကိုယ္ဝန္ရွိေနၿပီဆိုတဲ့ သတင္းေတြထြက္ရွိခဲ့တာပါ။


ေမလ(၂၉)ရက္ေန႔မွာေတာ့ သူ႔ရဲ႕ေအဂ်င္စီျဖစ္တဲ့ MSteam Entertainment ကေနၿပီးေတာ့ ေကာလာဟလသတင္းေတြက တစ္ခုမွမမွန္ကန္ေၾကာင္း စာတစ္ေစာင္ထုတ္ျပန္ခဲ့ပါတယ္။ ဒီသတင္းကေတာ့ မင္းသမီးရဲ႕အင္စတာဂရမ္မွာတင္ထားတဲ့ပိုစ့္တစ္ခုနဲ႔ပတ္သက္ၿပီး ထင္ေၾကးေပးခံခဲ့ရတာပါ။ Son Ye Jin ကေတာ့ သာယာတဲ့ေန႔ေလးမွာ သူ႔ရဲ႕ေခြးေလးနဲ႔အခ်ိန္ကုန္ဆုံးေနခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ဝတ္စားဆင္ယင္မႈေၾကာင့္ လူေျပာမ်ားခဲ့တာပါ။
ဂါဝန္အရွည္အျဖဴေလးကို ဝတ္ဆင္ထားတဲ့ Son Ye Jin ကေတာ့ ကိုယ္ဝန္ရွိေနတာကိုဖုံးကြယ္လိုတာေၾကာင့္ ဝတ္ဆင္ထားတာျဖစ္ႏိုင္တယ္လို႔ ယူဆခံခဲ့ရတာပါ။ Son Ye Jin နဲ႔ Hyun Bin တို႔စုံတြဲကေတာ့ၿပီးခဲ့တဲ့ဧၿပီလက အေမရိကန္ႏိုင္ငံက ဟာဝိုင္အီ၊ ကယ္လီဖိုးနီးယားနဲ႔ နယူးေယာက္ကို ပ်ားရည္ဆမ္းခရီးထြက္ခဲ့ပါေသးတယ္။