ကိန်းရုပ်ရှင်ပွဲတော်မှာဝတ်ဆင်ခဲ့တဲ့ ဒေါ်လာတစ်သိန်းကျော်တန်ဖိုးရှိတဲ့လက်ဝတ်ရတနာတွေကြောင့် မီဒီယာတွေရဲ့အာရုံစိုက်ခံခဲ့ရတဲ့ IU

Posted on

ကိန်းရုပ်ရှင်ပွဲတော်ကိုတက်ရောက်ခဲ့တဲ့ IU ရဲ့ဖက်ရှင်ကတော့ ဒီရက်ပိုင်းမှာနာမည်ကြီးနေတာပါ။ နာမည်ကျော်ကိန်းရုပ်ရှင်ပွဲတော်ကို ပထမဆုံးတက်ရောက်ခဲ့တဲ့ IU ကတော့ မီဒီယာတွေရဲ့အာရုံစိုက်ခြင်းကိုခံခဲ့ရပါတယ်။ သူပါဝင်ထားတဲ့ ရုပ်ရှင်ဖြစ်တဲ့ Broker ကိုတော့ မေလ(၂၇)ရက်နေ့က ပြသခဲ့ပါတယ်။


IU ကတော့ လှပတဲ့အမိုက်စာဝတ်စုံနဲ့အတူ စိတ်လည်ဆွဲနဲ့နားကပ်တွေကတော့ စိတ်ဝင်စားစရာဖြစ်ခဲ့တာပါ။ IU ကတော့ Chaumet အမှတ်တံဆိပ်ဖြစ်တဲ့ ‘Joséphine Aigrette’ ဆိုတဲ့လည်ဆွဲကိုဆွဲထားတာဖြစ်ပြီး ယူအက်စ်ဒေါ်လာ 89,000 ခန့်ရှိပါတယ်။ ဒ့ါအပြင် လှပတဲ့စိန်နားကပ်ကတော့ Chaumet တံဆိပ်ပဲဖြစ်ပြီး ယူအက်စ်ဒေါ်လာ 16,000 တန်ဖိုးရှိပါတယ်။ IU ရဲ့ဖက်ရှင်ကျကျရွေးချယ်မှုတွေကတော့ ကောင်းမွန်တဲ့အမြင်မှတ်ချက်တွေရခဲ့တာ ဖြစ်ပါတယ်။


Broker ရုပ်ရှင်ဇာတ်ကားမှာတော့ IU အပြင် Song Kang Ho နဲ့ Kang Dong Won စတဲ့နာမည်ကြီးတွေပါဝင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ တောင်ကိုရီးယားမှာ ဇွန်လ(၈)ရက်နေ့မှာ စတင်ပြသမှာဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်

ကိန္း႐ုပ္ရွင္ပြဲေတာ္မွာဝတ္ဆင္ခဲ့တဲ့ ေဒၚလာတစ္သိန္းေက်ာ္တန္ဖိုးရွိတဲ့လက္ဝတ္ရတနာေတြေၾကာင့္ မီဒီယာေတြရဲ႕အာ႐ုံစိုက္ခံခဲ့ရတဲ့ IU
ကိန္း႐ုပ္ရွင္ပြဲေတာ္ကိုတက္ေရာက္ခဲ့တဲ့ IU ရဲ႕ဖက္ရွင္ကေတာ့ ဒီရက္ပိုင္းမွာနာမည္ႀကီးေနတာပါ။ နာမည္ေက်ာ္ကိန္း႐ုပ္ရွင္ပြဲေတာ္ကို ပထမဆုံးတက္ေရာက္ခဲ့တဲ့ IU ကေတာ့ မီဒီယာေတြရဲ႕အာ႐ုံစိုက္ျခင္းကိုခံခဲ့ရပါတယ္။ သူပါဝင္ထားတဲ့ ႐ုပ္ရွင္ျဖစ္တဲ့ Broker ကိုေတာ့ ေမလ(၂၇)ရက္ေန႔က ျပသခဲ့ပါတယ္။


IU ကေတာ့ လွပတဲ့အမိုက္စာဝတ္စုံနဲ႔အတူ စိတ္လည္ဆြဲနဲ႔နားကပ္ေတြကေတာ့ စိတ္ဝင္စားစရာျဖစ္ခဲ့တာပါ။ IU ကေတာ့ Chaumet အမွတ္တံဆိပ္ျဖစ္တဲ့ ‘Joséphine Aigrette’ ဆိုတဲ့လည္ဆြဲကိုဆြဲထားတာျဖစ္ၿပီး ယူအက္စ္ေဒၚလာ 89,000 ခန႔္ရွိပါတယ္။ ဒ့ါအျပင္ လွပတဲ့စိန္နားကပ္ကေတာ့ Chaumet တံဆိပ္ပဲျဖစ္ၿပီး ယူအက္စ္ေဒၚလာ 16,000 တန္ဖိုးရွိပါတယ္။ IU ရဲ႕ဖက္ရွင္က်က်ေ႐ြးခ်ယ္မႈေတြကေတာ့ ေကာင္းမြန္တဲ့အျမင္မွတ္ခ်က္ေတြရခဲ့တာ ျဖစ္ပါတယ္။
Broker ႐ုပ္ရွင္ဇာတ္ကားမွာေတာ့ IU အျပင္ Song Kang Ho နဲ႔ Kang Dong Won စတဲ့နာမည္ႀကီးေတြပါဝင္ထားပါတယ္။ ဒီဇာတ္ကားကိုေတာ့ ေတာင္ကိုရီးယားမွာ ဇြန္လ(၈)ရက္ေန႔မွာ စတင္ျပသမွာျဖစ္ပါတယ္။