တောင်ကိုရီးယားနိုင်ငံအနုပညာနယ်ပယ်ကတော့ ကမ္ဘာကိုပါလွှမ်းမိုးနိုင်လာခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင် နာမည်ကျော်ကိန်းရုပ်ရှင်ပွဲတော်မှာလည်း ဆုတွေကို ရယူသိမ်းပိုက်နိုင်ခဲ့ပြန်တာပါ။ ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Song Kang Ho ကတော့ Broker ရုပ်ရှင်ဇာတ်ကားနဲ့ သူ့ရဲ့သရုပ်ဆောင်ချက်တွေကို သမိုင်းမှတ်တိုင်ဖြစ်စေခဲ့ပါပြီ။
သူကတော့ Broker ရုပ်ရှင်နဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုကို (၇၅)ကြိမ်မြောက်ကိန်းရုပ်ရှင်ပွဲတော်မှာ ရရှိခဲ့ပါတယ်။ သူကတော့ ဒီဆုကိုရရှိတဲ့ပထမဆုံးတောင်ကိုရီးယားသရုပ်ဆောင်တစ်ယောက်လည်း ဖြစ်လာခဲ့တာပါ။ Song Kang Ho ကတော့ ကိန်းရုပ်ရှင်ပွဲတော်ကို (၇)ကြိမ်မြောက်တက်ရောက်ခဲ့တာဖြစ်ပြီး ဆန်ကာတင်အနေနဲ့ (၄)ကြိမ်မြောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။
Song Kang Ho ကတော့ အခုလိုဆုရရှိတဲ့အပေါ် တွဲဖက်သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာ Hirokazu Koreeda ကိုလည်း ကျေးဇူးတင်စကားပြောခဲ့ပါသေးတယ်။ ဒါ့အပြင် ဇနီးဖြစ်သူအတွက်ရရှိခဲ့တဲ့ဆုပါဆိုပြီးတော့လည်း ရိုမန်တစ်ဆန်ခဲ့တာကြောင့် လူပြောများခဲ့ပါသေးတယ်။
Congratulations ပါ Song Kang Ho!
Zawgyi ဖြင့်ဖတ်ရန်
ကိန္း႐ုပ္ရွင္ပြဲေတာ္မွာ အေကာင္းဆုံးဇာတ္ေဆာင္ဆုကိုရရွိတဲ့ ပထမဆုံးကိုရီးယားသ႐ုပ္ေဆာင္ျဖစ္လာတဲ့ Song Kang Ho
ေတာင္ကိုရီးယားႏိုင္ငံအႏုပညာနယ္ပယ္ကေတာ့ ကမာၻကိုပါလႊမ္းမိုးႏိုင္လာခဲ့ၿပီျဖစ္ပါတယ္။ အခုဆိုရင္ နာမည္ေက်ာ္ကိန္း႐ုပ္ရွင္ပြဲေတာ္မွာလည္း ဆုေတြကို ရယူသိမ္းပိုက္ႏိုင္ခဲ့ျပန္တာပါ။ ဝါရင့္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ Song Kang Ho ကေတာ့ Broker ႐ုပ္ရွင္ဇာတ္ကားနဲ႔ သူ႔ရဲ႕သ႐ုပ္ေဆာင္ခ်က္ေတြကို သမိုင္းမွတ္တိုင္ျဖစ္ေစခဲ့ပါၿပီ။
သူကေတာ့ Broker ႐ုပ္ရွင္နဲ႔ အေကာင္းဆုံးသ႐ုပ္ေဆာင္ဆုကို (၇၅)ႀကိမ္ေျမာက္ကိန္း႐ုပ္ရွင္ပြဲေတာ္မွာ ရရွိခဲ့ပါတယ္။ သူကေတာ့ ဒီဆုကိုရရွိတဲ့ပထမဆုံးေတာင္ကိုရီးယားသ႐ုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္လာခဲ့တာပါ။ Song Kang Ho ကေတာ့ ကိန္း႐ုပ္ရွင္ပြဲေတာ္ကို (၇)ႀကိမ္ေျမာက္တက္ေရာက္ခဲ့တာျဖစ္ၿပီး ဆန္ကာတင္အေနနဲ႔ (၄)ႀကိမ္ေျမာက္ခဲ့ၿပီလည္း ျဖစ္ပါတယ္။
Song Kang Ho ကေတာ့ အခုလိုဆုရရွိတဲ့အေပၚ တြဲဖက္သ႐ုပ္ေဆာင္ေတြနဲ႔ ဒါ႐ိုက္တာ Hirokazu Koreeda ကိုလည္း ေက်းဇူးတင္စကားေျပာခဲ့ပါေသးတယ္။ ဒါ့အျပင္ ဇနီးျဖစ္သူအတြက္ရရွိခဲ့တဲ့ဆုပါဆိုၿပီးေတာ့လည္း ႐ိုမန္တစ္ဆန္ခဲ့တာေၾကာင့္ လူေျပာမ်ားခဲ့ပါေသးတယ္။
Congratulations ပါ Song Kang Ho!