Blackpink ကတော့ ပရိသတ်တွေကြားနာမည်တကြီးနဲ့ ကေပေါပ့်အိုင်ဒေါအဖွဲ့အဖြစ်နာမည်ကြီးနေတာဖြစ်ပြီး ပါဝင်တဲ့အဖွဲ့ဝင်လေးဦးကတော့ တစ်ယောက်တစ်မျိုးစီနာမည်ကြီးကြတာလည်း ဖြစ်ပါတယ်။ Blackpink အဖွဲ့ဝင် Rosé ကလည်းပဲ အရပ် ၅ ပေ ၆ လက်မနဲ့အတူ သွယ်လျလှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။
မကြာသေးခင်ကရိုက်ကူခဲ့တဲ့ပုံရိပ်နဲ့ပတ်သက်ပြီး အင်တာနက်သုံးစွဲသူတွေကတော့ Rosé တစ်ယောက် ကိုယ်အလေးချိန်တက်လာတဲ့အပေါ် မှတ်ချက်တွေပေးခဲ့ကြပါတယ်။ အင်တာနက်မှာတော့ Rosé တစ်ယောက်ကိုယ်အလေးချိန်တက်လာတာကြောင့် ပိုကြည့်ကောင်းလာတယ်လို့ ရေးသားထားတာဖြစ်ပါတယ်။ သူကအရပ်ရှည်ပြီးသားဖြစ်ပြီး ကိုယ်အလေးချိန်တက်လာပြီးနောက်ပိုတောင်လှလာတယ်လို့ ဆိုပါတယ်။
Rosé ကတော့ သူ့ရဲ့လှပတဲ့ကောက်ကြောင်းတွေနဲ့ မော်ဒယ်လ်တစ်ယောက်အဖြစ်လည်း လှပတဲ့ပုံရိပ်တွေပရိသတ်တွေကို သဘောကျစေလေ့ရှိသူပါ။ အချို့သောပရိသတ်တွေကတော့ Rosé ရဲ့ကိုယ်အလေးချိန်မတက်လာဘူးလို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Rosé တစ်ယောက်ကတော့ လှပတဲ့ခန္ဓာကိုယ်အချိုးအစားနဲ့အတူ လှပတဲ့ပုံရိပ်တွေကို ပရိသတ်တွေကိုမြင်တွေ့ခွင့်ရစေမှာ အမှန်ပါပဲ။
Zawgyi ဖြင့်ဖတ်ရန်
Rosé တစ်ယောက် ကိုယ်အလေးချိန်တက်ပြီးနောက်ပိုကြည့်ကောင်းလာတယ်လို့ အင်တာနက်သုံးစွဲသူတွေမှ ပြောဆိုခဲ့ကြ