“All In” ဇာတ်ကားမှာ Song Hye Kyo ရဲ့ငယ်ဘဝကိုသရုပ်ဆောင်ပြီး မင်းသမီးဘဝကိုစတင်ခဲ့တဲ့ Han Ji Min
Posted on
Han Ji Min ကတော့ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မှာပါ။ လက်ရှိပြသနေတဲ့ Our Blues ဇာတ်လမ်းတွဲမှာလည်း အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါသေးတယ်။
သူကတော့ မကြာသေးခင်က တီဗွီအစီအစဉ်တစ်ခုဖြစ်တဲ့ I Like Go Doo Shim မှာပါဝင်ခဲ့ပါတယ်။ သူကတော့ ဒီအစီအစဉ်မှာ သရုပ်ဆောင်အဖြစ်ပွဲဦးထွက်ခဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။ ဒီအကြောင်းကတော့ ပရိသတ်တွေစိတ်ဝင်စားစရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ Han Ji Min ကတော့ သူ့ရဲ့ပွဲဦးထွက်သရုပ်ဆောင်ချက်ကို All in ဇာတ်ကားမှာ မင်းသမီး Son Hye Kyo ရဲ့ ငယ်ဘဝဇာတ်ရုပ်အဖြစ်ပါဝင်ပြီးစတင်ခဲ့တာလည်း ဖြစ်ပါတယ်။
Han Ji Min ကတော့ လူရွေးပွဲကိုဝင်ဖို့အတွက် အရည်အချင်းတွေရှိမနေလို့ ရှက်ခဲ့တယ်လို့ ဆိုပါတယ်။ သူကတော့ ဒီဇာတ်ရုပ်မှာပါဝင်ဖို့အတွက်ပထမဆုံးနိုင်ငံခြားခရီးကိုထွက်ခဲ့တဲ့အချိန်နဲ့တိုက်နေတာကြောင့် သွားမဖြေဖြစ်ဘူးလို့ ဆိုပါတယ်။ ပြန်လာတဲ့အချိန်မှာဇာတ်ညွှန်းကိုမဆုံးဖြတ်ရသေးတာကြောင့်လာရောက်ဖြေဖို့ခေါ်ခဲ့တာဖြစ်ပြီး ရွေးချယ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်