ရင်သွေးလေးကိုမွေးဖွားခဲ့ပြီဖြစ်တဲ့ Park Shin Hye
Park Shin Hye နဲ့ Choi Tae Joon တို့ဇနီးမောင်နှံတို့နှစ်ဦးကတော့ ပရိသတ်တွေချစ်ခင်အားကျရတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ကာလကြာရှည်တွဲပြီးနောက် ပြီးခဲ့တဲ့ဇန်နဝါရီလမှာ လက်ထပ်ထိမ်းမြားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ပရိသတ်တွေကို သတင်းကောင်းလေးအသိပေးခဲ့ပြန်ပါတယ်။
Park Shin Hye ရဲ့အေဂျင်စီဖြစ်တဲ့ SALT Entertainment ကတော့ ဒီနေ့မှာသားလေးကိုဖွားမြင်ခဲ့ပြီး မိခင်ရောကလေးပါကျန်းကျန်းမာမာရှိတယ် ဆိုတဲ့အကြောင်းကို ထုတ်ပြန်ခဲ့ပါတယ်။ SALT Entertainment ကတော့ “Park Shin Hye ဟာရင်သွေးလေးကို ဆိုးလ်မြို့ကဆေးရုံမှာမွေးဖွားခဲ့ပါတယ်။ Park Shin Hye နဲ့ သူ့ရဲ့သားဖြစ်သူကတော့ကျန်းမာစွာရှိနေပါတယ်။ သူတို့တွေကတော့ Choi Tae Joon ၊ သူတို့မိသားစု၊မိတ်ဆွေတွေနဲ့ ကောင်းမွန်စွာအနားယူနေတယ်လို့ “ဆိုပါတယ်။
ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးထဲကို နောက်ထပ်မိသားစုဝင်အသစ်ရောက်လာတာကြောင့် ပျော်ရွှင်နေကြမှာအမှန်ပါပဲ။ ပရိသတ်တွေကတော့ Park Shin Hye နဲ့ Choi Tae Joon တို့ဇနီးမောင်နှံကိုချစ်ခင်ကြသလို သားဖြစ်သူအတွက်လည်း ဆုမွန်ကောင်းတွေတောင်းပေးနေကြတာဖြစ်ပါတယ်။Congradulations ပါ …
Zawgyi ဖြင့်ဖတ်ရန်
Check Also
ဇနီးလောင်း Lee Da In ကို ဘာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတာကို ပြောပြခဲ့တဲ့ မင်းသား Lee Seung Gi
Lee Seung Gi နဲ့ Lee Da In တို့နှစ်ဦးကတော့ ချစ်သူတွေဖြစ်ပြီး အချိန်အတိုင်းအတာတစ်ခုမှာ ရွှေလက်တွဲတော့မှာပဲ ဖြစ်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ဧပြီလမှာလက်ထပ်ပွဲကျင်းပသွားမှာ ဖြစ်တယ်လို့ …
x