BTS အဖွဲ့ကတော့ ပရိသတ်တွေရဲ့သည်းသည်းလှုပ်ချစ်ခင်အားပေးခြင်းခံရတဲ့ အိုင်ဒေါအဖွဲ့လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ အဖွဲ့ဝင်တစ်ဦးချင်းစီကို အသေးစိတ်ဂရုစိုက်ကြပြီး ဒီနေ့မှာတော့ စိတ်ပူစရာကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ သန်း(၄၀)ကျော် follower ရှိတဲ့ Jungkook အကောင့်မှ ပိုစ့်တွေအားလုံးကိုဖျက်ထားတာပဲ ဖြစ်ပါတယ်။
BTS အဖွဲ့ဝင်တွေကတော့ ပွဲဦးထွက်ပြီးနောက်(၈)နှစ်အကြာ လွန်ခဲ့တဲ့ဒီဇင်ဘာလမှာ ကိုယ်ပိုင်အကောင့်တွေဖွင့်ကာ စတင်အသုံးပြုခဲ့တာပါ။ Jungkook ကိုယ်တိုင်ကလည်း သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကိုပရိသတ်တွေကိုဝေမျှလေ့ရှိပြီး ဓာတ်ပုံတွေဗီဒီယိုတွေကိုတင်လေ့ရှိတာကြောင့် ပရိသတ်တွေနဲ့ပိုပြီးတော့ နီးကပ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ သူ့ရဲ့အင်စတာဂရမ်မှာရှိတဲ့ ပိုစ့်အားလုံးကပျောက်ကွယ်သွားခဲ့တာပါ။
အခုလိုမျိုးပိုစ့်တွေအားလုံးကိုဖျက်ပစ်ခဲ့တာကတော့ ပရိသတ်တွေကိုထူးဆန်းအံ့သြစေခဲ့ပါတယ်။ Jungkook ကတော့ အင်စတာဂရမ်ကိုအသစ်ကပြန်စတင်လိုတာလား အကြောင်းတစ်ခုခုရှိသလားဆိုတာကို မေးခွန်းထုတ်နေခဲ့ကြတာပါ။ တချို့ကတော့ အကောင့်ဟက်ခံရတာများဖြစ်နေမလားဆိုပြီးစိုးရိမ်ပူပန်နေကြတာလည်း ဖြစ်ပါတယ်။
Zawgyi ဖြင့်ဖတ်ရန်
အင္စတာဂရမ္မွပိုစ့္ေတြအားလုံးကို ဖ်က္ပစ္ခဲ့တဲ့ BTS အဖြဲ႕ဝင္ Jungkook
BTS အဖြဲ႕ကေတာ့ ပရိသတ္ေတြရဲ႕သည္းသည္းလႈပ္ခ်စ္ခင္အားေပးျခင္းခံရတဲ့ အိုင္ေဒါအဖြဲ႕လည္း ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ အဖြဲ႕ဝင္တစ္ဦးခ်င္းစီကို အေသးစိတ္ဂ႐ုစိုက္ၾကၿပီး ဒီေန႔မွာေတာ့ စိတ္ပူစရာကိစၥတစ္ခုျဖစ္ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ သန္း(၄၀)ေက်ာ္ follower ရွိတဲ့ Jungkook အေကာင့္မွ ပိုစ့္ေတြအားလုံးကိုဖ်က္ထားတာပဲ ျဖစ္ပါတယ္။
BTS အဖြဲ႕ဝင္ေတြကေတာ့ ပြဲဦးထြက္ၿပီးေနာက္(၈)ႏွစ္အၾကာ လြန္ခဲ့တဲ့ဒီဇင္ဘာလမွာ ကိုယ္ပိုင္အေကာင့္ေတြဖြင့္ကာ စတင္အသုံးျပဳခဲ့တာပါ။ Jungkook ကိုယ္တိုင္ကလည္း သူ႔ရဲ႕ေန႔စဥ္လႈပ္ရွားမႈေတြကိုပရိသတ္ေတြကိုေဝမွ်ေလ့ရွိၿပီး ဓာတ္ပုံေတြဗီဒီယိုေတြကိုတင္ေလ့ရွိတာေၾကာင့္ ပရိသတ္ေတြနဲ႔ပိုၿပီးေတာ့ နီးကပ္ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ သူ႔ရဲ႕အင္စတာဂရမ္မွာရွိတဲ့ ပိုစ့္အားလုံးကေပ်ာက္ကြယ္သြားခဲ့တာပါ။
အခုလိုမ်ိဳးပိုစ့္ေတြအားလုံးကိုဖ်က္ပစ္ခဲ့တာကေတာ့ ပရိသတ္ေတြကိုထူးဆန္းအံ့ၾသေစခဲ့ပါတယ္။ Jungkook ကေတာ့ အင္စတာဂရမ္ကိုအသစ္ကျပန္စတင္လိုတာလား အေၾကာင္းတစ္ခုခုရွိသလားဆိုတာကို ေမးခြန္းထုတ္ေနခဲ့ၾကတာပါ။ တခ်ိဳ႕ကေတာ့ အေကာင့္ဟက္ခံရတာမ်ားျဖစ္ေနမလားဆိုၿပီးစိုးရိမ္ပူပန္ေနၾကတာလည္း ျဖစ္ပါတယ္။