BLACKPINK အဖွဲ့ကတော့ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေတာကြောင့် မသိသူမရှိလောက်ပါဘူး။ အောင်မြင်ကျော်ကြားမှုရဲ့နောက်ကွယ်မှာတော့ ခက်ခဲကြမ်းတမ်းမှုတွေများစွာကလည်း ရှိနေပြန်ပါတယ်။ အဖွဲ့ထဲမှာ ချစ်စရာကောင်းပြီးဖက်ရှင်ကျတာကြောင့် နာမည်ကျော်တာကတော့ Jennie ပဲဖြစ်ပါတယ်။
မကြာသေးခင်က Rolling Stone နဲ့ အင်တာဗျူးလုပ်ခဲ့တာဖြစ်ပြီး ပွဲဦးထွက်ပြီးနောက် စိတ်နဲ့ကိုယ်ကျန်းမာစွာနဲ့အလုပ်တွေလုပ်ဖို့အတွက် ရုန်းကန်ရတဲ့အကြောင်းတွေကို ပြောပြခဲ့ပါတယ်။ Jennie ကတော့ ကိုယ်ခံအားနည်းတာကြောင့် အလွယ်တကူဖျားတတ်တဲ့သူဖြစ်ပြီး Blackpink အဖွဲ့ရဲ့များပြားတဲ့အလုပ်တွေကြောင့် ကျန်းမာရေးကိုစိုးရိမ်တဲ့သူတစ်ယောက်ပါ။ (၂၀၂၀) ခုနှစ်က World Tour ကိုသွားပြီးနောက်မှာတော့ ရုပ်ပိုင်းဆိုင်ရာတင်မကစိတ်ပိုင်းဆိုင်ရာပါနာမကျန်းဖြစ်ခဲ့တာပါ။ သူကတော့ ပရိသတ်တွေစိတ်ပူမှာစိုးတာကြောင့် ဒီအကြောင်းနဲ့ပတ်သက်ပြီး သိပ်ပြီးတော့မပြောပြချင်ဘူးလို့ဆိုပါတယ်။
Jennie ကတော့ ပွဲဦးထွက်ပြီးကတည်းက (၃)နှစ်ကြာအောင် အလုပ်တွေကိုမရပ်မနားလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပရိသတ်တွေကတော့ လှလှပပကြွကြွရွရွလေးတွေ့နေရပေမယ့် အိုင်ဒေါတွေကတော့ တကယ့်ကိုမနေမနားကြိုးစားနေရတာဖြစ်ပြီး သူတို့ရဲ့အဆင်မပြေမှုတွေကိုလည်း ပရိသတ်တွေစိတ်ပူမှာစိုးတာကြောင့် သိပ်မျှဝေလေ့မရှိပါဘူး။
Zawgyi ဖြင့်ဖတ်ရန်
ပရိသတ္ေတြစိတ္ပူရမွာစိုးတာေၾကာင့္ နာမက်န္းျဖစ္တာေတြကို မေျပာျပခ်င္ဘူးဆိုတဲ့ Jennie
BLACKPINK အဖြဲ႕ကေတာ့ လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္ေက်ာ္ၾကားေနတာေၾကာင့္ မသိသူမရွိေလာက္ပါဘူး။ ေအာင္ျမင္ေက်ာ္ၾကားမႈရဲ႕ေနာက္ကြယ္မွာေတာ့ ခက္ခဲၾကမ္းတမ္းမႈေတြမ်ားစြာကလည္း ရွိေနျပန္ပါတယ္။ အဖြဲ႕ထဲမွာ ခ်စ္စရာေကာင္းၿပီးဖက္ရွင္က်တာေၾကာင့္ နာမည္ေက်ာ္တာကေတာ့ Jennie ပဲျဖစ္ပါတယ္။
မၾကာေသးခင္က Rolling Stone နဲ႔ အင္တာဗ်ဴးလုပ္ခဲ့တာျဖစ္ၿပီး ပြဲဦးထြက္ၿပီးေနာက္ စိတ္နဲ႔ကိုယ္က်န္းမာစြာနဲ႔အလုပ္ေတြလုပ္ဖို႔အတြက္ ႐ုန္းကန္ရတဲ့အေၾကာင္းေတြကို ေျပာျပခဲ့ပါတယ္။ Jennie ကေတာ့ ကိုယ္ခံအားနည္းတာေၾကာင့္ အလြယ္တကူဖ်ားတတ္တဲ့သူျဖစ္ၿပီး Blackpink အဖြဲ႕ရဲ႕မ်ားျပားတဲ့အလုပ္ေတြေၾကာင့္ က်န္းမာေရးကိုစိုးရိမ္တဲ့သူတစ္ေယာက္ပါ။ (၂၀၂၀) ခုႏွစ္က World Tour ကိုသြားၿပီးေနာက္မွာေတာ့ ႐ုပ္ပိုင္းဆိုင္ရာတင္မကစိတ္ပိုင္းဆိုင္ရာပါနာမက်န္းျဖစ္ခဲ့တာပါ။ သူကေတာ့ ပရိသတ္ေတြစိတ္ပူမွာစိုးတာေၾကာင့္ ဒီအေျကာင္းနဲ့ပတ္သက္ျပီး သိပ္ၿပီးေတာ့မေျပာျပခ်င္ဘူးလို႔ဆိုပါတယ္။
Jennie ကေတာ့ ပြဲဦးထြက္ၿပီးကတည္းက (၃)ႏွစ္ၾကာေအာင္ အလုပ္ေတြကိုမရပ္မနားလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ ပရိသတ္ေတြကေတာ့ လွလွပပႂကြႂကြ႐ြ႐ြေလးေတြ႕ေနရေပမယ့္ အိုင္ေဒါေတြကေတာ့ တကယ့္ကိုမေနမနားႀကိဳးစားေနရတာျဖစ္ၿပီး သူတို႔ရဲ႕အဆင္မေျပမႈေတြကိုလည္း ပရိသတ္ေတြစိတ္ပူမွာစိုးတာေၾကာင့္ သိပ္မွ်ေဝေလ့မရွိပါဘူး။