အစ်မဖြစ်သူရဲ့ကိုယ်ထိလက်ရောက်နှိပ်စက်မှုတွေကို ခံခဲ့ရတဲ့ငယ်ဘဝအကြောင်းပြောပြလာတဲ့ မင်းသမီး Han Ga In

Posted on

Han Ga In ကတော့ ပရိသတ်တွေရှေ့စတင်ပေါ်ထွက်လာချိန်ကတည်းကအလွန်လှပတဲ့ရုပ်ရည်ကြောင့် ပရိသတ်တွေအသိအမှတ်ပြုခြင်းကိုခံရတာပါ။ သူကတော့ မင်းသား Yeon Jung Hoon နဲ့လက်ထပ်ထားပြီးတော့ သားသမီးနှစ်ယောက်လည်း ရှိပါတယ်။ Han Ga Inကတော့ ရုပ်ရည်လှပပြီးနာမည်ကျော်မင်းသမီးဖြစ်ကာ သာယာတဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားပေမဲ့ ဆိုးဝါးတဲ့ငယ်ဘဝကိုဖြတ်သန်းခဲ့ရတာပါ။


Han Ga Inကတော့ ငယ်ရွယ်တဲ့အချိန်မှာဖခင်ကပစ်ထားခဲ့တာခံခဲ့ရပြီး မကြာခဏညှင်းပန်းနှိပ်စက်မှုတွေလုပ်တဲ့ အစ်မဖြစ်သူနဲ့နေထိုင်ခဲ့ရတာပါ။ အစ်မဖြစ်သူကတော့ အကြိမ်ပေါင်းများစွာရိုက်ခဲ့တာပါ။ ဆံပင်တွေကို ဆောင့်ဆွဲ၊ ဝမ်းဗိုက်ကိုရိုက်၊ ခြေချောင်းတွေကိုသွေးထွက်အောင်ရိုက်တာတွေကို ခံခဲ့ရတာပါ။ အစ်မဖြစ်သူကတော့သူ့ကို ပြုစုပျိုးထောင်သူတွေထဲကတစ်ယောက်ဖြစ်ပြီး နှိပ်စက်ညှင်းပန်းခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ အစ်မဖြစ်သူကသင်ပေးတာကြောင့် မူကြိုကျောင်းကိုမတက်ခဲ့ရဘဲ သူငယ်ချင်းတွေဆီကအက္ခရာတွေကို ခိုးကြောင်ခိုးဝှက်သင်ယူခဲ့ရတယ်လို့ ဆိုပါတယ်။


လက်ထပ်တာတောင်မှ အစ်မဖြစ်သူရဲ့အရင်လက်ထပ်ဖို့ခွင့်မပြုတာကြောင့် သူမင်္ဂလာဆောင်ပြီး (၄) လကြာမှ လက်ထပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။ဒါပေမဲ့လည်း မင်းသမီး Han Ga In ကတော့ ငယ်ဘဝကနာကျင်ခဲ့ရပေမဲ့ နွေးထွေးစွာချစ်ပေးခဲ့တဲ့ခင်ပွန်းဖြစ်သူ Yeon Jung Hoon နဲ့လက်ထပ်ခဲ့ရတာကြောင့် ကံကောင်းခဲ့တာလည်း ဖြစ်ပါတယ်။ ဘဝတစ်လျှောက်ပျော်ရွှင်ချမ်းမြေ့ပါစေ မင်းသမီးလေးရေ…
Zawgyi ဖြင့်ဖတ်ရန်

အစ္မျဖစ္သူရဲ႕ကိုယ္ထိလက္ေရာက္ႏွိပ္စက္မႈေတြကို ခံခဲ့ရတဲ့ငယ္ဘဝအေၾကာင္းေျပာျပလာတဲ့ မင္းသမီး Han Ga In
Han Ga In ကေတာ့ ပရိသတ္ေတြေရွ႕စတင္ေပၚထြက္လာခ်ိန္ကတည္းကအလြန္လွပတဲ့႐ုပ္ရည္ေၾကာင့္ ပရိသတ္ေတြအသိအမွတ္ျပဳျခင္းကိုခံရတာပါ။ သူကေတာ့ မင္းသား Yeon Jung Hoon နဲ႔လက္ထပ္ထားၿပီးေတာ့ သားသမီးႏွစ္ေယာက္လည္း ရွိပါတယ္။ Han Ga Inကေတာ့ ႐ုပ္ရည္လွပၿပီးနာမည္ေက်ာ္မင္းသမီးျဖစ္ကာ သာယာတဲ့အိမ္ေထာင္ေရးကိုပိုင္ဆိုင္ထားေပမဲ့ ဆိုးဝါးတဲ့ငယ္ဘဝကိုျဖတ္သန္းခဲ့ရတာပါ။


Han Ga Inကေတာ့ ငယ္႐ြယ္တဲ့အခ်ိန္မွာဖခင္ကပစ္ထားခဲ့တာခံခဲ့ရၿပီး မၾကာခဏညႇင္းပန္းႏွိပ္စက္မႈေတြလုပ္တဲ့ အစ္မျဖစ္သူနဲ႔ေနထိုင္ခဲ့ရတာပါ။ အစ္မျဖစ္သူကေတာ့ အႀကိမ္ေပါင္းမ်ားစြာ႐ိုက္ခဲ့တာပါ။ ဆံပင္ေတြကို ေဆာင့္ဆြဲ၊ ဝမ္းဗိုက္ကို႐ိုက္၊ ေျခေခ်ာင္းေတြကိုေသြးထြက္ေအာင္႐ိုက္တာေတြကို ခံခဲ့ရတာပါ။ အစ္မျဖစ္သူကေတာ့သူ႔ကို ျပဳစုပ်ိဳးေထာင္သူေတြထဲကတစ္ေယာက္ျဖစ္ၿပီး ႏွိပ္စက္ညႇင္းပန္းခဲ့တဲ့သူလည္း ျဖစ္ပါတယ္။ အစ္မျဖစ္သူကသင္ေပးတာေၾကာင့္ မူႀကိဳေက်ာင္းကိုမတက္ခဲ့ရဘဲ သူငယ္ခ်င္းေတြဆီကအကၡရာေတြကို ခိုးေၾကာင္ခိုးဝွက္သင္ယူခဲ့ရတယ္လို႔ ဆိုပါတယ္။
လက္ထပ္တာေတာင္မွ အစ္မျဖစ္သူရဲ႕အရင္လက္ထပ္ဖို႔ခြင့္မျပဳတာေၾကာင့္ သူမဂၤလာေဆာင္ၿပီး (၄) လၾကာမွ လက္ထပ္ခဲ့ရတာလည္း ျဖစ္ပါတယ္။ဒါေပမဲ့လည္း မင္းသမီး Han Ga In ကေတာ့ ငယ္ဘဝကနာက်င္ခဲ့ရေပမဲ့ ေႏြးေထြးစြာခ်စ္ေပးခဲ့တဲ့ခင္ပြန္းျဖစ္သူ Yeon Jung Hoon နဲ႔လက္ထပ္ခဲ့ရတာေၾကာင့္ ကံေကာင္းခဲ့တာလည္း ျဖစ္ပါတယ္။ ဘဝတစ္ေလွ်ာက္ေပ်ာ္႐ႊင္ခ်မ္းေျမ့ပါေစ မင္းသမီးေလးေရ…